Breaking News


ကားမီးေလာင္ရာတြင္ အသက္မေသဘဲ က်န္ခဲ့သူ အမ်ိဳးသား၏ ရင္ဖြင့္သံ (သံသယေတြ ကင္းသြားေအာင္ဖတ္ၾကည္႔ပါ)


Loading...
ကားမီးေလာင္ရာတြင္ အသက္မေသဘဲ က်န္ခဲ့သူ အမ်ိဳးသား၏ ရင္ဖြင့္သံ (သံသယေတြ ကင္းသြားေအာင္ဖတ္ၾကည္႔ပါ)  
"ကားက ဘယ္ဖက္က သံေဘာင္တန္းနဲ ့ ေတာ္ေတာ္ၾကာၾကာ တိုက္တာ။ အသံၾကီးက ေၾကာက္စရာၾကီး။ ဒိန္းဆိုျပီး တိုက္ျပီး ရပ္သြားတ့ဲအခ်ိန္မွာ တံခါး ဘယ္လို ပြင့္သြားတယ္ဆိုတာ မသိလိုက္ဘူး။ ကားေနာက္က သူငယ္ခ်င္းေတြကလည္း ေအာ္လိုက္ၾကတာ။" "ဂ်ိန္းကနဲဆို ကားက ေဆာင့္ရပ္သြားတ့ဲအခ်ိန္ ေခါင္းနဲ့ ကားဒတ္စဘို ့နဲ ့တိုက္ျပီး ေမ့သလိုျဖစ္သြားတယ္။ ဒါေပမယ့္ ကားထဲမွာ မီး တအား မေလာင္ေသးဘူး မီးခိုးေတြ ထြက္စျပဳေနျပီ။ ယာဥ္ေမာင္းက ကားစီယာတိုင္နဲ့ေဆာင့္ျပီး သတိေမ့ေနတယ္။ က်ြန္ေတာ့ ေဘးကတခါးက ပြင့္ေနေတာ့ ေအာက္ကို ဆင္းျပီး ကားေဘးတံခါးကို ဆဲြဖြင့္တယ္။ တံခါးက ဘယ္လိုမွကို ဆြဲလို ့ မရဘူး။ တံခါး စဖြင့္တဲအခ်ိန္မွာ မီးက အထဲကို ကူးေတာ့မယ့္အခ်ိန္ပါ။ က်ြန္ေတာ္လည္း ေခါင္းကလည္းမူး အထဲက သူငယ္ခ်င္းေတြကလည္းေအာ္ ဟစ္ဆူညံ ေနေတာ့ ဘာလုပ္မွန္းမသိပဲ တံခါးကိုပဲ အတင္းဖြင့္ေနမိပါတယ္။" "ေနာက္ကားမွန္ကုိ ဖြင့္ဖ့ို ၾကိုးစားျကည့္ပါတယ္။ အဆင္မေျပဘူး။ လုပ္ေနတုန္းပဲ မီးက အရမ္းျမန္တာပဲ။ ကားထဲကို ဝင္ေနျပ။ီ သူငယ္ခ်င္းေတြ ေအာ္လိုက္ျကတာ ဗ်ာ။ အားရွိသေလာက္ တံခါးကို ဖြင့္ေပမယ့္ ေနာက္ေတာ့မီးအပူက ဘယ္လိုမခံနိ္ုင္ေတာ့ပါ။ေနာက္ဆံုး ူလက္ေလ့်ာျပီး ကားေဘးကေန စြန့္ခြါ လိုက္ရပါတယ္။" " ျဖစ္ေနတ့ဲအခ်ိန္ တျခားကားေတြ အကူအညီေပးလားဆိုေတာ့ တံခါးဖြင့္ေနတ့ဲအခ်ိန္ လူနစ္ေယာက္ေရာက္လာျပီး ေဘးကေနေအာ္ေျပာတယ္ ညီေလး မီးေတာက္ေတြမ်ားလာျပီ မင္းကားေဘးကေန ဖယ္လိုက္ေတာ့လို ့ ေျပာတာေတာ့မွတ္မိတယ္။ သူတို့ လာတဲအခ်ိန္က ကားထဲကိုမီးညြန္ ့အေတာ္တတ္ေနျပီ။ လုပ္ေဖၚကိုင္ဘက္ေတြ အခုလိုျဖစ္သြားတာ သူမယုံနိုင္ဘူးျဖစ္ေနတယ္။ မခံစား နိုင္ဘူးျဖစ္ေနတယ္။" "အျမန္လမ္း ရဲေတြ ေတာ္ပါတယ္။ ေရာက္လာတ့ဲအခ်ိန္ ကားက ေတာ္ေတာ့္ကို မီးေလာင္ေကာင္းေနျပီ။ စတိုက္ကတည္းက မီးကေလာင္တာ တံခါးကလည္းဖြင့္မရ မီကူးစက္တာ အရမ္းျမန္ေတာ့ ဘာကိုမွကို လုပ္ခ်ိန္ မရလိုက္ဘူး က်ြန္ေတာ့ဖုန္ုးေတာင္ မီးထဲပါသြားတယ္။ တျခား ပစၥည္းေတြကေတာ့အားလုံးဘာမွကို မရေတာ့ဘူး။" "က်ြန္ေတာင္ထင္တာ ေအာ္တိုတံခါးေလာ့က်တာ ဆိုေတာ့ တံခါးဖြင့္မရတာျဖစ္မယ္။ က်ြန္ေတာ္ျကိုးစားရဲသားနဲသူငယ္ခ်င္းေတြ အခုလို ျဖစ္သြားတာ စိတ္မေကာင္းဘူးဗ်ာ က်ြန္ေတာ္သူကို မၾကည့္ရဲေတာ့ဘူးဗ်ာ သူတို အထဲမွာ ေအာ္ေနၾကတာကို ျပန္ျမင္ရင္က်ြန္ေတာ္စိတ္ထဲ ေတာ္ေတာ္ မေကာင္းဘူးဗ်ာ။" 

#လွည္းကူးငါးပိခ်က္

Unicode



ကားမီးလောင်ရာတွင် အသက်မသေဘဲ ကျန်ခဲ့သူ အမျိုးသား၏ ရင်ဖွင့်သံ (သံသယတွေ ကင်းသွားအောင်ဖတ်ကြည့်ပါ)  
"ကားက ဘယ်ဖက်က သံဘောင်တန်းနဲ ့ တော်တော်ကြာကြာ တိုက်တာ။ အသံကြီးက ကြောက်စရာကြီး။ ဒိန်းဆိုပြီး တိုက်ပြီး ရပ်သွားတဲ့အချိန်မှာ တံခါး ဘယ်လို ပွင့်သွားတယ်ဆိုတာ မသိလိုက်ဘူး။ ကားနောက်က သူငယ်ချင်းတွေကလည်း အော်လိုက်ကြတာ။" "ဂျိန်းကနဲဆို ကားက ဆောင့်ရပ်သွားတဲ့အချိန် ခေါင်းနဲ့ ကားဒတ်စဘို ့နဲ ့တိုက်ပြီး မေ့သလိုဖြစ်သွားတယ်။ ဒါပေမယ့် ကားထဲမှာ မီး တအား မလောင်သေးဘူး မီးခိုးတွေ ထွက်စပြုနေပြီ။ ယာဉ်မောင်းက ကားစီယာတိုင်နဲ့ဆောင့်ပြီး သတိမေ့နေတယ်။ ကျွန်တော့ ဘေးကတခါးက ပွင့်နေတော့ အောက်ကို ဆင်းပြီး ကားဘေးတံခါးကို ဆွဲဖွင့်တယ်။ တံခါးက ဘယ်လိုမှကို ဆွဲလို ့ မရဘူး။ တံခါး စဖွင့်တဲအချိန်မှာ မီးက အထဲကို ကူးတော့မယ့်အချိန်ပါ။ ကျွန်တော်လည်း ခေါင်းကလည်းမူး အထဲက သူငယ်ချင်းတွေကလည်းအော် ဟစ်ဆူညံ နေတော့ ဘာလုပ်မှန်းမသိပဲ တံခါးကိုပဲ အတင်းဖွင့်နေမိပါတယ်။" "နောက်ကားမှန်ကို ဖွင့်ဖိ့ု ကြိုးစားကြည့်ပါတယ်။ အဆင်မပြေဘူး။ လုပ်နေတုန်းပဲ မီးက အရမ်းမြန်တာပဲ။ ကားထဲကို ဝင်နေပြ။ီ သူငယ်ချင်းတွေ အော်လိုက်ကြတာ ဗျာ။ အားရှိသလောက် တံခါးကို ဖွင့်ပေမယ့် နောက်တော့မီးအပူက ဘယ်လိုမခံနိ်ုင်တော့ပါ။နောက်ဆုံး ူလက်လျေ့ာပြီး ကားဘေးကနေ စွန့်ခွါ လိုက်ရပါတယ်။" " ဖြစ်နေတဲ့အချိန် တခြားကားတွေ အကူအညီပေးလားဆိုတော့ တံခါးဖွင့်နေတဲ့အချိန် လူနစ်ယောက်ရောက်လာပြီး ဘေးကနေအော်ပြောတယ် ညီလေး မီးတောက်တွေများလာပြီ မင်းကားဘေးကနေ ဖယ်လိုက်တော့လို ့ ပြောတာတော့မှတ်မိတယ်။ သူတို့ လာတဲအချိန်က ကားထဲကိုမီးညွန် ့အတော်တတ်နေပြီ။ လုပ်ဖေါ်ကိုင်ဘက်တွေ အခုလိုဖြစ်သွားတာ သူမယုံနိုင်ဘူးဖြစ်နေတယ်။ မခံစား နိုင်ဘူးဖြစ်နေတယ်။" "အမြန်လမ်း ရဲတွေ တော်ပါတယ်။ ရောက်လာတဲ့အချိန် ကားက တော်တော့်ကို မီးလောင်ကောင်းနေပြီ။ စတိုက်ကတည်းက မီးကလောင်တာ တံခါးကလည်းဖွင့်မရ မီကူးစက်တာ အရမ်းမြန်တော့ ဘာကိုမှကို လုပ်ချိန် မရလိုက်ဘူး ကျွန်တော့ဖုန်ုးတောင် မီးထဲပါသွားတယ်။ တခြား ပစ္စည်းတွေကတော့အားလုံးဘာမှကို မရတော့ဘူး။" "ကျွန်တောင်ထင်တာ အော်တိုတံခါးလော့ကျတာ ဆိုတော့ တံခါးဖွင့်မရတာဖြစ်မယ်။ ကျွန်တော်ကြိုးစားရဲသားနဲသူငယ်ချင်းတွေ အခုလို ဖြစ်သွားတာ စိတ်မကောင်းဘူးဗျာ ကျွန်တော်သူကို မကြည့်ရဲတော့ဘူးဗျာ သူတို အထဲမှာ အော်နေကြတာကို ပြန်မြင်ရင်ကျွန်တော်စိတ်ထဲ တော်တော် မကောင်းဘူးဗျာ။" 

#လှည်းကူးငါးပိချက်

Loading...