Breaking News




Loading...










-ရေမွှေး

  လိုအပ်ပါတယ်။



ပြောရမယ်။

Online ပေါ်တင်ပေးတဲ့


                                **   ရဲထက်မွန်  **
#thadinatin

Unicode

တစ်စုံတစ်ယောက်ကိုအိမ်မက်ပေးချင်လျှင် [ တယ်လီပသီ ]
============================
( စာရှည်လို့ပျင်းရင်မဖတ်ပါနဲ့ကျော်သွားပါ )

တစ်စုံတစ်ယောက်ကိုညဖက်အိပ်ယာဝင်ခါနီးအချိန်ပြင်းပြင်းထန်ထန်သတိရပြီးအိပ်ပျော်ခဲ့တဲ့အဖြစ်မျိုးတွေအကြိမ်ရေများလာတဲ့အခါကိုယ်တွေးတောသတိရမိတတဲတဖက်သူမှာမထင်မှတ်ထားပဲကိုယ့်အကြောင်းကိုအိမ်မက်တွေမက်တတ်တယ်။ပြောရမယ်ဆိုဒါကလည်းတယ်လီပသီနည်းတစ်မျိုးပါ။

ဒါမှမဟုတ်နေ့တိုင်းအမှတ်တမဲ့လေးခဏခဏသတိရတဲ့အခါတွေမှာလည်းထိုသူကိုယ့်အကြောင်းကိုအိမ်မက်မြင်မက်တတ်ပါတယ်။

ဒါပေမယ့်ထိုသူအိမ်မက်မြင်မက်တဲ့အခါတိကျရေရာတဲ့အိမ်မက်မျိုးတော့မဟုတ်ပဲတောင်စဉ်ရေမရပုံစံမျိုးပဲမြင်မက်ပါလိမ့်မယ်။

အိမ်မက်တွေနဲ့လူတစ်ယောက်ကိုခြောက်လှန့်လို့ရတယ်။
အိမ်မက်တွေနဲ့လူတစ်ကိုပြောင်းလဲစေနိုင်တယ်။
အိမ်မက်တွေနဲ့ပဲလူတစ်ယောက်ကိုဆွဲဆောင်နိုင်တယ်။

ကျွန်တော်အခုပြောပြပေးမယ့်နည်းလမ်းလေးကတော့
တိတိကျကျကိုယ်မြင်မက်စေချင်တဲ့အကြောင်းအရာမျိုး
(သို့)ကိုယ့်ခံစားချက်နဲ့ပတ်သက်တာမျိုးလေးအိမ်မက်မြင်မက်စေတာမျိုးပါ။
လက်တွေ့လေ့ကျင့်ဖို့လည်းလွယ်ပါတယ်ကိုယ့်မိတ်ရင်းဆွေရင်းသူငယ်ချင်းတွေနဲ့စတင်ပြီးလေ့ကျင့်ပါ
နောက်ပိုင်းလွယ်ကူသွားပါလိမ့်မယ်။တစ်ခေါက်တစ်လေနဲ့တော့ဘယ်သူမှမရနိုင်ပါဘူး။

လေ့ကျင့်ဖို့အတွက်လိုအပ်တာတွေကတော့ . . . . . .

-ဘော့ပင်တစ်ချောင်း စာရွက်လေးတစ်ရွက်

-ဖယောင်းတိုင်လေးတစ်တိုင်

-ရေမွှေး

-ကိုယ်လက်ဆေးကျောသန့်စင်ပြီးစိတ်ကိုကြည်လင်နေဖို့
  လိုအပ်ပါတယ်။

အရင်ဦးဆုံးမိမိအိပ်ယာဝင်ခါနီးအချိန်မှာကိုယ်လက်ဆေးကျောသန့်စင်ပြီးစိတ်တည်ငြိမ်မှုရစေမယ့်ဘုရားရှစ်ခိုးတာဖြစ်
ဖြစ်ဂုဏ်တော်ရွတ်ဖတ်တာဖြစ်ဖြစ်တရားထိုင်ခြင်းတစ်ခုခုကိုဦးစွာပြုလုပ်ဖို့လိုအပ်ပါတယ်။

မိမိစိတ်ကြည်လင်သွားပြီဆိုတာနဲ့အခန်းမီးပိတ်လိုက်ပါ
ဖယောင်းတိုင်လေးထွန်းညှိပြီး
အခန်းပတ်လည်ရေမွှေးလေးဖြန်းပါထိုသို့ပြုပြီးလျှင်
စာရွက်လေးပေါ်မှာကိုယ်အိမ်မက်ပေးချင်တဲ့လူနာမည်လေးကိုဖြည်းဖြည်းနဲ့ထင်ထင်ရှားရှားလေးရေးပြီး
ခေတ္တခဏလောက်ထိုရေးထားတဲ့
နာမည်လေးကိုကြည့်ပြီးကိုယ်သူ့ကိုပြောချင်တဲ့အကြောင်းအရာလေးတွေစဉ်းစားပါ။

အရေးကြီးတဲ့အချက်ကတော့ကိုယ်ပြောချင်တဲ့အရာတွေကရှင်းလင်းပြတ်သားနေရမယ်။ဟိုဟာလိုလိုဒီဟာလိုလိုဖြစ်မနေရဘူးဆိုလိုရင်းကိုတတ်နိုင်သမျှလေးရှင်းလင်းနေဖို့လိုအပ်တယ်။ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေစဉ်းစားမိပြီဆို
ရင်စာရွက်လေးပေါ်မှာချရေးပါ။ပြီးလျှင်စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားပြီးမိမိရေးထားခဲ့တဲ့အကြောင်းအရာလေးကိုခပ်ဖြည်းဖြည်းပြန်လည်ဖတ်ပါ။
ထို့နောက်မျက်စိလေးနှစ်ဖက်အားဖြည်းညှင်းစွာမှိတ်ပြီး
နှုတ်ကနေခပ်တိုးတိုးဖြစ်နေရင်တောင်ကြည်လင်ပြတ်သား
တဲ့လေသံလေးနဲ့ကိုယ်အိမ်မက်ပေးပို့လိုသူမျက်နှာကို
မိမိအာရုံမှာမြင်အောင်ပုံဖော်ကြည့်ပြီးထိုသူကိုပြောနေသလို
ပြောရမယ်။
ထိုကဲ့သို့မိမိရေးထားတဲ့အကြောင်းအရာကိုသုံးခေါက်လောက်ပြောပါ။အရေးကြီးတာကတော့ခပ်ဖြည်းဖြည်းပြောပါ
စိတ်ရှည်ပါလို့ပဲမှာချင်ပါတယ်နောက်တစ်ချက်ကတော့
ယုံကြည်မှုအပြည့်ရှိပါ။
သုံးခေါက်လောက်ပြောပြီးရင်တော့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပြီးဖယောင်းတိုင်မီးလေးကိုငြိမ်းလိုက်ပါ။
ထို့အတူအခြားသောမည်သည့်အကြောင်းအရာကိုမှမတွေးတောပဲအိပ်ယာဝင်ပါ။ထိုအချက်အရေးအကြီးဆုံးပါပဲအိပ်ယာဝင်ခါနီးမှာမည်သည့်အခြားအကြောင်းမှလျှောက်ပြီး
တောင်တောင်အီအီမတွေးမိဖို့ပါပဲ။
ဒါဆိုရင်သင့်ရဲ့အိမ်မက်ပို့ခြင်းကအောင်မြင်ဖို့ 75% ပထမဆုံးအချိန်မှာပဲသေချာသွားပါပြီ။

တဖြည်းဖြည်းနဲ့လေ့ကျင့်လို့အဆင်ပြေလာတဲ့အခါ
ထိုနည်းလမ်းဖြင့်ပဲလူတစ်ယောက်ကိုကောင်းသောအိမ်မက်
တွေမြင်မက်ပေးနိုင်သလိုကိုယ်မနှစ်မြို့တဲ့လူတွေကိုလည်း
မကောင်းသောအိမ်မက်ဆိုးများမြင်မက်စေပြီး
ခြောက်လှန့်ခြင်းပါပြုလုပ်နိုင်ပါတယ်။
ဒါကတော့ကျန်တာခင်များတို့အပိုင်းပါပဲ။
ကျွန်တော့်အနေနဲ့  A to Z မှော်ပညာရပ်တွေထဲကမှ
တိတ်တဆိတ်သင်ကြားရတဲ့ပညာရပ်တွေကို
Online ပေါ်တင်ပေးတဲ့
အတွက်ပေါပေါပဲပဲဖြစ်နေလိမ့်မယ်ဆိုတာနားလည်ပါတယ်။
တကယ်သာလုပ်ပါတကယ်ဖြစ်ပါလိမ့်မယ်
ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးတွေမှအိမ်မက်ပေးနိုင်တာမဟုတ်ပါဘူး။ခင်များတို့လည်းပဲအခြားသောတစ်စုံတစ်ယောက်ကို
အိမ်မက်ပေးနိုင်ပါတယ်။
ယူတတ်သူပဲရပါလိမ့်မယ်။

ချစ်သောမျက်စိဖြင့်သာ . . . . .

                                **   ရဲထက်မွန်  **
Loading...