Breaking News


နောက်တစ်ယောက် လက်ထပ်မယ်ပြောတဲ့ ချစ်သူရဲ့ ငယ်ပါကို တံစဉ်းနဲ့ခုတ်ဖြတ်


Loading...



ချစ်သူရဲ့ သစ္စာဖောက်ခြင်းကိုခံရရပြီး စွန့်ပစ်မှုကို ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ချစ်သူရဲ့ ငယ်ပါကိ တံစဉ်းနဲ့ ခုတ်ဖြတ်လိုက်ကြောင်းသိရပါတယ်။ငယ်ပါခုတ်ဖြတ်ခံလိုက်ရတဲ့အမျိုးသားဟာ သူမကိုစွန့်ပစ်ပြီး အခြားတစ်ယောကို လက်ထက်တော့မယ်လို့ ပြောခဲ့တဲ့အတွက် အဆိုပါအမျိုးသမီးဟာ ဒေါသထွက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ သူမကိုစွန့်ပစ်ဖို့ ကြံရွယ်ပြီး အခြားအမျိုးသမီးတွေနဲ့ အိပ်စက်နေတဲ့ အဆိုပါအမျိုးသားဟာ သူမက အတူအိပ်ကြဖို့ ဖြားယောင်းကာ အခန်းထဲခေါ်လာပြီးနောက်ပိုင်း ဒီလိုလုပ်လိုက်တာလို့ ဆိုပါတယ်။ အိပ်ခန်းထဲမှာ ဒဏ်ရာတွေနဲ့ လဲနေခဲ့တဲ အသက် ၂၃ နှစ်အရွယ် အမျိုးသားကို မိဘတွေကိုယ်တိုင် ဆေးရုံပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။
ဒါပေမယ့်လည်း အဆိုပါအမျိုးသားဟာ သူ့ရဲ့ငယ်ပါကို သူကိုယ်တိုင်ဖြတ်ပစ်လိုက်တာဖြစ်တယ်လို့ ဆရာဝန်တွေထံ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ သူတို့စုံတွဲရဲ့အဖြစ်ကို လူမသိစေချင်တဲ့အတွက်ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ ဒါရှန်ဆင်းအရပ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ သူတို့ စုံတွဲဟာ ချစ်သူတွေဖြစ်ခဲ့တာ လေးနှစ်ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။
" ကောင်လေးကို ဒီလိုလုပ်ခဲ့တဲ့ မိန်းကလေးက သူတို့အိမ်နီးချင်းပါပဲ။ သူတို့ကချစ်သူတွေလို့ သိရပါတယ်။ ကောင်လေးက အခြားမိန်းကလေးနဲ့ ငြိစွန်းခဲ့ပြီး မိဘချင်းကလည်း သဘောတူထားတာမျိုးရှိတယ်လို့သိရပါတယ်" လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ အခုအခါ အဆိုပါမိန်းကလေးကို ဖမ်းဆီးထားပြီးပြီလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကသူတို့ရဲ့နာမည်ကို ဖော်ပြခြင်းမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အသက် ၃၀ အရွယ်အိမ်ထောင်ရှင်မတစ်ဦးဟာ သူမခင်ပွန်းရဲ့ ညီဖြစ်သူ ငယ်ပါကို ခုတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အဆိုပါအမျိုးသားဟာ ဆွဲကြိုးချသေဆုံးသွားပါတယ်။
Duwun
Loading...