အသက်(၁၄)နှစ်အရွယ် မိန်းခလေးတစ်ဦးအား ညီအစ်ကို သုံးဦးမှ အကြိမ်ကြိမ်အလှည့်ကျ သားမယားပြုကျင့် - Thadinatin

Breaking News

အသက်(၁၄)နှစ်အရွယ် မိန်းခလေးတစ်ဦးအား ညီအစ်ကို သုံးဦးမှ အကြိမ်ကြိမ်အလှည့်ကျ သားမယားပြုကျင့်

Loading...
_________________________________________________________
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာတွင် အသက်(၁၄)နှစ်အရွယ် မိန်းခလေးတစ်ဦးအား ညီအစ်ကို သုံးဦးမှ အကြိမ်ကြိမ်အလှည့်ကျ သားမယားပြုကျင့်မှု ဖြစ်စဉ်တစ်ခု ဇန်န၀ါရီ လ ၅ ရက်နေ့ က ဖေါ်ထုတ်အရေးယူနိုင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပုလုံးတုံးတုံးကျေးရွာ၊ အခန်းတွဲတန်းလျားတွင်နေထိုင်သည့် ဦးကြည်လင်း(အမည်လွဲ) သည် သမီးကြီး မ-----(၁၄)နှစ် နှင့်အတူ ညီအစ်မ(၅)ဦးအား အခန်းတွင်ထားခဲ့ပြီး ဇနီးဖြစ်သူ နှင့် အတူ အဆိုပါနေ့ ညနေပိုင်း၌ ပင်လယ်ပြင်သို့ငါးဖမ်းထွက်ပြီး ညပိုင်း အိမ်ပြန်ရောက်စဉ် ဦးကြည်လင်း(အမည်လွဲ) ၏ အစ်မဖြစ်သူမှ သမီးကြီး မ-------- အား အခန်းခြင်းကပ်နေထိုင်သူများဖြစ်သည့် အေးကို ၊ ကိုလတ် နှင့် ဇင်ဇင် ဆိုသူ ညီအစ်ကို သုံးဦး မှ သားမယားအဖြစ်ပြုကျင့်ကြကြောင်း အသိပေးသဖြင့် သမီးကြီးဖြစ်သူအား ချော့မော့ မေးမြန်းရာ လွန်ခဲ့သည့် (၃)လခန့်ကတည်းက နှစ်ခန်းတွဲအိမ်သာအတွင်း မ----- မှ အ၀တ်အစားဝင်ရောက်လဲလည်သည့် ညနေပိုင်း အချိန်တိုင်း တဖက်အိမ်သာခန်းမှ ကျော်ခွ တက်ရောက်ကာ ရက်ခြားစီ အဆိုပါ ညီအစ်ကို သုံးဦးမှ အလှည့်ကျ သားမယားအဖြစ် အိမ်သာအတွင်း အကြိမ်ကြိမ်ပြုကျင့် မှုများကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖေါ်ထုတ်သိရှိရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ သားမယားအဖြစ်ပြုကျင့်သူ အေးကို ၊ ကိုလတ် နှင့် ဇင်ဇင် တို့အား ကော့သောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၇/ ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Iprd Kawthoung
Loading...
Loading...