Breaking News


ဇနီးနှစ်ယောက်ရလို၍ အရွယ်မရောက်သေးသည့်သမီးကို ဒုက္ခိတနှင့် ပေးစားလိုက်သည့် ဖခင်


Loading...

Image may contain: 5 people, people standing
ဖခင်ဖြစ်သူက မသန်စွမ်းတစ်ဦး၏ ညီမကို လိုချင်သဖြင့်ထိုမသန်စွမ်းနှင့် အသက် ၁၃ နှစ်အရွယ် ၄င်းသမီးကို ပေး စားလိုက်မှုပါကစ္စတန်တွင် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ဖြစ်ပုံမှာ ဤသို့ဖြစ် သည်။ ပါကစ္စတန်နိုင်ငံ ဂျမ်ပူရာအရပ်တွင် နေထိုင်သူ ဝါဇာအာမက်သည် ပထမ ဇနီးနှင့် သားယောက်ျm; မထွန်းကားသဖြင့် သားယောကျာ်း လိုချင်သည်။ ဆွံ့အ နားမကြားဖြစ်သူ မိုဟာမက်ရမ်ဇန်နှင့် ၄င်းသမီးကို ပေးစားလိုက်လျှင် မိုဟာမက် ရမ်ဇန်က ၄င်းကို ညီမပေးမည်ဖြစ်ကာ ထိုညီမက ၄င်းအတွက်သားယောက်ျm; မွေးပေးနိုင်လိမ့်မည်ဟု ၄င်းက မျှော်လင့် သည်။ အဆိုပါကိစ္စကိုကြားသိသဖြင့် ရဲတပ်ဖွဲ့က ရမ်ဇန်နှင့်အာမက်ကို အချုပ် ထဲ ပို့လိုက်သည်။ သို့သော် မိမိအသက် ၁၆ နှစ်ဟု သမီးဖြစ်သူက တရားရုံးတွင် ထွက်ဆိုပေးလိုက်သောအခါ ၄င်းတို့ သည် အချုပ်ထဲတွင် ရက်ပိုင်းမျှသာ နေ လိုက်ရပြီး ပြန်လွတ်လာတော့သည်။ ဖခင်နှင့်ခင်ပွန်းကို ဒုက္ခ မရောက်စေလို သဖြင့် အသက်ကို ညာပြောလိုက်ခြင်းဖြစ် သည်ဟု ထိုမိန်းကလေးက ဆိုသည်။]တ ခြားမိသားစုက မိန်းကလေးကို လိုချင် ရင် ကိုယ့်ဘက်ကလည်း မိန်းကလေးပေးရ တယ်။ ဒါကျုပ်တို့အခွင့်အရေးပဲ] ဟု အာမက်က ဆိုသည်။  ရှေးရိုးအလွန်စွဲသည့် ပါကစ္စတန်ပြည်နယ်များတွင် ထိုထုံးတမ်း စဉ်လာကအမြစ်တွယ်နေသည်။
pyimyanmarnews
Loading...