ဦးကိုနီ နဲ႔ ဦးေနဝင္း ေသဆံုးမႈ မဘသ ဝမ္းနည္းေၾကာင္း ေၾကညာခ်က္ထုတ္



_________________________________________________________


ဇန္န၀ါရီလ ၂၉ရက္ေန႔က လုပ္ၾကံသတ္ျဖတ္ခံလိုက္ရၿပီး ေသဆံုးခဲ့တဲ့ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ပါတီ ဥပေဒအၾကံေပး ဦးကိုနီနဲ႔ အငွားယာဥ္ေမာင္း ဦးေနဝင္း တုိ႔အတြက္ ဝမ္းနည္းေၾကာင္းနဲ႔ အၾကမ္းဖက္မႈေတြကို ကန္႔ကြက္ရႈတ္ခ်ေၾကာင္း အမ်ိဳး၊ ဘာသာ၊ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔ (ဗဟို) က ဒီေန႔ ေၾကညာခ်က္ထုတ္လိုက္ပါတယ္။

လူသားတုိင္းဟာ မိမိအသက္ကို တန္ဖုိးထား ျမတ္ႏုိးၾကသူေတြသာျဖစ္တဲ႔အတြက္ လူသားတုိင္းရဲ႕ အသက္ကို တန္ဖိုးထားေလးစားရမွာျဖစ္တယ္လို႔ မဘသအဖြဲ႔ (ဗဟို)က ဆရာေတာ္ ေဒါက္တာ ဦးေတဇနိယ က မိန္႔ပါတယ္။

"လူသားတုိင္း လူသားတုိင္းဟာ အသက္ကို တန္ဖုိးထားၾကတယ္။အဲဒါေၾကာင့္ လူသားေတြအားလံုးအေနနဲ႔ ျဗဟၼစိုရ္တရား လက္ကိုင္ထားၿပီးေတာ့ သူတပါးကို ႏွိပ္စက္တာေတြ၊ ညဥ္းပန္းတာေတြ၊ အၾကမ္းဖက္တာေတြ မလုပ္ပါနဲ႔။ အၾကမ္းဖက္တာေတြလုပ္တဲ႔ ပုဂၢိဳလ္ေတြကိုလည္း ျပင္းျပင္းထန္ထန္ရႈတ္ခ်တယ္။ အၾကမ္းဖက္ခံရတဲ႔ မိသားစုေတြဘက္ကလည္း သူတုိ႔ေတြနဲ႔ထပ္တူ ဦးဇင္းတုိ႔တေတြ ဝမ္းနည္းတယ္ေပါ့ေနာ္။ အဲဒါပဲ။ "


အၾကမ္းဖက္သမားေတြရဲ႕ လုပ္ရပ္ေတြဟာ လက္ရွိအစိုးရ ေလွ်ာက္လွမ္းေနတဲ့ ဒီမုိကေရစီလမ္းေၾကာင္းအတြက္ ခလုတ္ဆူးေျငွာင့္ေတြျဖစ္တဲ႔အတြက္ တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေအာင္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနတယ္လို႔ မွတ္ယူေၾကာင္းနဲ႔ ဗုဒၶ၀ါဒနဲ႔ ဆန္႔က်င္ဘက္ျဖစ္တဲ့ ဘယ္အၾကမ္းဖက္လုပ္ရပ္မ်ိဳးမဆို ကန္႔ကြက္ရႈတ္ခ်တယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။

NLD ဥပေဒအႀကံေပး ဦးကိုနီနဲ႔ တကၠစီယာဥ္ေမာင္း ဦးေန၀င္း၊ ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာ ေက်ာင္းဆရာ ဦးေအာင္ဇင္ထြန္း၊ မေလးရွားႏုိင္ငံမွာ ျမန္မာႏုိင္ငံသား ၅ ေယာက္၊ ရခုိင္ျပည္နယ္ က်ီးကန္းျပင္ အမွတ္ ၁ ၊ ငါးခူရရဲစခန္းနဲ႔ ကိုးတန္ေကာက္ရဲစခန္းက ရဲအရာရွိအပါအ၀င္ ရဲသား ၉ ေယာက္၊ မဂၤလာဒံုၿမိဳ႕နယ္မွာ ဦးစိုးေနာင္အပါအ၀င္ မိသားစု ၄ ေယာက္တုိ႔ဟာ အၾကမ္းဖက္သမားေတြရဲ႕ လူမဆန္စြာ သတ္ျဖတ္တာကို ခံခဲ့ရတာျဖစ္တယ္လို႔လည္း ပါရွိပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese

Unicode
ဇန်နဝါရီလ ၂၉ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး သေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် ဝမ်းနည်းကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

လူသားတိုင်းဟာ မိမိအသက်ကို တန်ဖိုးထား မြတ်နိုးကြသူတွေသာဖြစ်တဲ့အတွက် လူသားတိုင်းရဲ့ အသက်ကို တန်ဖိုးထားလေးစားရမှာဖြစ်တယ်လို့ မဘသအဖွဲ့ (ဗဟို)က ဆရာတော် ဒေါက်တာ ဦးတေဇနိယ က မိန့်ပါတယ်။

"လူသားတိုင်း လူသားတိုင်းဟာ အသက်ကို တန်ဖိုးထားကြတယ်။အဲဒါကြောင့် လူသားတွေအားလုံးအနေနဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီးတော့ သူတပါးကို နှိပ်စက်တာတွေ၊ ညဉ်းပန်းတာတွေ၊ အကြမ်းဖက်တာတွေ မလုပ်ပါနဲ့။ အကြမ်းဖက်တာတွေလုပ်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ အကြမ်းဖက်ခံရတဲ့ မိသားစုတွေဘက်ကလည်း သူတို့တွေနဲ့ထပ်တူ ဦးဇင်းတို့တတွေ ဝမ်းနည်းတယ်ပေါ့နော်။ အဲဒါပဲ။ "

အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေဟာ လက်ရှိအစိုးရ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် ခလုတ်ဆူးငြှောင့်တွေဖြစ်တဲ့အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ မှတ်ယူကြောင်းနဲ့ ဗုဒ္ဓဝါဒနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘယ်အကြမ်းဖက်လုပ်ရပ်မျိုးမဆို ကန့်ကွက်ရှုတ်ချတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

NLD ဥပဒေအကြံပေး ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်း ဦးနေဝင်း၊ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း၊ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၅ ယောက်၊ ရခိုင်ပြည်နယ် ကျီးကန်းပြင် အမှတ် ၁ ၊ ငါးခူရရဲစခန်းနဲ့ ကိုးတန်ကောက်ရဲစခန်းက ရဲအရာရှိအပါအဝင် ရဲသား ၉ ယောက်၊ မင်္ဂလာဒုံမြို့နယ်မှာ ဦးစိုးနောင်အပါအဝင် မိသားစု ၄ ယောက်တို့ဟာ အကြမ်းဖက်သမားတွေရဲ့ လူမဆန်စွာ သတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

RFA Burmese
Loading...