Breaking News


ပူတာအိုမြို့နယ်၌ စက်လှေ မှောက်၍ ပျောက်ဆုံးနေသည့် အလောင်း နှစ်လောင်းတွေ့


Loading...


ပူတာအိုမြို့နယ် မလိခမြစ်နှင့် မူလာရှီဒီး မြစ်ဆုံတွင် စက်လှေ တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် လေးဦးအနက် ရုပ်အလောင်း နှစ်လောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက တွေ့ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်က အင်လွယ်ယန်ကျေးရွာမှ နောင်ခိုင်ကျေးရွာသို့ လူ ၂၄ ဦးပါ အဆန်မောင်းနှင်လာသည့် စက်လှေသည် မလိခနှင့် မူလာရှီဒီးမြစ်ဆုံအရောက်တွင် ကျောက်တုံးကိုဝင်တိုက်မိရာမှ ကလေးငယ် တစ်ဦး သေဆုံး၍ ပျောက်ဆုံးနေသည့် လေးဦးအနက် နှစ်လောင်းကို စက်လှေ နစ်မြုပ်ခဲ့သည့်နေရာနှင့် ကိုက်တစ်ထောင် အကွာခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။

အဆိုပါ စက်လှေမောင်းနှင်သူ ဦးအာလိန်ကို (ပ)၅ /၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၂၈၀ /၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The voice
Loading...