Breaking News

နာမည်ကြီးနေတဲ့ အင်းစိန်မှာ ဖွင့်လှစ်ထားတဲ့ မှော်ပညာသင်တန်းကျောင်း


Loading...

မြန်မာနိုင်ငံရဲ့ ပထမဆုံး မှော်ပညာသင်တန်းကျောင်းကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ပေါက်တောဝအနီး မုဒိတာ အိမ်ရာမှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
News Watch ရဲ့ ဖော်ပြချက်အရ အဆိုပါ သင်တန်းကျောင်းမှာ အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နဲ့ အရှေ့တိုင်း ရုပ်သွင်းနာမ်ထားပညာရပ်တွေကို လူတိုင်းကောင်းကျိုးအတွက် အသုံးပြုနိုင်ဖို့နဲ့ အန္တရာယ်ကာကွယ်နိုင်ဖို့အတွက်သင်တန်းဖွင့်လှစ်ပေးတာ ဖြစ်တယ်လို့ Wizardry School of Myanmar မှော်ကျောင်းတော် (မြန်မာပြည်)မှ ဆရာလင်းညှို့တာရာက ပြောထားကြောင်း သိရပါတယ်။


ဗူးဒူးပညာရပ်သည် မမြင်ရတဲ့ ၀ိညာဉ်တွေနဲ့ စီမံလုပ်ကိုင်ရတာကြောင့် စီမံမှုလုပ်ချိန်မှာ သက်သတ်လွတ်သာ စားသုံးသင့်ပြီး အဆိုပါပညာနဲ့ သူတပါးထိခိုက်နာကျင်မှုကို နုတ်ယူနိုင်စွမ်းရှိတဲ့ စီရင်ထုံးပညာရပ် ဖြစ်တယ်လို့လည်း ပြောထားပါတယ်။
သင်တန်းကို ဆရာလင်းညှို့တာရာနဲ့ ဆရာလပြည့်ဝန်းတို့မှ ဦးဆောင်သင်ကြားပြသပေးလျက်ရှိပြီး အရှေ့တိုင်းရုပ်သွင်းနာမ်ထားသင်တန်းအောက်မှာ (၁) ရုပ်သွင်းနာမ်သွင်းပညာ၊ (၂) မြန်မာ့ရိုးရာ ဓာတ်တိုက်နဲ့ နတ်ပညာအချို့(၃) မြန်မာ့အရုပ်ပညာ (၄) အရုပ်အပ်စိုက်ပညာ (၅) နာမ်သွင်းဆေး အတတ်ပညာ (၆) နာနာရုပ် အတတ်ပညာ (၇) သပြေချိုး အပင်ခုတ်ပညာ (၈) အကာအကွယ်ပညာ (၉) ပြုစားခြင်း အတတ်ပညာရပ်တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းအပတ်စဉ် (၁) ကို သင်တန်းသား အယောက်နှစ်ဆယ်နဲ့ သင်တန်းဆင်းခဲ့ပြီး အပတ်စဉ် (၂) သင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပေါက်တောဝအနီး ဖန်ချက်စက်ရုံလမ်း (၁၅/က)၊ မုဒိတာ အိမ်ရာ(၂) အမှတ် ၂ဗ-၁၇၂ မှာ ဖွင့်လှစ်ထားပါတယ်။
Photos & Source: News Watch
Loading...