လွတ်လပ်ရေးနေ့ မုန့်စားပြိုင်ပွဲဝင် အမျိုးသားကြီးတစ်ဦး အစာနင် သေဆုံး



_________________________________________________________


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြို့ဦးရပ် အများသုံးရေကန် အနီးတွင် ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပသည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မုန့်စားပြိုင်ပွဲ၌ ပြိုင်ပွဲဝင်  အမျိုးသားကြီးတစ်ဦး အစာနင် သေဆုံးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ မြို့မရပ်တွင် နေထိုင်သည့် အသက် ၆၁ နှစ် အရွယ်ရှိ ဦးသိန်းဟန်ဆိုသူ ဖြစ်ပြီး မုန့်စားပြိုင်ပွဲတွင် ပေါင်မုန့်စားနေရာမှ အစာနင်နေသဖြင့် ကျောက်ဆည်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ တင်ပြသည့် ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့၏ မှုခင်းကြေးနန်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဆည်မြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၇ ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

လွတ်လပ်ရေး ရခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ရောက်တိုင်း မြန်မာနိုင်ငံ ဒေသအနှံ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပလေ့ ရှိသည်။