Breaking News

ဖခင်က ၁၅ နှစ်အရွယ်သမီးအရင်းကို သားမယားပြုကျင့်မှု ကိုယ်ဝန်သုံးလရှိမှ ပေါ်ပေါက်


Loading...
ဖခင်က ၁၅ နှစ်အရွယ်သမီးအရင်းကို သားမယားပြုကျင့်မှု ကိုယ်ဝန်သုံးလရှိမှ ပေါ်ပေါက်
------ ------ ------ ------ ------ ------

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဖခင်ဖြစ်သူ ဦးပိုက သမီးအရင်းဖြစ်သူ အသက် (၁၅) နှစ်အရွယ် မ----အား လွန်ခဲ့သော (၇) လလောက်မှစ၍ သားမယားပြုကျင့်မှုဖြစ်စဉ်ကို သမီး၌ကိုယ်ဝန်သုံးလရှိသောအချိန်မှ အဖွားဖြစ်သူကသိရှိရပြီး စလင်းမြို့နယ်ရဲစခန်းတွင် ဇန်နဝါရီလ (၂) ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်ပွားပုံမှာ မ---၏မိခင်မှာ နောက်အိမ်ထောင်ပြုသွားသောကြောင့် မ---အား ဖခင် ဦးပိုထံ လွန်ခဲ့သော ၄နှစ် မ---- အသက် (၁၁) နှစ်ခန့်အရွယ်တွင် ပြန်ပို့ခဲ့သည်။ သို့သော် လွန်ခဲ့သော (၇) လလောက်မှစတင်၍ ဦးပိုသည် သမီးအရင်းကို အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့ကြောင်း၊ မ---မှာ ဖခင်ကိုကြောက်ရွံ့သောကြောင့် မည်သူ့ကိုမှမပြောပြရဲဘဲ နှုတ်ဆိတ်နေခဲ့ရာမှ ယခုကိုယ်ဝန် (၃) လရှိချိန်မှ အဖွားဖြစ်သူကသိရှိပြီး အထက်ပါအတိုင်း စလင်းမြို့နယ်စခန်း၌ တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက် မ---အား ဆေးစစ်ရန် စလင်းဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးစစ်ရန်ပစ္စည်းကိရိယာ စုံလင်မှုမရှိသည့်အတွက် မကွေးဆေးရုံသို့ ထပ်ဆင့်ပို့ဆောင်းပေးခဲ့ရကြောင်းလည်း သိရသည်။

တိုင်းကြားမှုနှင့်ပတ်သက်၍ တရားခံဦပို (၃၇နှစ်) ကို ယင်းနေ့ ညနေ ၅ နာရီအချိန်တွင် ဖမ်းဆီခဲ့ပြီး အမှုကို စလင်းမြို့မရဲစခန်းက (ပ) ၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဇန်နဝါရီ ၂ရက်နေ့တွင် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ယင်းသို့သောဖြစ်စဉ်အများစုမှာ ဆင်းရဲနွမ်းပါသော မိသားစုများတွင်အဖြစ်များကြောင်း၊ မြို့နယ် အမျိုးသမီးရေးရာရံပုံငွေအားနည်းနေခြင်းကြောင့် ကလေးသူငယ်အရေးဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနေကြောင်း စေတနာလူမှုဝန်ထမ်းအရာရှိတဦးက ပြောသည်။
                                               
စောကျော်ဝင်း
newswatch
Loading...