တစ္ပြင့္နဲ႔ ဗိုလ္ေလး (ေလဆိပ္လံုၿခံဳေရးရဲ) က လူသတ္သမားကို ေသနတ္နဲ႔ ပစ္လိုက္ရင္ ကိုေနဝင္း မေသဘူး၊

_________________________________________________________


ရန္ကုန္ေလဆိပ္ႏွင့္ ပတ္သက္ဖူးသူ၊ ဝင္ထြက္ဖူးသူ အမ်ားစုသည္ ေလဆိပ္ တကၠစီေမာင္းသူမ်ားကို နာမည္ဆိုးျဖင့္သာ မွတ္မိၾကသည္။

ကားခ အဆမတန္ ေဈးေတာင္းသူ၊ ခရီးသည္ေတြအေပၚ အျမတ္ထုတ္သူ၊ ကားေတြပိတ္ၿပီး ခရီးသည္ေတြ အလုအယက္ေခၚသူ စသည့္ အဆင္မေျပမႈတို႔ျဖင့္သာ သူတို႔ကို မွတ္မိၾကသည္။

ထိုသို႔ နာမည္ဆိုးျဖင့္ သမုတ္ခံရျခင္းမ်ားကို ေလဆိပ္တကၠစီ ယာဥ္ေမာင္း တစ္ဦးျဖစ္သည့္ ကိုေနဝင္းက ေျပာင္းျပန္ လွန္လိုက္ၿပီး လူထု၏ အသိအမွတ္ျပဳမႈ မ်ားစြာကို သိမ္းပိုက္လိုက္ႏိုင္သည္။

ကိုးမီလီမီတာ ပစၥတို ေသနတ္ျဖင့္ ေရွ႕ေန ဦးကိုနီကို သတ္သူကို အုတ္ခဲက်ိဳး တစ္ပိုင္းျဖင့္ ခုခံဖို႔ ႀကိဳးစားရင္း အသက္ ေပးသြားခဲ့သည္။

သူ၏ အသက္ကိုစြန္႔ၿပီး ေသနတ္သမားကို ဟန္႔တားႏိုင္မႈမွာ လုပ္ႀကံသူကို ဖမ္းမိႏိုင္ေရးအတြတ္ အေထာက္အကူ ႀကီးမားစြာ ျဖစ္ေၾကာင္းလည္း ဝိုင္းဝန္း ဖမ္းဆီးခဲ့သူ ရန္ကုန္ေလဆိပ္ တကၠစီေမာင္းသူတို႔က ေျပာသည္။

သို႔ေသာ္ သူကား မၾကားႏိုင္ေတာ့။

သူေနထိုင္ရာ ၁၅ ေပ ပတ္လည္ သြပ္မိုး ပ်ဥ္ေထာင္ေနအိမ္ထဲ လူေတြက အျပည့္၊ ဘုရားစင္ေဘး နံရံေထာင့္ရွိ စားပြဲခံုေသး တစ္လံုးေပၚ ေထာင္ထားသည့္ ေသဆံုးသူ ကိုေနဝင္း၏ ဓာတ္ပံုအနီး ဇနီးျဖစ္သူက ငိုေၾကြးလ်က္ အားေပးစကား လာေျပာသည့္ ဧည့္သည္မ်ားႏွင့္ ေတြ႔ဆံုေနသည္။

“သူ ေသနတ္နဲ႔ ပစ္မခံရခင္ ကြ်န္မက ေဈးလိုက္ပို႔ဖို႔ ဖုန္းဆက္ေခၚခဲ့တယ္၊ သူက ကားဆြဲဦးမယ္၊ လိုက္မပို႔ေတာ့ဘူး ေျပာတာေၾကာင့္ ကြ်န္မဘာသာ ဆိုင္ကယ္နဲ႔ ေဈးသြားခဲ့တယ္၊ ေဈးေရာက္ေရာက္ခ်င္း သူ ေသနတ္နဲ႔ ပစ္ခံရတယ္ သတင္း ၾကားမိလို႔ ေဆး႐ံုအမီ ေျပးလိုက္ေပမယ့္ အသက္ မမီလိုက္ဘူး”ဟု မ်က္ရည္မ်ား ရႊဲနစ္လ်က္ လူမမည္ ကေလးသံုးေယာက္ မိခင္ မစုသက္ခိုင္က ေျပာသည္။

ဆီးစပ္တြင္ ရရွိခဲ့ေသာ က်ည္ဒဏ္ရာျဖင့္ ေသဆံုးခဲ့သူ အသက္ ၄၈ ႏွစ္ ကိုေနဝင္း(ခ) ကိုဝင္းလြင္မွာ ဇန္နဝါရီလ ၂၉ ရက္ ညေနပိုင္းက ရန္ကုန္ေလဆိပ္တြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) မွ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီအား ေသနတ္ႏွင့္ အနီးကပ္ ပစ္ခတ္လုပ္ႀကံခဲ့သူ ၾကည္လင္းကို ဝင္ဖမ္းရာမွ ပစ္သတ္ခံရသူ ျဖစ္သည္။

“ကိုေနဝင္းက စိတ္ရင္းေကာင္းတယ္၊ မဟုတ္မခံ စိတ္ရွိၿပီး တစ္ဖက္သားအေပၚ ကူညီတတ္သူ တစ္ေယာက္ပါ၊ သူ႔ေရွ႕မွာ အျမင္မေတာ္တာ ေတြ႔ရင္ ဝင္ကူညီတတ္တယ္၊ ရန္ပြဲေတြ႔ရင္ ဝင္ကူဆြဲလို႔ ထိုးခံရတာလည္း အႀကိမ္ မနည္းဘူး၊ ေနရာတကာ ဝင္မပါနဲ႔ ဓားထိုးခံရမယ္လို႔ ကြ်န္မတို႔က သူ႔ကို သတိေပးဖူးတယ္၊ ဒီလို ေသနတ္နဲ႔ ပစ္သတ္ခံရမယ္ အထိေတာ့ မေတြးမိဘူး”ဟု ေသဆံုးသူ ကိုေနဝင္း၏ မရီးေတာ္စပ္ေသာ မပန္းအိမြန္က ဆိုသည္။

ေမြးခ်င္းေပါက္ သားေလးေယာက္တြင္ တတိယေျမာက္ သားျဖစ္သူ ကိုေနဝင္းမွာ လြန္ခဲ့သည့္ ကိုးႏွစ္က မစုသက္ခိုင္ႏွင့္ အိမ္ေထာင္က်ၿပီး သားသံုးဦး ထြန္းကားခဲ့သည္။

ရန္ကုန္ေလဆိပ္ဝင္းတြင္ အငွားယာဥ္ ေမာင္းေနသည္မွာ တစ္ႏွစ္နီးပါး ရွိခဲ့ၿပီး လုပ္ေဖာ္ကိုင္ဖက္မ်ားအေပၚ အၿမဲစေနာက္၍ ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္ေၾကာင္း ယင္းေလဆိပ္ဝင္းရွိ အငွားယာဥ္ေမာင္းမ်ားက ဆိုသည္။

“တစ္ပြင့္နဲ႔ ဗိုလ္ေလး (ေလဆိပ္လံုၿခံဳေရးရဲ) က လူသတ္သမားကို ေသနတ္နဲ႔ ပစ္လိုက္ရင္ ကိုေနဝင္း မေသဘူး၊ ဦးကိုနီကို ေသနတ္နဲ႔ ပစ္လိုက္ခ်ိန္ ကြ်န္ေတာ္နဲ႔ ယာဥ္ေမာင္း တစ္ေယာက္ရယ္ Capital 1 မွာ တာဝန္က်ေနတဲ့ တစ္ပြင့္နဲ႔ ဗိုလ္ေလးရယ္ အနားမွာ အတူရွိေနတာ လူသတ္သမားနဲ႔ ၁၅ ေပေလာက္ပဲ ကြာတယ္၊ ဗိုလ္ေလးက ခါးၾကားက သူ႔ေသနတ္နဲ႔ ထုတ္ခ်ိန္ေတာ့ လူသတ္သမားက ေသနတ္နဲ႔ ျပန္ခ်ိန္ၿပီး ငါ့ကိုပစ္ရင္ မင္းကို ျပန္ပစ္မွာလို႔ ေျပာတယ္၊ ဗိုလ္ေလးက လက္ေတြ တုန္ေနတာ လူသတ္သမားရဲ႕ ေအာက္ပိုင္းကို ေသနတ္နဲ႔ မပစ္ဘူးဗ်ာ၊ က်ည္ပဲ မရွိတာလား၊ မပစ္ရဲတာလားမသိဘူး၊ ဗိုလ္ေလးက ျပန္လွည့္ထြက္သြားတယ္၊ သတင္း သြားပို႔တာ ျဖစ္မယ္၊ တကယ္လို႔ သူသာ လူသတ္သမားကို ပစ္ခဲ့ရင္ ကိုေနဝင္း မေသဘူး”ဟု လူသတ္သမားကို ဖမ္းဆီးစဥ္ ပါဝင္ခဲ့သူ ေလဆိပ္ဝင္းမွ အငွားယာဥ္ေမာင္း ကိုသီဟက ရွင္းျပသည္။

ကိုသီဟမွာ ယင္းေန႔ညေနက ေလဆိပ္ဝင္းတြင္ ယာဥ္ငွားမည့္ ခရီးသည္ေစာင့္ေနစဥ္ ေရွ႕ေန ဦးကိုနီ (ယခုမွ ဦးကိုနီမွန္း သိခဲ့သူ)အား ကားငွား မလားဟု ေမးျမန္းခဲ့ေၾကာင္း၊ ဦးကိုနီက မငွားေၾကာင္း ေခါင္းခါျပသျဖင့္ အျခား ခရီးသည္မ်ားဘက္ လွည့္ၾကည့္ေနစဥ္ ဒိုင္းဟု ျမည္သံၾကားၿပီးေနာက္ ဦးကိုနီမွာ ကေလးငယ္ကို ခ်ီလ်က္ ေျမျပင္ေပၚသို႔ လဲက်ခဲ့ေၾကာင္း ၎က ဆိုသည္။

“ေသြးေတြ ေခါင္းေပၚမွာ ဖြာထြက္သြားၿပီး ဦးကိုနီက လဲက်သြားတာ၊ လူသတ္သမားက ထြက္ေျပးခ်ိန္ ကြ်န္ေတာ္နဲ႔ အငွားယာဥ္ေမာင္းက ဖိနပ္ခြ်တ္ၿပီး သူ႔လိုက္ဖမ္းတယ္၊ သူက ေသနတ္နဲ႔ ပစ္ေျပးတယ္၊ ေလဆိပ္ ေအာက္ပတ္လမ္းဘက္ သူက ဆင္းေျပးရင္း ကိုေနဝင္းရွိတဲ့ ကားပါကင္နား အေရာက္မွာ သူ႔လက္ထဲက ေသနတ္ကို လြယ္အိတ္ထဲ ထည့္လိုက္တယ္၊ ဒါကို ကိုေနဝင္းက မျမင္လိုက္ဘူး၊ ခဲကိုင္ၿပီး ကိုေနဝင္းက ထြက္လာေတာ့ ကြ်န္ေတာ္က ကိုေနဝင္းကို သူ႔အနားမကပ္နဲ႔ ေသနတ္ပါတယ္ လွမ္းေအာ္တာ၊ ဒါေပမဲ့ မမီလိုက္ဘူး၊ ဟိုလူက ေသနတ္နဲ႔ ပစ္လိုက္တာ သူ႔ဆီးစပ္မွန္သြားတယ္”ဟု ကိုသီဟက ရွင္းျပသည္။

ေသနတ္ပစ္ခတ္သူ အမ်ိဳးသားမွာ အငွားယာဥ္တစ္စီးကို ေသနတ္ျဖင့္ခ်ိန္၍ ယာဥ္ေပၚတက္စဥ္ လိုက္ဖမ္းသည့္ အငွားယာဥ္ေမာင္းအဖြဲ႔မွ တစ္ဦး၏ ပစ္လိုက္သည့္ ရႊံ႕ခဲမွာ ၎၏ မ်က္ႏွာကို ထိမွန္ခ်ိန္ က်န္လူမ်ားက ဝင္လံုးေထြးကာ ေသနတ္ လုယူခဲ့ေၾကာင္း၊ ယင္းေနာက္ ၎ကို ဝိုင္းထိုးႀကိတ္ ကန္ေက်ာက္ေနစဥ္ ရဲတပ္ဖြဲ႔က ေရာက္ရွိလာၿပီး မိုးေပၚ ေသနတ္ႏွစ္ခ်က္ ပစ္ေဖာက္၍ လူစုခြဲခဲ့ေၾကာင္း ရန္ကုန္ေလဆိပ္ရွိ အငွားယာဥ္ေမာင္းမ်ားထံမွ သိရသည္။

က်ည္မွန္ဒဏ္ရာျဖင့္ ေသဆံုးခဲ့ေသာ ကိုေနဝင္းမွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေျခာက္ေကြ႔ မွတ္တိုင္အနီး ေနထိုင္သည့္ ဖီဒါ အငွားယာဥ္ ပိုင္ရွင္ထံမွ လေပးျဖင့္ ယာဥ္ယူေမာင္းေနသူျဖစ္ၿပီး အခမဲ့ယာဥ္မ်ား ၿမိဳ႕တြင္းေျပးဆြဲစဥ္ ဝင္ေရာက္ ကူညီခဲ့သူလည္း ျဖစ္သည္။

ယင္းအျပင္ ေလဆိပ္မွ ၿမိဳ႕ထဲသို႔ အငွားယာဥ္ လိုက္ပါရသည့္အခါ အျပန္ခရီးတြင္ ကိုးမိုင္အထိ ခရီးသြားလာမႈ အဆင္ မေျပသူမ်ားကို အခမဲ့ယာဥ္ေပၚသို႔ တင္ေဆာင္ၿပီး ပို႔ေဆာင္ေပးေနသူလည္း ျဖစ္ေၾကာင္း ၎၏ လုပ္ေဖာ္ကိုင္ဖက္ ယာဥ္ေမာင္းမ်ားက ဆိုသည္။

အငွားယာဥ္ေမာင္း ကိုေနဝင္း၏ ဝင္ေငြျဖင့္ ဇနီးႏွင့္ လူမမည္ကေလးငယ္ သံုးဦးမွာ မွီခိုရပ္တည္ေနရသည္။

ေရွ႕ေန ဦးကိုနီ လုပ္ႀကံခံရမႈမွ တရားခံကို အသက္ေပး ဖမ္းဆီးခဲ့သူ ကိုေနဝင္း ေနထိုင္ရာ မဂၤလာဒံုၿမိဳ႕နယ္၊ ႀကံခင္းစုရပ္ကြက္၊ ျမေတာင္ညိဳ(၁)လမ္းရွိ သူေနထိုင္ရာ နာေရးအိမ္တြင္ေတာ့ အားေပးသူ၊ ကူညီ ေထာက္ပံ့ေပးသူမ်ားႏွင့္ သတင္းေမးသူမ်ားက ျပည့္ေနသည္။

ဧည့္သည္မ်ား အၾကားတြင္ေတာ့ တီးတိုး စကားသံမ်ား ပ်ံ႕ႏွံ႔ေနသည္က သူရဲေကာင္းဆန္စြာ ေကာင္းေသာ ေသျခင္းတရားျဖင့္ အသက္ဆံုး႐ံႈးခဲ့သူ ဟူသတည္း။

The voice


ရန်ကုန်လေဆိပ်နှင့် ပတ်သက်ဖူးသူ၊ ဝင်ထွက်ဖူးသူ အများစုသည် လေဆိပ် တက္ကစီမောင်းသူများကို နာမည်ဆိုးဖြင့်သာ မှတ်မိကြသည်။

ကားခ အဆမတန် ဈေးတောင်းသူ၊ ခရီးသည်တွေအပေါ် အမြတ်ထုတ်သူ၊ ကားတွေပိတ်ပြီး ခရီးသည်တွေ အလုအယက်ခေါ်သူ စသည့် အဆင်မပြေမှုတို့ဖြင့်သာ သူတို့ကို မှတ်မိကြသည်။

ထိုသို့ နာမည်ဆိုးဖြင့် သမုတ်ခံရခြင်းများကို လေဆိပ်တက္ကစီ ယာဉ်မောင်း တစ်ဦးဖြစ်သည့် ကိုနေဝင်းက ပြောင်းပြန် လှန်လိုက်ပြီး လူထု၏ အသိအမှတ်ပြုမှု များစွာကို သိမ်းပိုက်လိုက်နိုင်သည်။

ကိုးမီလီမီတာ ပစ္စတို သေနတ်ဖြင့် ရှေ့နေ ဦးကိုနီကို သတ်သူကို အုတ်ခဲကျိုး တစ်ပိုင်းဖြင့် ခုခံဖို့ ကြိုးစားရင်း အသက် ပေးသွားခဲ့သည်။

သူ၏ အသက်ကိုစွန့်ပြီး သေနတ်သမားကို ဟန့်တားနိုင်မှုမှာ လုပ်ကြံသူကို ဖမ်းမိနိုင်ရေးအတွတ် အထောက်အကူ ကြီးမားစွာ ဖြစ်ကြောင်းလည်း ဝိုင်းဝန်း ဖမ်းဆီးခဲ့သူ ရန်ကုန်လေဆိပ် တက္ကစီမောင်းသူတို့က ပြောသည်။

သို့သော် သူကား မကြားနိုင်တော့။

သူနေထိုင်ရာ ၁၅ ပေ ပတ်လည် သွပ်မိုး ပျဉ်ထောင်နေအိမ်ထဲ လူတွေက အပြည့်၊ ဘုရားစင်ဘေး နံရံထောင့်ရှိ စားပွဲခုံသေး တစ်လုံးပေါ် ထောင်ထားသည့် သေဆုံးသူ ကိုနေဝင်း၏ ဓာတ်ပုံအနီး ဇနီးဖြစ်သူက ငိုကြွေးလျက် အားပေးစကား လာပြောသည့် ဧည့်သည်များနှင့် တွေ့ဆုံနေသည်။

“သူ သေနတ်နဲ့ ပစ်မခံရခင် ကျွန်မက ဈေးလိုက်ပို့ဖို့ ဖုန်းဆက်ခေါ်ခဲ့တယ်၊ သူက ကားဆွဲဦးမယ်၊ လိုက်မပို့တော့ဘူး ပြောတာကြောင့် ကျွန်မဘာသာ ဆိုင်ကယ်နဲ့ ဈေးသွားခဲ့တယ်၊ ဈေးရောက်ရောက်ချင်း သူ သေနတ်နဲ့ ပစ်ခံရတယ် သတင်း ကြားမိလို့ ဆေးရုံအမီ ပြေးလိုက်ပေမယ့် အသက် မမီလိုက်ဘူး”ဟု မျက်ရည်များ ရွှဲနစ်လျက် လူမမည် ကလေးသုံးယောက် မိခင် မစုသက်ခိုင်က ပြောသည်။

ဆီးစပ်တွင် ရရှိခဲ့သော ကျည်ဒဏ်ရာဖြင့် သေဆုံးခဲ့သူ အသက် ၄၈ နှစ် ကိုနေဝင်း(ခ) ကိုဝင်းလွင်မှာ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်နှင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းကို ဝင်ဖမ်းရာမှ ပစ်သတ်ခံရသူ ဖြစ်သည်။

“ကိုနေဝင်းက စိတ်ရင်းကောင်းတယ်၊ မဟုတ်မခံ စိတ်ရှိပြီး တစ်ဖက်သားအပေါ် ကူညီတတ်သူ တစ်ယောက်ပါ၊ သူ့ရှေ့မှာ အမြင်မတော်တာ တွေ့ရင် ဝင်ကူညီတတ်တယ်၊ ရန်ပွဲတွေ့ရင် ဝင်ကူဆွဲလို့ ထိုးခံရတာလည်း အကြိမ် မနည်းဘူး၊ နေရာတကာ ဝင်မပါနဲ့ ဓားထိုးခံရမယ်လို့ ကျွန်မတို့က သူ့ကို သတိပေးဖူးတယ်၊ ဒီလို သေနတ်နဲ့ ပစ်သတ်ခံရမယ် အထိတော့ မတွေးမိဘူး”ဟု သေဆုံးသူ ကိုနေဝင်း၏ မရီးတော်စပ်သော မပန်းအိမွန်က ဆိုသည်။

မွေးချင်းပေါက် သားလေးယောက်တွင် တတိယမြောက် သားဖြစ်သူ ကိုနေဝင်းမှာ လွန်ခဲ့သည့် ကိုးနှစ်က မစုသက်ခိုင်နှင့် အိမ်ထောင်ကျပြီး သားသုံးဦး ထွန်းကားခဲ့သည်။

ရန်ကုန်လေဆိပ်ဝင်းတွင် အငှားယာဉ် မောင်းနေသည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များအပေါ် အမြဲစနောက်၍ ပျော်ပျော်နေတတ်သူဖြစ်ကြောင်း ယင်းလေဆိပ်ဝင်းရှိ အငှားယာဉ်မောင်းများက ဆိုသည်။

“တစ်ပွင့်နဲ့ ဗိုလ်လေး (လေဆိပ်လုံခြုံရေးရဲ) က လူသတ်သမားကို သေနတ်နဲ့ ပစ်လိုက်ရင် ကိုနေဝင်း မသေဘူး၊ ဦးကိုနီကို သေနတ်နဲ့ ပစ်လိုက်ချိန် ကျွန်တော်နဲ့ ယာဉ်မောင်း တစ်ယောက်ရယ် Capital 1 မှာ တာဝန်ကျနေတဲ့ တစ်ပွင့်နဲ့ ဗိုလ်လေးရယ် အနားမှာ အတူရှိနေတာ လူသတ်သမားနဲ့ ၁၅ ပေလောက်ပဲ ကွာတယ်၊ ဗိုလ်လေးက ခါးကြားက သူ့သေနတ်နဲ့ ထုတ်ချိန်တော့ လူသတ်သမားက သေနတ်နဲ့ ပြန်ချိန်ပြီး ငါ့ကိုပစ်ရင် မင်းကို ပြန်ပစ်မှာလို့ ပြောတယ်၊ ဗိုလ်လေးက လက်တွေ တုန်နေတာ လူသတ်သမားရဲ့ အောက်ပိုင်းကို သေနတ်နဲ့ မပစ်ဘူးဗျာ၊ ကျည်ပဲ မရှိတာလား၊ မပစ်ရဲတာလားမသိဘူး၊ ဗိုလ်လေးက ပြန်လှည့်ထွက်သွားတယ်၊ သတင်း သွားပို့တာ ဖြစ်မယ်၊ တကယ်လို့ သူသာ လူသတ်သမားကို ပစ်ခဲ့ရင် ကိုနေဝင်း မသေဘူး”ဟု လူသတ်သမားကို ဖမ်းဆီးစဉ် ပါဝင်ခဲ့သူ လေဆိပ်ဝင်းမှ အငှားယာဉ်မောင်း ကိုသီဟက ရှင်းပြသည်။

ကိုသီဟမှာ ယင်းနေ့ညနေက လေဆိပ်ဝင်းတွင် ယာဉ်ငှားမည့် ခရီးသည်စောင့်နေစဉ် ရှေ့နေ ဦးကိုနီ (ယခုမှ ဦးကိုနီမှန်း သိခဲ့သူ)အား ကားငှား မလားဟု မေးမြန်းခဲ့ကြောင်း၊ ဦးကိုနီက မငှားကြောင်း ခေါင်းခါပြသဖြင့် အခြား ခရီးသည်များဘက် လှည့်ကြည့်နေစဉ် ဒိုင်းဟု မြည်သံကြားပြီးနောက် ဦးကိုနီမှာ ကလေးငယ်ကို ချီလျက် မြေပြင်ပေါ်သို့ လဲကျခဲ့ကြောင်း ၎င်းက ဆိုသည်။

“သွေးတွေ ခေါင်းပေါ်မှာ ဖွာထွက်သွားပြီး ဦးကိုနီက လဲကျသွားတာ၊ လူသတ်သမားက ထွက်ပြေးချိန် ကျွန်တော်နဲ့ အငှားယာဉ်မောင်းက ဖိနပ်ချွတ်ပြီး သူ့လိုက်ဖမ်းတယ်၊ သူက သေနတ်နဲ့ ပစ်ပြေးတယ်၊ လေဆိပ် အောက်ပတ်လမ်းဘက် သူက ဆင်းပြေးရင်း ကိုနေဝင်းရှိတဲ့ ကားပါကင်နား အရောက်မှာ သူ့လက်ထဲက သေနတ်ကို လွယ်အိတ်ထဲ ထည့်လိုက်တယ်၊ ဒါကို ကိုနေဝင်းက မမြင်လိုက်ဘူး၊ ခဲကိုင်ပြီး ကိုနေဝင်းက ထွက်လာတော့ ကျွန်တော်က ကိုနေဝင်းကို သူ့အနားမကပ်နဲ့ သေနတ်ပါတယ် လှမ်းအော်တာ၊ ဒါပေမဲ့ မမီလိုက်ဘူး၊ ဟိုလူက သေနတ်နဲ့ ပစ်လိုက်တာ သူ့ဆီးစပ်မှန်သွားတယ်”ဟု ကိုသီဟက ရှင်းပြသည်။

သေနတ်ပစ်ခတ်သူ အမျိုးသားမှာ အငှားယာဉ်တစ်စီးကို သေနတ်ဖြင့်ချိန်၍ ယာဉ်ပေါ်တက်စဉ် လိုက်ဖမ်းသည့် အငှားယာဉ်မောင်းအဖွဲ့မှ တစ်ဦး၏ ပစ်လိုက်သည့် ရွှံ့ခဲမှာ ၎င်း၏ မျက်နှာကို ထိမှန်ချိန် ကျန်လူများက ဝင်လုံးထွေးကာ သေနတ် လုယူခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဝိုင်းထိုးကြိတ် ကန်ကျောက်နေစဉ် ရဲတပ်ဖွဲ့က ရောက်ရှိလာပြီး မိုးပေါ် သေနတ်နှစ်ချက် ပစ်ဖောက်၍ လူစုခွဲခဲ့ကြောင်း ရန်ကုန်လေဆိပ်ရှိ အငှားယာဉ်မောင်းများထံမှ သိရသည်။

ကျည်မှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သော ကိုနေဝင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့ မှတ်တိုင်အနီး နေထိုင်သည့် ဖီဒါ အငှားယာဉ် ပိုင်ရှင်ထံမှ လပေးဖြင့် ယာဉ်ယူမောင်းနေသူဖြစ်ပြီး အခမဲ့ယာဉ်များ မြို့တွင်းပြေးဆွဲစဉ် ဝင်ရောက် ကူညီခဲ့သူလည်း ဖြစ်သည်။

ယင်းအပြင် လေဆိပ်မှ မြို့ထဲသို့ အငှားယာဉ် လိုက်ပါရသည့်အခါ အပြန်ခရီးတွင် ကိုးမိုင်အထိ ခရီးသွားလာမှု အဆင် မပြေသူများကို အခမဲ့ယာဉ်ပေါ်သို့ တင်ဆောင်ပြီး ပို့ဆောင်ပေးနေသူလည်း ဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် ယာဉ်မောင်းများက ဆိုသည်။

အငှားယာဉ်မောင်း ကိုနေဝင်း၏ ဝင်ငွေဖြင့် ဇနီးနှင့် လူမမည်ကလေးငယ် သုံးဦးမှာ မှီခိုရပ်တည်နေရသည်။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှ တရားခံကို အသက်ပေး ဖမ်းဆီးခဲ့သူ ကိုနေဝင်း နေထိုင်ရာ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ မြတောင်ညို(၁)လမ်းရှိ သူနေထိုင်ရာ နာရေးအိမ်တွင်တော့ အားပေးသူ၊ ကူညီ ထောက်ပံ့ပေးသူများနှင့် သတင်းမေးသူများက ပြည့်နေသည်။

ဧည့်သည်များ အကြားတွင်တော့ တီးတိုး စကားသံများ ပျံ့နှံ့နေသည်က သူရဲကောင်းဆန်စွာ ကောင်းသော သေခြင်းတရားဖြင့် အသက်ဆုံးရှုံးခဲ့သူ ဟူသတည်း။
Loading...