ဦးကိုနီကိုပစ်ခတ်ခဲ့သူနေထိုင်ရာ မန္တလေးအိမ်မှာပြဿနာဖြစ်မှာစိုးတဲ့အတွက် ရဲလုံခြုံရေးတွေ ချထား



_________________________________________________________

ဦးကိုနီကိုပစ်ခတ်ခဲ့သူနေထိုင်ရာ မန္တလေးအိမ်မှာပြဿနာဖြစ်မှာစိုးတဲ့အတွက်  ရဲလုံခြုံရေးတွေ ချထားတယ်လို့ သိရပါတယ်။
Kumudra ရဲ့ ဖော်ပြချက်အရ သေနတ်နဲ့ပစ်ခတ်ခဲ့သူရဲ့နေအိမ်အတွင်းကို တိုင်းရဲတပ်ဖွဲ့မှုး ခရိုင်ရဲမှုးနဲ့ ချမ်းအေးသာစံမြို့နယ်ရဲမှုးအပါအဝင် တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။  ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းဟာ မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်မှာ နေထိုင်သူဖြစ်ပြီး အသင့်ပါလာတဲ့ ပစ္စတို ၉ မမ နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့ဟာ ဘာတစ်ခုမှ အတည်ပြုပြောကြားခြင်းမရှိသေးဘူးလို့ ချမ်းအေးသာစံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက ပြောကြားထားပါတယ်။
play

အဆိုပါ ပစ်ခတ်မှုမှာ ဦးကိုနီအပြင် ဝိုင်းဝန်းဖမ်းဆီးပေးတဲ့ အသက် ၄၂ နှစ်အရွယ် တက္ကစီယာဉ်မောင်း ဦးနေဝင်းဆိုသူလည်း သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်မလာမီ တက္ကစီယာဉ်မောင်းတွေက လုပ်ကြံသူကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြတာ ဖြစ်ပါတယ်။  ဦးကိုနီက ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ Senior Leadership Program လေ့လာရေးခရီးစဉ်ကို လိုက်ပါသွားခဲ့ပြီး အပြန်ခရီးစဉ်မှာ အခုလိုလုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

play

နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ လုံခြုံရေးကို အထူးပိုမိုတင်းကြပ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းဌာနတစ်ခုကို ပြောထားပါတယ်။ သမ္မတရုံးလုံခြုံရေးအရာရှိချုပ် ရဲမှူးချုပ် ဝင်းနိုင်ထွန်းကလည်း လုံခြုံရေးကို အထူးဂရုစိုက်နေတယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။

Photos & Source: Kumudra (Kyaw Myint Thu, ခေမဏီ )