Breaking News


ဟိုးေလးတေၾကာ္ျဖစ္ခဲ႔ရတဲ႔ မိသားစုေပါင္း ၅၀၀ ေက်ာ္အား ေသကဲြခဲြခဲ့သည့္ ရန္ကုန္ -မႏၲေလးအျမန္လမ္းမႀကီး ၈ ေလာင္းျပိဳင္ေသဆံုးခဲ့တဲ့ ကိစၥ ေနာက္ဆံုးရ သတင္း


Loading...

ဟိုးေလးတေၾကာ္ျဖစ္ခဲ႔ရတဲ႔ မိသားစုေပါင္း ၅၀၀ ေက်ာ္အား ေသကဲြခဲြခဲ့သည့္ ရန္ကုန္ -မႏၲေလးအျမန္လမ္းမႀကီး ၈ ေလာင္းျပိဳင္ေသဆံုးခဲ့တဲ့ ကိစၥ ေနာက္ဆံုးရ သတင္း

January 26, 2017

ရန္ကုန္-မႏၲေလး အျမန္လမ္းမေပၚတြင္ ဇန္န၀ါရီ ၂၁ ရက္ နံနက္က ျဖစ္ပြားခဲ့ေသာ လူရွစ္ဦး ေသဆံုးခဲ့သည့္ ယာဥ္မီးေလာင္မႈအား စီအိုင္ဒီမွ ေျပာင္းလဲကိုင္တြယ္ စစ္ေဆးမည္ျဖစ္ေၾကာင္း အမွတ္(၃) အျမန္လမ္းမႀကီး ရဲစခန္းမွ ရဲအရာရွိတစ္ဦး၏ ေျပာၾကားသည္ ။

အဆိုပါ ယာဥ္မီးေလာင္မႈ ျဖစ္စဥ္တြင္ ေသဆံုးခဲ့သူမ်ား၏ မိသားစု၀င္မ်ားကို အမွတ္(၃) အျမန္လမ္းမႀကီး ရဲစခန္းမွ ရဲအရာရွိမ်ားက ဇန္န၀ါရီ ၂၅ ရက္တြင္ ေခၚယူေတြ႕ဆံုခဲ့ၿပီး အခင္းျဖစ္ပြားရာတြင္ က်န္ရစ္ခဲ့သည့္ ေသဆံုးမ်ား၏ ပစၥည္းမ်ားအား ျပန္လည္ေပးအပ္ခဲ့ၿပီး စီအိုင္ဒီမွ ယင္းျဖစ္စဥ္အား ေျပာင္းလဲ ကိုင္တြယ္မည္ဟု အသိေပး ေျပာၾကားခဲ့ေၾကာင္း သိရသည္ ။

“ယာဥ္မီးေလာင္မႈကို စီအိုင္ဒီကို လႊဲေျပာင္းေပးရမယ္လို႔ ဒီေန႔နံနက္က သိရတယ္။ အဲဒါေၾကာင့္ ဒီအမႈကို ကြၽန္ေတာ္တို႔ လႊဲေျပာင္းေပးမွာပါ” ဟု အမွတ္(၃) အျမန္လမ္းမႀကီး ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္ ။

အဆိုပါ ယာဥ္မီးေလာင္မႈတြင္ ေသဆံုးခဲ့သူမ်ား၏ မိသားစု၀င္မ်ားက ယင္းျဖစ္စဥ္အား တစ္စံုတစ္ေယာက္၏ ႀကိဳတင္ၾကံစည္မႈေၾကာင့္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ႏိုင္သည္ဟု သုံးသပ္လ်က္ရွိၿပီး အမႈမွန္ အျမန္ဆံုး ေပၚေပါက္ႏိုင္ရန္ ေမွ်ာ္လင့္လ်က္ရွိေၾကာင္း သိရသည္ ။

“ ဒီျဖစ္စဥ္မွာ ကြၽန္ေတာ္တို႔ ေသဆံုးသူေတြရဲ႕ မိသားစုေတြကေတာ့ ျဖစ္စဥ္ကို အမွန္အတိုင္း သိခ်င္မိတယ္။ အခုဆိုလြတ္လာတဲ့ တစ္ေယာက္က ဒီကားကို သူေမာင္းတယ္ဆို တာ၀န္ခံလိုက္ၿပီဆိုေတာ့ အမႈက ၃၀ ရာခိုင္ႏႈန္းေလာက္ကို အျဖစ္မွန္ေပၚလာၿပီလို႔ ထင္မိတယ္။ က်န္တဲ့ ၇၀ ရာခိုင္ႏႈန္းကိုလည္း အျမန္ဆံုး ေဖာ္ထုတ္ႏိုင္ဖို႔ ေမွ်ာ္လင့္မိတယ္” ဟု ယာဥ္တိုက္မႈျဖစ္စဥ္တြင္ ေသဆံုးခဲ့သူ အမ်ဳိးသမီးတစ္ဦး၏ ခင္ပြန္းက ေျပာၾကားသည္ ။

ထို႔ျပင္ အဆိုပါ ယာဥ္မီးေလာင္မႈ ျဖစ္စဥ္အား မ်က္ျမင္ေတြ႕ရွိခဲ့သူ တစ္ဦးကလည္း ယာဥ္မေတာ္တဆမႈျဖစ္ၿပီး မီးေလာင္ခ်ိန္တြင္ ယာဥ္ေပၚ၌လူမ်ား ပါမပါ မသိရွိခဲ့ေၾကာင္း၊ အသက္ရွင္ က်န္ရစ္သူ ယာဥ္ေမာင္းေအာင္ခန္႔အား ေမးျမန္း၍ လူရွိသည္ဟု သိရသည့္အခါမွ ကယ္တင္ရန္ ႀကိဳးစားခဲ့ေၾကာင္း သိရသည္ ။

“ ကြၽန္ေတာ္ကားနဲ႔ သံုးေပအကြာေလာက္ ေရာက္ေတာ့မွ ထေပါက္ကြဲတာ။ အဲဒီကားေပၚက လူတစ္ဦးကို ကားနားမွာ ေတြ႕တာနဲ႔လူပါမပါ ေမးၾကည့္တယ္။ ပါတယ္။ ခုႏွစ္ဦးရွစ္ဦး ေလာက္ပါတယ္ ေျပာတာနဲ႔ ခဲတစ္လံုးကိုင္ၿပီး ကားေနာက္က မွန္ကိုခြဲဖို႔ ႀကိဳးစားတယ္။ မီးခိုးေတြ အမ်ားႀကီးထြက္လာတာနဲ႔ အထဲမွာ လူပါမပါေတာင္ မေတြ႕ရဘူး။ ေအာ္သံေတြလည္း မၾကားဘူး” ဟု မ်က္ျမင္ေတြ႕ရွိခဲ့သူ တစ္ဦးက The Daily Eleven သတင္းစာသို႔ ေျပာၾကားသည္ ။

ဇန္န၀ါရီ ၂၁ ရက္ နံနက္ ၈ နာရီခြဲခန္႔တြင္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၄ မိုင္၂ ဖာလံုတြင္ ပုဂံ-ေညာင္ဦးမွ ဘုရားဖူး ျပန္လာသည့္ Toyota HiAce ယာဥ္တစ္စီး မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ေပၚတြင္ ပါလာသည့္ အမ်ဳိးသားႏွစ္ဦး၊ အမ်ဳိးသမီး ခုနစ္ဦးအနက္ ရွစ္ဦးေသဆံုးခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ တစ္ဦးသာ အသက္ရွင္ က်န္ရစ္ခဲ့ၿပီး ယာဥ္ေမာင္း ေအာင္ခန္႔အား ပုဒ္မ ၃၀၄ (က)/၃၃၇/၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူထားသည္ ။

Writer: ေန၀န္းထက္
EMG

Unicode

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဇန်နဝါရီ ၂၁ ရက် နံနက်က ဖြစ်ပွားခဲ့သော လူရှစ်ဦး သေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုအား စီအိုင်ဒီမှ ပြောင်းလဲကိုင်တွယ် စစ်ဆေးမည်ဖြစ်ကြောင်း အမှတ်(၃) အမြန်လမ်းမကြီး ရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားသည် ။

အဆိုပါ ယာဉ်မီးလောင်မှု ဖြစ်စဉ်တွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များကို အမှတ်(၃) အမြန်လမ်းမကြီး ရဲစခန်းမှ ရဲအရာရှိများက ဇန်နဝါရီ ၂၅ ရက်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး အခင်းဖြစ်ပွားရာတွင် ကျန်ရစ်ခဲ့သည့် သေဆုံးများ၏ ပစ္စည်းများအား ပြန်လည်ပေးအပ်ခဲ့ပြီး စီအိုင်ဒီမှ ယင်းဖြစ်စဉ်အား ပြောင်းလဲ ကိုင်တွယ်မည်ဟု အသိပေး ပြောကြားခဲ့ကြောင်း သိရသည် ။

“ယာဉ်မီးလောင်မှုကို စီအိုင်ဒီကို လွှဲပြောင်းပေးရမယ်လို့ ဒီနေ့နံနက်က သိရတယ်။ အဲဒါကြောင့် ဒီအမှုကို ကျွန်တော်တို့ လွှဲပြောင်းပေးမှာပါ” ဟု အမှတ်(၃) အမြန်လမ်းမကြီး ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည် ။

t> အဆိုပါ ယာဉ်မီးလောင်မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များက ယင်းဖြစ်စဉ်အား တစ်စုံတစ်ယောက်၏ ကြိုတင်ကြံစည်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်လျက်ရှိပြီး အမှုမှန် အမြန်ဆုံး ပေါ်ပေါက်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရသည် ။

“ ဒီဖြစ်စဉ်မှာ ကျွန်တော်တို့ သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ ဖြစ်စဉ်ကို အမှန်အတိုင်း သိချင်မိတယ်။ အခုဆိုလွတ်လာတဲ့ တစ်ယောက်က ဒီကားကို သူမောင်းတယ်ဆို တာဝန်ခံလိုက်ပြီဆိုတော့ အမှုက ၃၀ ရာခိုင်နှုန်းလောက်ကို အဖြစ်မှန်ပေါ်လာပြီလို့ ထင်မိတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုလည်း အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ မျှော်လင့်မိတယ်” ဟု ယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦး၏ ခင်ပွန်းက ပြောကြားသည် ။

ထို့ပြင် အဆိုပါ ယာဉ်မီးလောင်မှု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကလည်း ယာဉ်မတော်တဆမှုဖြစ်ပြီး မီးလောင်ချိန်တွင် ယာဉ်ပေါ်၌လူများ ပါမပါ မသိရှိခဲ့ကြောင်း၊ အသက်ရှင် ကျန်ရစ်သူ ယာဉ်မောင်းအောင်ခန့်အား မေးမြန်း၍ လူရှိသည်ဟု သိရသည့်အခါမှ ကယ်တင်ရန် ကြိုးစားခဲ့ကြောင်း သိရသည် ။

“ ကျွန်တော်ကားနဲ့ သုံးပေအကွာလောက် ရောက်တော့မှ ထပေါက်ကွဲတာ။ အဲဒီကားပေါ်က လူတစ်ဦးကို ကားနားမှာ တွေ့တာနဲ့လူပါမပါ မေးကြည့်တယ်။ ပါတယ်။ ခုနှစ်ဦးရှစ်ဦး လောက်ပါတယ် ပြောတာနဲ့ ခဲတစ်လုံးကိုင်ပြီး ကားနောက်က မှန်ကိုခွဲဖို့ ကြိုးစားတယ်။ မီးခိုးတွေ အများကြီးထွက်လာတာနဲ့ အထဲမှာ လူပါမပါတောင် မတွေ့ရဘူး။ အော်သံတွေလည်း မကြားဘူး” ဟု မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည် ။

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄ မိုင်၂ ဖာလုံတွင် ပုဂံ-ညောင်ဦးမှ ဘုရားဖူး ပြန်လာသည့် Toyota HiAce ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင် ပါလာသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီး ခုနစ်ဦးအနက် ရှစ်ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ တစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပြီး ယာဉ်မောင်း အောင်ခန့်အား ပုဒ်မ ၃၀၄ (က)/၃၃၇/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည် ။

Writer: နေဝန်းထက်
EMG
Loading...