Breaking News
(၉မမ) ပစ္စတို နိုင်ငံထဲမှာ ဘယ်သူတွေ ဘယ်တပ်ဖွဲ့တွေကိုင်သလဲ...? ပစ်သတ်သော အကြမ်းဖက်သမားကိုင်ဆောင်သည့် လက်နက်ကို စရှင်းပြီ ..။ . အပြည့်အစုံ...
Loading...
====================
Unicode>>>
ပစ်သတ်သော အကြမ်းဖက်သမားကိုင်ဆောင်သည့် လက်နက်ကို စရှင်းပြီ ပစ်ခတ်ခဲ့သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောမမာန် စားသောက်ဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ပစ္စတို (၉-မမ) တစ်လက်၊ ကျည် ကိုးတောင့်၊ ၅ လုံးပြူး သေနတ် တစ်လက်၊ ကျည် လေးတောင့်တို့အား ဖမ်းဆီးရမိခဲ့ ဆိုတာ အားလုံးအသိ…. (၉မမ) ပစ္စတို နိုင်ငံထဲမှာ ဘယ်သူတွေဘယ်တပ်ဖွဲ့တွေ ကိုင်သလဲ၊? (၉မမ) ပစ္စတိုဟာ ပြည်တွင်းဖြစ်မဟုတ်ပါဘူး ..(…….)နိုင်ငံက ဝယ်ယူပါတယ် မြန်မာပြည်ထဲကို ကုန်သယ်တစ်ဦးတစ်ယောက် နောက်ခံနဲ့ သွင်းတဲ့ သေနတ် အမျိုးစားမဟုတ်ပါ။ အဲဒီသေနတ် ကျဉ်အိမ်က မြန်မာပြည်မှာ ၁၀ တောက်ကျဉ်ဆံပဲ ထည့်လို့ရတဲ့ အတွင်းသွတ်သွင်း ကျဉ်အိမ်အမျိုးစားဖြစ်ပါတယ်။ အခု ကိုးတောက်ကျန်တဲ့ ကျဉ်ဆံဖြစ်နေလျင် ကျဉ်အိမ်တွင် ကျဉ်ဆံ အပြည့် အသေခြာထည့်ပြီး မသေမခြင်း လုပ်ကြံ သတ်ဖြတ်ဖို့ စနစ်တကျ စီစဉ်ခြင်း ဖြစ်ပါတယ်။ ကျဉ်ဆံကတော့ ကပစ မှ ထုတ်ပါတယ်။ (၉ မမ) ပစ္စတို တိုင်းမှာ သေနတ်ရဲ့ ထုတ်လုပ်မှု စီရီရယ် နံပါတ်ပါ ပါတယ် အဆိုပါ သေနတ်ကိုင်သူတွေက အဆိုပါ စီရီရယ် နံပါတ်နဲ့ ပူးတွဲပြီး ကိုင်ဆောင်မှု မှတ်တမ်းမှာ ရေးဖြည့်ထားကြပါတယ်။ သိရသလောက်တော့ (၉ မမ) ပစ္စတို တစ်လက်ကို ဥပမာအရ (၅) ဦး က ရာထူးအလိုက် သို့မဟုတ် နယ်မြေ လုံခြုံရေး ကိစ္စအလိုက် ကိုင်တွယ်ခွင့် ရသော အရာရှိများ ဖြစ်ခဲ့လျင် အဆိုပါ သေနတ်အား ထုတ်ယူ ကိုင်ဆောင်မှု မှတ်တမ်းတွင် မည်သူက မည်သည့် နေ့ရက်တွင် ထုတ်ယူ ကိုင်ဆောင်သည်ဆိုတဲ့ မှတ်တမ်း ရှိပါတယ်။။ အဲဒါ တပ်မတောတ်မှ အရမ်းတင်းကြပ်တဲ့ စည်းကမ်းပါ …အရင်ကနေ အခုထိကို ရှိပါတယ် … နောက်တစ်ခု (၅) လုံးပြူ းဆုံလည်သေနတ်ဟာ ထူးထူးခြားခြား မြန်မာပြည်၏ နယ်စပ်မှာ ထုတ်တဲ့ သေနတ်အမျိုးစားဖြစ်ပါတယ် သူ့ကိုလည်း (၉ မမ) ပစ္စတို ကျဉ်ဆံနဲ့ ထည့်သွင်း ပတ်ခတ်လို့ရအောင် ထုတ်ထားပြီး နှစ်စဉ် အန္ဒိယ မြန်မာ နယ်စပ်က နာဂ သူပုန်တွေကို ရောင်းချတဲ့ မှောင်ခိုလက်နက် တစ်ခု ဖြစ်ပါတယ်။ သို့ဆိုလျင် လုပ်ကြံသတ်ဖြတ်သူ အကြမ်းဖက် သမားဟာ ဘာကြောင့် သေနတ်နှစ်လက် ကိုင်ထားရသလဲဆိုတာ အသေးစိတ် စုံစမ်းပြီး တင်ပြပါ့မယ်။ အခုကတော့ သေနတ်အကြောင်း အရင် တင်ပြခြင်းပါ။ အကြမ်းဖက်မှုများ ပပျောက် ကျဆုံးပါစေ ဂိုလ်ရှယ်လေး https://www.facebook.com/maha.mingyi/posts/1552679838079577
Loading...