တရားခြင္မွာ အမႈစစ္ေနရင္း ေရွ႔ေနတစ္ဦးလဲက်ေသဆုံး

Loading...
_________________________________________________________
တရားခြင္မွာ အမႈစစ္ေနရင္း ေရွ႔ေနတစ္ဦးလဲက်ေသဆုံး
မႏၲေလးတိုင္းေဒသႀကီး မုိးကုတ္ၿမိဳ႕နယ္ တရား႐ံုးတရားခြင္မွာ အမႈစစ္ေဆးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္ဆိုသူက  ႐ုတ္တရက္ လဲက်ေသဆံုးခဲ့တယ္လုိ႔ သိရပါတယ္။
မိုးကုတ္ၿမိဳ႕နယ္ တရား႐ံုးမွာ ဇန္န၀ါရီ ၂၇ ရက္ မြန္းတည့္ ၁၂ နာရီေလာက္က တရားခြင္ထဲမွာ အမႈစစ္ေဆးေနတုန္း တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္က ႐ုတ္တရက္ မူးလဲၿပီး  ေသဆံုးခဲ့တာလုိ႔ မုိးကုတ္ၿမိဳ႕မ ရဲတပ္ဖြဲ႕စခန္းကေန သိရပါတယ္။
‘‘တရားခြင္မွာ အမႈစစ္ရင္းနဲ႔ ေသသြားတယ္လို႔ေျပာတယ္။ေရွ႕ေနက ေရပူဘက္ကလို႔သိရတယ္။ ဘာေရာဂါနဲ႔ ေသတယ္ဆိုတာ ေတာ့မသိရေသးဘူး’’လုိ႔ မုိးကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦး၀င္းတင့္က ေျပာပါတယ္။
တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္ေသဆံုးမႈနဲ႔ ပတ္သတ္ၿပီး မုိးကုတ္ေဆး႐ံုမွာ ရင္ခြဲစစ္ေဆးမွာျဖစ္ၿပီး ေသမႈေသခင္းအမႈဖြင့္ကာ စစ္ေဆးေနတယ္လုိ႔ မိုးကုတ္ၿမိဳ႕မရဲစခန္း တာ၀န္က် ရဲအရာရွိတစ္ဦးက ေျပာပါတယ္။
‘‘ဒီလိုျဖစ္စဥ္မ်ိဳးျဖစ္တာက ေတာ့ မိုးကုတ္ၿမိဳ႕နယ္မွာ ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။ ဘာေၾကာင့္ ေသတယ္ဆိုတာကေတာ့ ရင္ခြဲစစ္ေဆးၿပီးမွပဲ သိမွာပါ’’လုိ႔ မိုးကုတ္ၿမိဳ႕မရဲတပ္ဖြဲ႕စခန္း တာ ဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
Source : 7DayDaily

Unicode
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် တရားရုံးတရားခွင်မှာ အမှုစစ်ဆေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ဆိုသူက  ရုတ်တရက် လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ် တရားရုံးမှာ ဇန်နဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီလောက်က တရားခွင်ထဲမှာ အမှုစစ်ဆေးနေတုန်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်က ရုတ်တရက် မူးလဲပြီး  သေဆုံးခဲ့တာလို့ မိုးကုတ်မြို့မ ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။
‘‘တရားခွင်မှာ အမှုစစ်ရင်းနဲ့ သေသွားတယ်လို့ပြောတယ်။ရှေ့နေက ရေပူဘက်ကလို့သိရတယ်။ ဘာရောဂါနဲ့ သေတယ်ဆိုတာ တော့မသိရသေးဘူး’’လို့ မိုးကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းတင့်က ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်သေဆုံးမှုနဲ့ ပတ်သတ်ပြီး မိုးကုတ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးမှာဖြစ်ပြီး သေမှုသေခင်းအမှုဖွင့်ကာ စစ်ဆေးနေတယ်လို့ မိုးကုတ်မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
‘‘ဒီလိုဖြစ်စဉ်မျိုးဖြစ်တာက တော့ မိုးကုတ်မြို့နယ်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဘာကြောင့် သေတယ်ဆိုတာကတော့ ရင်ခွဲစစ်ဆေးပြီးမှပဲ သိမှာပါ’’လို့ မိုးကုတ်မြို့မရဲတပ်ဖွဲ့စခန်း တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Source : 7DayDaily
Loading...