Breaking News

ဦးကိုနီ ကိုလုပ်ကြံသူရဲ့ ဇာတိနေရပ် သိရပြီ


Loading...


ဦးကိုနီ ကိုလုပ်ကြံသူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာ ဇာတိဖြစ်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကိုသေနတ်နဲ့ ပစ်ခဲ့သူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်
စိုင်လျားကျေးရွာ ဇာတိဖြစ်တယ်လို့ သိရပါတယ်။
“မနက်ကတော့ CID ။ ရဲ ။အုပ်ချုပ်ရေးမှုး စရဖ အဖွဲ့တွေ ရွာကိုလာတယ်။ သူတို့အိမ်ကိုသွားတယ်။ ဘာသာရေးအသင်းအဖွဲ့တွေ နိုင်ငံရေးအသင်းအဖွဲ့တွေနဲ့ ဆက်နွယ်မှု့ရှိမရှိမေးတယ်” လို့
စိုင်လျားကျေးရွာက ဒေသခံတဦးကပြောပါတယ်။
ဦးကြည်လင်းလို့ အများကသိနေပေမယ့် သူ့ရဲ့ရွာမှာ သိကြတဲ့နာမည်ကတော့ ဦးဖိုးတူးဖြစ်ပါတယ်။ ကျေးရွာကနေ အသက် ၂၀ လောက်ကတည်းက ထွက်သွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကမှ
ရွာကိုပြန်ရောက်လာတာလို့ သိရပါတယ်။
“ရွာမှာနေတုန်းက အကောင်းပဲ တောင်သူလုပ်ငန်းကိုကောင်းကောင်းလုပ်တယ်။ တခါတလေတော့ ရွာကနေ ၄ ။၅ ရက်လောက်ပျောက်သွားတက်တယ်။သူရွာကထွက်သွားတာ ၅ လလောက်ပဲရှိသေးတယ်။” လို့ ဒေသခံရွာသားက ဦးကြည်လင်း ခေါ် ဦးဖိုးတူးအကြောင်း
ကိုပြောပြပါတယ်။
ဦးကြည်လင်းဟာ မွေးချင်း ၆ ယောက်မှာ အကြီးဆုံးဖြစ်ကာ ကျန်တဲ့မွေးခြင်း အားလုံးက ရွာမှာနေထိုင်ကြပါတယ်။ဖခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကဆုံးပါးခဲ့တာဖြစ်ပြီး အမေက တော့ အသက် ၈၃ နှစ်အရွယ်ရှိကာ မိသားစုနဲ့ အတူနေထိုင်တယ်လို့သိရပါတယ်။
မနက်လာမေးကြတော့ သူ့မိသားစုဝင်တွေကလည်း သူရွာကနေထွက်သွားတော့ ဘာတွေလုပ်နေလဲဆိုတာ မသိဘူးလို့ ပြောတယ်။ ရွာမှာလည်း ၂ နှစ်လောက်ပဲ နေတာဆိုတော့ အိမ်ထောင်တော့ရွာမှာမရှိဘူး။ သူတို့မိသားစုက အပြင်နဲ့လည်း အဆက်ဆံနည်းတယ် ။ ကျနော် အသက်တောင် ၃၈ နှစ်ရှိပြီ ။ အရင်နှစ် သူရွာမှာ လာနေမှမြင်ဖူးတာ လို့ ဒေသခံ ရွာသားကပြောပါတယ်။
Kumudra
Loading...