ေရွ႕ေနဦးကုိနီ လုပ္ႀကံခံရမႈျဖစ္စဥ္တြင္ ေသနတ္သမားကုိ ဝိုင္းဝန္းဖမ္းဆီးရင္း ေသနတ္ထိမွန္ေသဆုံးခဲ့သည့္ ကုိေနဝင္း၏မိတ္ေဆြျဖစ္သူ ကုိကံထူးနွင့္ ေတြ႕ဆုံျခင္း

_________________________________________________________
                                               ကုိကံထူး(အက်ီၤအျပာ) ရွင္းျပေနစဥ္။


ေမး- ေလဆိပ္မွာ အစ္ကုိျမင္ေတြ႕ခဲ့ရတဲ့ ျဖစ္စဥ္ကုိေျပာျပေပးပါ။
ေျဖ-ေလဆိပ္အေဆာက္အအုံထဲကေန လူတစ္ေယာက္ေျပးဆင္းလာတယ္။ ေနာက္ကလူေတြက အဲဒီလူကုိ ဖမ္းပါဖမ္းပါဆုိၿပီး ေအာ္ေနၾကတယ္။ ကြၽန္ေတာ္တုိ႔လဲ ရုတ္တရက္ဆုိေတာ့ေၾကာင္ေနတာေပါ့။ေသနတ္ကုိင္ထားတာေတာ့ေတြ႕တယ္။ အတုလားအစစ္လားဆုိတာေတာ့ ကြၽန္ေတာ္တုိ႔လဲ မသိဘူးေလ။ အဲဒီအခ်ိန္မွာကိုေနဝင္းက ခဲလုံးကုိင္ၿပီးေတာ့ လွမ္းပစ္လုိက္တာ ေသနတ္သမားေနာက္ေစ့ကုိထိသြားတယ္။ သူ႔ကုိခဲမွန္သြားေတာ့ ေသနတ္သမားကေနာက္လွည့္ၿပီး ေသနတ္နဲ႔အပစ္မွာ ေနဝင္းကုိမွန္သြားတယ္။ ပစ္ၿပီးေတာ့ ေသနတ္သမားကေရွ႕ကုိဆက္ေျပးၿပီး ေမာင္းလာတဲ့ကားေတြကုိတားေနတယ္။ တကၠစီသမားတေယာက္က ဘုမသိဘမသိနဲ႔ ရပ္ေပးလုိက္တယ္။ ေသနတ္သမားက တကၠစီေပၚကလူကုိ ေအာက္ဆင္းခုိင္းဖုိ႔ေျပာေနတုန္း အနားမွာရွိတဲ့ ကြၽန္ေတာ္တုိ႔ကားသမားေတြက ေတြ႔တာေတြနဲ႔ေကာက္ပစ္ၿပီးေတာ့ ဝိုင္းဖမ္းလုိက္ၾကတာပါ။
ေမး-ကုိေနဝင္းက ေနရာမွာတင္ ေသနတ္မွန္ၿပီး ေသဆုံးသြားတာလား။
ေျဖ-ေနဝင္းက ေသနတ္မွန္ၿပီးေတာ့ အဲဒီေနရာမွာ ေခြေခြေလး လဲသြားတယ္။ ဆီးခုံနားေလာက္ကုိေသနတ္မွန္သြားတာပါ။ ကြၽန္ေတာ္တုိ႔ အသင္းသားတေယာက္ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တုိ႔ flying swallow အသင္းကားနဲ႔ပဲေဆးရုံကုိပုိ႔ၾကပါတယ္။ ေျမာက္ဥကၠလာေဆးရုံမေရာက္ခင္ လမ္းမွာပဲ ညေန ၅ နာရီခြဲေလာက္မွာ ကုိေနဝင္းဆုံးသြားတာပါ။
ေမး-ကုိေနဝင္းနဲ႔ သိတာဘယ္ေလာက္ၾကာၿပီလဲဗ်။
ေျဖ-ကြၽန္ေတာ္နဲ႔သိတာ နွစ္နွစ္ေက်ာ္ၿပီဗ်။လူမႈေရးသိပ္ေကာင္းတဲ့လူ၊ ေလဆိပ္မွာဂိတ္ကုိေစာင့္ၿပီး အိပ္ၾကတဲ့ ကားသမားေတြရွိတယ္။ မနက္၅နာရီဆုိရင္ ကြၽန္ေတာ္တုိ႔ ဂိတ္ဖြင့္တယ္။ အဲဒီမွာ ဂိတ္ေစာင့္ၾကတဲ့ ကားသမားေတြမႏုိးေသးရင္ သူကလုိက္ၿပီးေတာ့ နႈိးေပတယ္။ YBS ကားေတြစဆြဲတုန္းကလဲ သူကားနဲ႔ အခမဲ့လုိက္ဆြဲေပးခဲ့တယ္။ ပရဟိတစိတ္ရွိတဲ့ဒီလုိလူတေယာက္ ဆုံရႈံးသြားတဲ့အတြက္ေရာ၊ ကုိယ့္ရဲ႕ လုပ္ေဖာ္ကုိင္ဖက္တေယာက္ ဆုံးရႈံးသြားတဲ့အတြက္ေရာ အမ်ားႀကီးစိတ္မေကာင္းျဖစ္ရပါတယ္။
ေမး-ရန္ကုန္ေလဆိပ္မွာ ေသနတ္ပစ္ၿပီး လူစုခြဲခဲ့ရတယ္ဆုိတာ ဟုတ္လားဗ်။
ေျဖ-ဟုတ္ပါတယ္။ ကြန္ေတာ္တုိ႔က ေသနတ္သမားကုိဝိုင္းဖမ္းတဲ့အခ်ိန္မွာ လူကအရမ္းမ်ားေတာ့ ေျခလြန္လက္လြန္ျဖစ္မွာစုိးလုိ႔ ရဲေတြက ေသနတ္သုံးခ်က္ မုိးေပၚေထာင္ပစ္ၿပီးေတာ့ လူစုခြဲလုိက္ရတာပါ။
ေက်းဇူးတင္ပါတယ္။
(ႏွင္းေမာင္ဦး)
ကုိကံထူး(အက်ီၤအျပာ) ရွင္းျပေနစဥ္။

Unicode
မေး- လေဆိပ်မှာ အစ်ကိုမြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကိုပြောပြပေးပါ။
ဖြေ-လေဆိပ်အဆောက်အအုံထဲကနေ လူတစ်ယောက်ပြေးဆင်းလာတယ်။ နောက်ကလူတွေက အဲဒီလူကို ဖမ်းပါဖမ်းပါဆိုပြီး အော်နေကြတယ်။ ကျွန်တော်တို့လဲ ရုတ်တရက်ဆိုတော့ကြောင်နေတာပေါ့။သေနတ်ကိုင်ထားတာတော့တွေ့တယ်။ အတုလားအစစ်လားဆိုတာတော့ ကျွန်တော်တို့လဲ မသိဘူးလေ။ အဲဒီအချိန်မှာကိုနေဝင်းက ခဲလုံးကိုင်ပြီးတော့ လှမ်းပစ်လိုက်တာ သေနတ်သမားနောက်စေ့ကိုထိသွားတယ်။ သူ့ကိုခဲမှန်သွားတော့ သေနတ်သမားကနောက်လှည့်ပြီး သေနတ်နဲ့အပစ်မှာ နေဝင်းကိုမှန်သွားတယ်။ ပစ်ပြီးတော့ သေနတ်သမားကရှေ့ကိုဆက်ပြေးပြီး မောင်းလာတဲ့ကားတွေကိုတားနေတယ်။ တက္ကစီသမားတယောက်က ဘုမသိဘမသိနဲ့ ရပ်ပေးလိုက်တယ်။ သေနတ်သမားက တက္ကစီပေါ်ကလူကို အောက်ဆင်းခိုင်းဖို့ပြောနေတုန်း အနားမှာရှိတဲ့ ကျွန်တော်တို့ကားသမားတွေက တွေ့တာတွေနဲ့ကောက်ပစ်ပြီးတော့ ဝိုင်းဖမ်းလိုက်ကြတာပါ။
မေး-ကိုနေဝင်းက နေရာမှာတင် သေနတ်မှန်ပြီး သေဆုံးသွားတာလား။ 
ဖြေ-နေဝင်းက သေနတ်မှန်ပြီးတော့ အဲဒီနေရာမှာ ခွေခွေလေး လဲသွားတယ်။ ဆီးခုံနားလောက်ကိုသေနတ်မှန်သွားတာပါ။ ကျွန်တော်တို့ အသင်းသားတယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ flying swallow အသင်းကားနဲ့ပဲဆေးရုံကိုပို့ကြပါတယ်။ မြောက်ဥက္ကလာဆေးရုံမရောက်ခင် လမ်းမှာပဲ ညနေ ၅ နာရီခွဲလောက်မှာ ကိုနေဝင်းဆုံးသွားတာပါ။
မေး-ကိုနေဝင်းနဲ့ သိတာဘယ်လောက်ကြာပြီလဲဗျ။
ဖြေ-ကျွန်တော်နဲ့သိတာ နှစ်နှစ်ကျော်ပြီဗျ။လူမှုရေးသိပ်ကောင်းတဲ့လူ၊ လေဆိပ်မှာဂိတ်ကိုစောင့်ပြီး အိပ်ကြတဲ့ ကားသမားတွေရှိတယ်။ မနက်၅နာရီဆိုရင် ကျွန်တော်တို့ ဂိတ်ဖွင့်တယ်။ အဲဒီမှာ ဂိတ်စောင့်ကြတဲ့ ကားသမားတွေမနိုးသေးရင် သူကလိုက်ပြီးတော့ နှိုးပေတယ်။ YBS ကားတွေစဆွဲတုန်းကလဲ သူကားနဲ့ အခမဲ့လိုက်ဆွဲပေးခဲ့တယ်။ ပရဟိတစိတ်ရှိတဲ့ဒီလိုလူတယောက် ဆုံရှုံးသွားတဲ့အတွက်ရော၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တယောက် ဆုံးရှုံးသွားတဲ့အတွက်ရော အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။
မေး-ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်ပြီး လူစုခွဲခဲ့ရတယ်ဆိုတာ ဟုတ်လားဗျ။
ဖြေ-ဟုတ်ပါတယ်။ ကွန်တော်တို့က သေနတ်သမားကိုဝိုင်းဖမ်းတဲ့အချိန်မှာ လူကအရမ်းများတော့ ခြေလွန်လက်လွန်ဖြစ်မှာစိုးလို့ ရဲတွေက သေနတ်သုံးချက် မိုးပေါ်ထောင်ပစ်ပြီးတော့ လူစုခွဲလိုက်ရတာပါ။
ကျေးဇူးတင်ပါတယ်။
(နှင်းမောင်ဦး)
ကိုကံထူး(အင်္ကျီအပြာ) ရှင်းပြနေစဉ်။

Loading...