Breaking News

တူညီတဲ့လောကသားချင်း ချစ်ကြိုက်ရင် နားလည်မှု ပိုရတယ် -- ဝတ်မှုန်ရွှေရည်



Loading...
ဝတ်မှုန်ရွှေရည်ကနေ သူမရဲ့အချစ်ရေးအပေါ်ခံယူချက်ကို အင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်းဖြေကြားခဲ့ပါတယ်။ နေတိုးနဲ့ကော စိုင်းစိုင်းနဲ့ကော ပရိသတ်တွေ သိပ်သဘောတူနေကြတဲ့ ဝတ်မှုန်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး လူသိရှင်ကြားတွဲပြတာမျိုးမရှိသလို၊ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးနေရပြီး မအားလပ်ရပါဘူးရယ်လို့ ပရိသတ်တွေကိုပြောကြားခဲ့ပါတယ်။



ဒါပေမယ့်လဲ ဒီလို ရုပ်ရှင်တွေရိုက်ကူးနေရတာရယ်ကြောင့် အနုပညာရှင်အချင်းချင်း ရိုက်ကွင်းပေါ်မှာတင် တွေ့ဆုံချစ်ကြိုက်မိတာဟာ သိပ်မထူးဆန်းလှတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပေမယ့် ပရိသတ်တွေကတော့ သူတို့ သိပ်သဘောကျကျတဲ့ အနုပညာရှင်နှစ်ဦး လက်တွဲဖို့ကိုပဲ အားပေးသဘောတူတတ်ကြပါတယ်။


ဝတ်မှုန်ကတော့ အချစ်ဟာ လူတိုင်းရှောင်လို့မရတဲ့အရာတစ်ခုဖြစ်ပြီး ပေးဆပ်တာလဲမဟုတ် စွန့်လွှတ်တာလဲ မဟုတ်ပါဘူးလို့ သူမရဲ့ခံယူချက်ကိုပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နားလည်မှုကိုအခြေခံတာကြောင့် တူညီတဲ့အခြေအနေကလာတဲ့ လူနှစ်ယောက် ချစ်ကြိုက်တာဟာနားလည်မှုတွေပေးနိုင်ပြီးတခြားသောစုံတွဲတွေနဲ့တူမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေကတော့ သို့လော သို့လော ဖြစ်နေဆဲ။

Credit:Myanmarload
Loading...