Breaking News

စမ်းချောင်းဗားဂရာလမ်းက သီလရှင်သတ်မှု အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်ကျခံစေရန် အမိန့် ချ


Loading...
 စမ်းချောင်းဗားဂရာလမ်းက သီလရှင်သတ်မှု အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်ကျခံစေရန် အမိန့် ချ
အိပ်နေတဲ့လူအနား မနက်စောစောတံမြက်စည်းလှဲလို့ ဓါးနဲ့ ခုတ်သတ်ခံရတဲ့စမ်းချောင်း ကျွန်း တောကျောင်းတိုက်က သီလရှင်ဆရာလေးသတ်ခံရမှု နဲ့ စွဲချက်တင်ခံရသူကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလို့  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆယ်နှစ်ကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့် ချပါတယ်။
နှစ်ဖတ် သက်သေထွက်ချက်များနဲ့ တရားခံကိုယ်တိုင်ကျမ်းကျိန်ထွက်ဆိုချက်မှာ လူသတ်မှု ကျူးလွန်ကြောင်း ထင်ရှားလို့  အမှုစစ်တရားသူကြီးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်ကျခံစေဖို့ အမိန့် ချပါတယ်။ ချုပ်ရက်ကို ပြစ်ဒဏ်အတွင်းမှာထုတ်နုတ်ခံစား ခွင့်ပြုပါတယ်။
ဖြစ်စဉ်အကျဉ်း ၂၀၁၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ က တရားလိုဟာ စမ်းချောင်းဘားဂရာကျောင်းတိုက်ကသီ လရှင်ဆရာလေးကျောင်းတိုက်မှာတည်းခိုနေစဉ် မနက် ၇ နာရီခွဲခန့်  မှာ ဇရပ်အတွင်တံမြတ်စည်းလှဲရာ တရားခံကျော်သူရထွန်းက သူအိမ်နေတဲ့အနားမလှဲဖို့ အော်ဟစ်ပြောဆိုလို့ သီလရှင်ဆရာလေးက တံမြတ်စည်းသွားလှဲရာ အနီးရှိ ထင်ခုတ်တဲ့ဓါးနဲ့ ခုတ်လို့  ဆရာလေးရဲ့ ဦးခေါင်းနောက်စေ့၊ဇတ်ပိုးပြတ် ရှဒဏ်ရာများရရှိသေဆုံးသွားလို့ ပြစ်မှုကျူလွန်သူကိုအရေးယူပေးဖို့ သက်ဆိုင်ရာ စမ်းချောင်းမြို့မရဲစ ခန်းကိုတိုင်တန်းခဲ့တဲ့အမှုဖြစ်ပါတယ်။
သက်ဆိုင်ရာရဲစခန်းက (ပ)၁၄၅/၂၀၁၆ နဲ့ အမှုဖွင့်စုံစမ်းစစ် ဆေးကာ အနောက်ပိုင်းခရိုင်တရားရုံးကိုတရားစွဲဆိုတင်ပို့ ခဲ့တာဖြစ်ပါတယ်။
Author လူမွန်
Credit : Kumudra News
Loading...