ျပင္ဦးလြင္က အထင္ကရ ဝိဥာဥ္ လႊတ္ထားတဲ႔ သစ္ပင္



_________________________________________________________
              ျပင္ဦးလြင္က အထင္ကရ ဝိဥာဥ္ လႊတ္ထားတဲ႔ သစ္ပင္


ႏွစ္၁၅၀ေလာက္သက္တမ္းရွိတဲ႔ ျမစိမ္းေရာင္စံအိမ္ႀကီးအေၾကာင္းကိုေတာ့ ျပင္ဦးလြင္ၿမိဳ႕ခံ အမ်ားစုသိၿပီးသားျဖစ္မွာပါ။အခုေျပာမယ့္ ဝိဥာဥ္လႊတ္ထားတဲ႔ သစ္ပင္ႀကီးက အဲဒီျမစိမ္းေရာင္စံအိမ္ဝင္းထဲမွာရွိေနတာပါ။

ျမစိမ္းေရာင္စံအိမ္ႀကီးက ျပင္ဦးလြင္ၿမိဳ႕မွာ ပရေလာကနဲ႔ပတ္သက္ၿပီးေလ့လာခ်င္ေနတဲ႔သူေတြအတြက္ေတာ့ ထာဝရစိမ္ေခၚမႈေတြနဲ႔ ေစာင့္ဆိုင္းေနတဲ႔ စံအိမ္ႀကီးပါ။ျမစိမ္းေရာင္စံအိမ္ႀကီးနဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ့္မွာေရးစရာေတြ ေျပာစရာေတြအမ်ားအျပားရွိေနပါတယ္။အခုေျပာျပမယ့္အေၾကာင္းအရာေလးကေတာ့ ျမစိမ္းေရာင္စံအိမ္ထဲက ဝိဥာဥ္ေတြလႊတ္ထားတဲ႔ သစ္ပင္ႀကီးအေၾကာင္းပါ။

ျမစိမ္းေရာင္စံအိမ္ႀကီးက အစိုးရပိုင္အေဆာက္အဦးႀကီးပါ။ကုန္သြယ္ေရးဝန္ႀကီးဌာနလက္ေအာက္မွာရွိပါတယ္။ ေခတ္ကာလေပါင္းမ်ားစြာကို ျဖတ္သန္းခဲ႔ပါတယ္။ တစ္ခုထူးျခားတာက ျမစိမ္းေရာင္စံအိမ္ႀကီးမွာေနတဲ႔သူေတာ္ေတာ္မ်ားမ်ားဟာ စံအိမ္ႀကီးမွာေနထိုင္စဥ္ကာလမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေသဆံုးသြားခဲ႔ရတာပါပဲ။ေျခာက္လွန္႔မႈေတြရွိေပမယ့္ ေနမရေလာက္ေအာင္ေတာ့မျဖစ္ခဲ႔ပါဘူး။ဒါေပမယ့္ တစ္ခါကေတာ့ လူေတြကိုအိမ္ေပၚမွာေနလို႔မရေအာင္ ေျခာက္လွန္႔တဲ႔ ဝိဥာဥ္ေပၚလာခဲ႔ပါတယ္။ မတတ္သာတဲ႔ေနာက္ဆံုးမွာေတာ့ အိမ္ေပၚမွာေနသူေတြက ေသဆံုးသူရဲ႕ ဝိဥာဥ္ကို ေနစရာေပးတဲ႔သေဘာနဲ႔ ျမစိမ္းေရာင္စံအိမ္ေရွ႕က အထင္ကရ ယူကလစ္ပင္ႀကီးကိုေျပာင္းေရႊ႕ေနေစရာကေန ဝိဥာဥ္လႊတ္ထားတဲ႔ အပင္ႀကီးျဖစ္လာခဲ႔တာပါပဲ။

သူမနာမည္က ေဒၚဝါဝါရွိန္တဲ႔ ။ ကုန္သြယ္ေရးက ဝန္ထမ္းတစ္ဦးရဲ႕ဇနီးပါ။ ေျခာက္ျခားစရာေကာင္းတဲ႔ ျမစိမ္းေရာင္စံအိမ္ႀကီးမွာ ကုန္သြယ္ေရးကဝန္ထမ္းေတြက အခန္းေတြကန္႔ၿပီး မိသားစုလိုက္ေနၾကပါတယ္။ေဒၚဝါဝါရွိန္က မ်ိဳးရိုးစဥ္ဆက္ ငါးေရာင္းခဲ႔တာမို႔ စိတ္ၾကမ္းလူၾကမ္းပါ။ သူမေယာက်္ားကေတာ့ ေအးေအးေဆးေဆးသမားပါပဲ။အိမ္ႀကီးမွာေနထိုင္တဲ႔ က်န္တဲ႔မိသားစုေတြက အစိုးရဝန္ထမ္းေတြမို႔သာ မတတ္သာလို႔ထားရာမွာေနရေပမယ့္ အေျခာက္အလွန္႔မ်ားၿပီး ေျမၾကမ္းတဲ႔ ျမစိမ္းေရာင္စံအိမ္ႀကီးမွာေနၾကခိုက္ ဘုရားတရားၿမဲေနၾကေပမယ့္ ေဒၚဝါဝါရွိန္ကေတာ့ သရဲတေစၦကို အယံုအၾကည္မရွိပါဘူး၊ မေၾကာက္ဖူးဆိုၿပီး မၾကာဏစိမ္ေခၚမႈေတြကိုလည္းျပဳလုပ္ခဲ႔ပါတယ္။
သူမေၾကြးေၾကာ္ေနၾကစကားက
"လာခ်င္တဲ႔သရဲလာ ဝါဝါရွိန္႔အေၾကာင္း သိသြားေစရမယ္" တဲ႔။
ဒီလိုနဲ႔တစ္ညေတာ့ သူမေယာက်္ားမရွိခိုက္ ေခြးနက္ႀကီးတစ္ေကာင္က သူတို႔ေနတဲ႔ အခန္းေပါက္ဝေန လ်ွာႀကီးထြက္ၿပီးလာၾကည့္ေနပါတယ္။ ေဒၚဝါဝါရွိန္လည္း အစာလာေတာင္းတဲ႔ေခြးထင္ၿပီးေမာင္းထုတ္ေပမယ့္ထြက္မသြားခဲ႔ပါဘူး။ ဒါနဲ႔ စရိုက္ၾကမ္းသူပီပီ ေခြးနက္ႀကီးကိုေရေႏြးပူနဲ႔ေလာင္းလိုက္တဲ႔အခ်ိန္မွာေတာ့ ေခြးနက္ႀကီးက ရုတ္တရက္ေပ်ာက္သြားပါတယ္။အဲဒါနဲ႔တၿပိဳင္နက္ေဒၚဝါဝါရွိန္မွာ အသက္ရွဴေတြၾကပ္လာၿပီး လ်ွာႀကီးထြက္ၿပီးလဲက်သြားပါတယ္။

ေဒၚဝါဝါရွိန္ရဲ႕ ၿငီးျငဴၿပီးလဲက်သံေၾကာင့္ ေဘးအခန္းက လူေတြကေျပးလာၾကေတာ့ သူမကၾကမ္းျပင္ေပၚမွာ လဲက်လူးလွိမ့္ေနပါတယ္။သူမပါးစပ္ကလည္း ေခြးနက္ႀကီးကို ေရေႏြးပူနဲ႔ေလာင္းတာ ေပ်ာက္သြားတဲ႔အေၾကာင္းကို ဝူးဝူးဝါးဝါးနဲ႔ေျပာေနပါတယ္။ဒါနဲ႔မျဖစ္ဖူးဆိုၿပီး သူမကို ျပင္ဦးလြင္ျပည္သူ႔ေဆးရံုႀကီးကိုပို႔လိုက္ၾကပါတယ္။ျပင္ဦးလြင္ျပည္သူ႔ေဆးရံုႀကီးက မရဘူး၊ မႏၲေလးေဆးရံုႀကီးကိုပို႔ရမယ္လို႔ဆိုပါတယ္။သူမေယာက်္ားလည္းေရာက္လာတာနဲ႔တိုင္ပင္ၿပီး မႏၲေလးေဆးရံုကိုပို႔ဖို႔စီစဥ္ၿပီး မႏၲေလးကိုဆင္းခဲ႔ၾကပါတယ္။ဒါေပမယ့္ ၂၁ မိုင္အေရာက္မွာပဲ သူမကြယ္လြန္သြားခဲ႔ပါတယ္။ သူမမေသဆံုးခင္ေဆးရံုကားေပၚမွာလည္း သူမေရေႏြးပူနဲ႔ပက္လိုက္တဲ႔ ေခြးနက္ႀကီးက သရဲမႀကီးဆိုၿပီး ကေယာင္ကတမ္းနဲ႔ ျငီးတြားသြားခဲ႔ပါတယ္။

သူမအေလာင္းကို သၿဂိဳဟ္ဖို႔ စီစဥ္ေနတုန္းမွာပဲ ျပႆနာေတြက စေတာ့တာပါပဲ။သူမအသုဘအတြက္ စီစဥ္ဖို႔ ျမစိမ္းေရာင္စံအိမ္ႀကီးဆီေရာက္ေနသူေတြကို အသံအမ်ိဳးမ်ိဳး၊ အနံ႔အမ်ိဳးမ်ိဳးေပးၿပီးေျခာက္လွန္႔ခဲ႔ပါတယ္။အစပိုင္းေတာ့ အားလံုးကရက္မလည္ေသးလို႔ သူမက ေျခာက္လွန္႔ေနတာလို႔ထင္ခဲ႔ၾကပါတယ္။ ဒါေပမယ့္ရက္လည္ၿပီး ရက္ေပါင္းမ်ားစြာၾကာလာတဲ႔အခ်ိန္အထိ သူမရဲ႕ေျခာက္လွန္႔မႈေတြက ရပ္မသြားတဲ႔အျပင္ပိုၿပီးေတာ့ ဆိုးဝါးလာပါတယ္။ အသံေတြ၊ အနံ႔ေတြေပးတာတင္မကေတာ့ပဲ ကိုယ္ထိလက္ေရာက္ေနာက္ကေနတြန္းတာေတြလုပ္လာသလို တစ္ခါတစ္ရံမွာ သူမရဲ႕ေၾကာက္လန္႔စရာမ်က္ႏွာႀကီးကို ျမစိမ္းေရာင္စံအိမ္ႀကီးမွာေနတဲ႔ အျခားဝန္ထမ္းေတြကို ျပတတ္ပါတယ္။ေနာက္ဆံုးအိမ္ႀကီးေပၚမွာ ဘယ္သူမွမေနရဲသေလာက္ျဖစ္လာခဲ႔ပါတယ္။

ဒါနဲ႔နားလည္တဲ႔ သူေတြကိုေခၚၿပီး သူမဝိဥာဥ္ကို ျမစိမ္းေရာင္စံအိမ္ရွိတဲ႔ ၿခံဝင္းထဲက ယူကလစ္ပင္ႀကီးမွာေနဖို႔ ေနရာသတ္မွတ္ေပးခဲ႔ရပါတယ္။ေနာက္ပိုင္းသူမက ျမစိမ္းေရာင္စံအိမ္ႀကီးထဲမွာ မေနရေတာ့ေပမယ့္ ယူကလစ္ပင္နားကို လာတဲ႔သူေတြကို ဆက္လက္ေျခာက္လွန္႔ေနခဲ႔ပါတယ္။ျမစိမ္းေရာင္စံအိမ္နဲ႔ အနီးအနားပတ္ဝန္းက်င္ကသူေတြကေတာ့ အေၾကာင္းသိလို႔ ဘယ္သူမွ ယူကလစ္ပင္နားကို ေန႔ေရာညပါျဖတ္သြားျဖတ္လာမလုပ္ၾကပါဘူး။
ဒါေပမယ့္ မသိလို႔ျဖစ္ေစ၊ မတတ္သာလို႔ျဖစ္ေစ မျဖစ္မေနယူကလစ္ပင္နားကျဖတ္သြားရသူေတြကေတာ့ ယူကလစ္ပင္နားညေန ေနဝင္ရီတေရာအခ်ိန္ျဖတ္သြားမိရင္ အပင္ေပၚကေန အမ်ိဳးသမီးတစ္ဦးခုန္ခ်လာတတ္ၿပီး ေအာက္ေရာက္ရင္ငုတ္တုပ္ႀကီးထိုင္ေနတတ္ေၾကာင္းေျပာေလ့ရွိၾကပါတယ္။အခ်ိဳ႕ကလည္း ကိုယ္တစ္ပိုင္းျပတ္သရဲမလို႔ဆိုၾကတယ္။

အဲဒီေနာက္ပိုင္းေတာ့ ျမစိမ္းေရာင္စံအိမ္ႀကီးမွာေနထိုင္သူ ဝန္ထမ္းေတြအေသအေပ်ာက္မ်ားလာၿပီး အခုအခါမွာေတာ့ ၿခံဝင္းႀကီးနားမလွမ္းမကမ္းက မ်ိဳးရိုးစဥ္ဆက္ ျမစိမ္းေရာင္စံအိမ္ေစာင့္ဝန္ထမ္း အေစာင့္ေဂၚရခါးလင္မယားကလြဲရင္ ဘယ္သူမွမေနၾကေတာ့ပါဘူး။
အစိုးရပိုင္ဝင္းႀကီးမို႔ ပတ္ဝန္းက်င္မွာ အစိုးရရံုးသစ္ႀကီးေတြကို ထည္ထည္ဝါဝါတည္ေဆာက္ထားၾကၿပီး အစိုးရအရာရွိေတြရံုးထိုင္ေနၾကေပမယ့္ ေဘးကပ္လ်ွက္က ၿပိဳက်လုစဲစဲျမစိမ္းေရာင္စံအိမ္ႀကီးနဲ႔ မလွမ္းမကမ္းက ယူကလစ္ပင္ႀကီးကို အခုထိဘယ္သူမွမထိရဲတာကေတာ့ ပရေလာကျဖစ္ရပ္ေတြေၾကာင့္လားဆိုတာနဲ႔ အစိုး႐ံုးသစ္ေတြေဆာက္စဥ္က ျမစိမ္းေရာင္စံအိမ္ထဲမွာ ကန္ေတာ့ပြဲေတြအမ်ားအျပားဘာလို႔ေပးထားတာလဲဆိုတာကိုေတာ့ တာဝန္ရွိသူေတြသာသိမည္ဟုထင္ပါေၾကာင္း…

လူျမန္မာ

Unicode
နှစ်၁၅၀လောက်သက်တမ်းရှိတဲ့ မြစိမ်းရောင်စံအိမ်ကြီးအကြောင်းကိုတော့ ပြင်ဦးလွင်မြို့ခံ အများစုသိပြီးသားဖြစ်မှာပါ။အခုပြောမယ့် ဝိဉာဉ်လွှတ်ထားတဲ့ သစ်ပင်ကြီးက အဲဒီမြစိမ်းရောင်စံအိမ်ဝင်းထဲမှာရှိနေတာပါ။

မြစိမ်းရောင်စံအိမ်ကြီးက ပြင်ဦးလွင်မြို့မှာ ပရလောကနဲ့ပတ်သက်ပြီးလေ့လာချင်နေတဲ့သူတွေအတွက်တော့ ထာဝရစိမ်ခေါ်မှုတွေနဲ့ စောင့်ဆိုင်းနေတဲ့ စံအိမ်ကြီးပါ။မြစိမ်းရောင်စံအိမ်ကြီးနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာရေးစရာတွေ ပြောစရာတွေအများအပြားရှိနေပါတယ်။အခုပြောပြမယ့်အကြောင်းအရာလေးကတော့ မြစိမ်းရောင်စံအိမ်ထဲက ဝိဉာဉ်တွေလွှတ်ထားတဲ့ သစ်ပင်ကြီးအကြောင်းပါ။

မြစိမ်းရောင်စံအိမ်ကြီးက အစိုးရပိုင်အဆောက်အဦးကြီးပါ။ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိပါတယ်။ ခေတ်ကာလပေါင်းများစွာကို ဖြတ်သန်းခဲ့ပါတယ်။ တစ်ခုထူးခြားတာက မြစိမ်းရောင်စံအိမ်ကြီးမှာနေတဲ့သူတော်တော်များများဟာ စံအိမ်ကြီးမှာနေထိုင်စဉ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသွားခဲ့ရတာပါပဲ။ခြောက်လှန့်မှုတွေရှိပေမယ့် နေမရလောက်အောင်တော့မဖြစ်ခဲ့ပါဘူး။ဒါပေမယ့် တစ်ခါကတော့ လူတွေကိုအိမ်ပေါ်မှာနေလို့မရအောင် ခြောက်လှန့်တဲ့ ဝိဉာဉ်ပေါ်လာခဲ့ပါတယ်။ မတတ်သာတဲ့နောက်ဆုံးမှာတော့ အိမ်ပေါ်မှာနေသူတွေက သေဆုံးသူရဲ့ ဝိဉာဉ်ကို နေစရာပေးတဲ့သဘောနဲ့ မြစိမ်းရောင်စံအိမ်ရှေ့က အထင်ကရ ယူကလစ်ပင်ကြီးကိုပြောင်းရွှေ့နေစေရာကနေ ဝိဉာဉ်လွှတ်ထားတဲ့ အပင်ကြီးဖြစ်လာခဲ့တာပါပဲ။

သူမနာမည်က ဒေါ်ဝါဝါရှိန်တဲ့ ။ ကုန်သွယ်ရေးက ဝန်ထမ်းတစ်ဦးရဲ့ဇနီးပါ။ ခြောက်ခြားစရာကောင်းတဲ့ မြစိမ်းရောင်စံအိမ်ကြီးမှာ ကုန်သွယ်ရေးကဝန်ထမ်းတွေက အခန်းတွေကန့်ပြီး မိသားစုလိုက်နေကြပါတယ်။ဒေါ်ဝါဝါရှိန်က မျိုးရိုးစဉ်ဆက် ငါးရောင်းခဲ့တာမို့ စိတ်ကြမ်းလူကြမ်းပါ။ သူမယောကျာ်းကတော့ အေးအေးဆေးဆေးသမားပါပဲ။အိမ်ကြီးမှာနေထိုင်တဲ့ ကျန်တဲ့မိသားစုတွေက အစိုးရဝန်ထမ်းတွေမို့သာ မတတ်သာလို့ထားရာမှာနေရပေမယ့် အခြောက်အလှန့်များပြီး မြေကြမ်းတဲ့ မြစိမ်းရောင်စံအိမ်ကြီးမှာနေကြခိုက် ဘုရားတရားမြဲနေကြပေမယ့် ဒေါ်ဝါဝါရှိန်ကတော့ သရဲတစ္ဆေကို အယုံအကြည်မရှိပါဘူး၊ မကြောက်ဖူးဆိုပြီး မကြာဏစိမ်ခေါ်မှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။
သူမကြွေးကြော်နေကြစကားက
"လာချင်တဲ့သရဲလာ ဝါဝါရှိန့်အကြောင်း သိသွားစေရမယ်" တဲ့။
ဒီလိုနဲ့တစ်ညတော့ သူမယောကျာ်းမရှိခိုက် ခွေးနက်ကြီးတစ်ကောင်က သူတို့နေတဲ့ အခန်းပေါက်ဝနေ လျှာကြီးထွက်ပြီးလာကြည့်နေပါတယ်။ ဒေါ်ဝါဝါရှိန်လည်း အစာလာတောင်းတဲ့ခွေးထင်ပြီးမောင်းထုတ်ပေမယ့်ထွက်မသွားခဲ့ပါဘူး။ ဒါနဲ့ စရိုက်ကြမ်းသူပီပီ ခွေးနက်ကြီးကိုရေနွေးပူနဲ့လောင်းလိုက်တဲ့အချိန်မှာတော့ ခွေးနက်ကြီးက ရုတ်တရက်ပျောက်သွားပါတယ်။အဲဒါနဲ့တပြိုင်နက်ဒေါ်ဝါဝါရှိန်မှာ အသက်ရှူတွေကြပ်လာပြီး လျှာကြီးထွက်ပြီးလဲကျသွားပါတယ်။

ဒေါ်ဝါဝါရှိန်ရဲ့ ငြီးငြူပြီးလဲကျသံကြောင့် ဘေးအခန်းက လူတွေကပြေးလာကြတော့ သူမကကြမ်းပြင်ပေါ်မှာ လဲကျလူးလှိမ့်နေပါတယ်။သူမပါးစပ်ကလည်း ခွေးနက်ကြီးကို ရေနွေးပူနဲ့လောင်းတာ ပျောက်သွားတဲ့အကြောင်းကို ဝူးဝူးဝါးဝါးနဲ့ပြောနေပါတယ်။ဒါနဲ့မဖြစ်ဖူးဆိုပြီး သူမကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကိုပို့လိုက်ကြပါတယ်။ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးက မရဘူး၊ မန္တလေးဆေးရုံကြီးကိုပို့ရမယ်လို့ဆိုပါတယ်။သူမယောကျာ်းလည်းရောက်လာတာနဲ့တိုင်ပင်ပြီး မန္တလေးဆေးရုံကိုပို့ဖို့စီစဉ်ပြီး မန္တလေးကိုဆင်းခဲ့ကြပါတယ်။ဒါပေမယ့် ၂၁ မိုင်အရောက်မှာပဲ သူမကွယ်လွန်သွားခဲ့ပါတယ်။ သူမမသေဆုံးခင်ဆေးရုံကားပေါ်မှာလည်း သူမရေနွေးပူနဲ့ပက်လိုက်တဲ့ ခွေးနက်ကြီးက သရဲမကြီးဆိုပြီး ကယောင်ကတမ်းနဲ့ ငြီးတွားသွားခဲ့ပါတယ်။

သူမအလောင်းကို သဂြိုဟ်ဖို့ စီစဉ်နေတုန်းမှာပဲ ပြဿနာတွေက စတော့တာပါပဲ။သူမအသုဘအတွက် စီစဉ်ဖို့ မြစိမ်းရောင်စံအိမ်ကြီးဆီရောက်နေသူတွေကို အသံအမျိုးမျိုး၊ အနံ့အမျိုးမျိုးပေးပြီးခြောက်လှန့်ခဲ့ပါတယ်။အစပိုင်းတော့ အားလုံးကရက်မလည်သေးလို့ သူမက ခြောက်လှန့်နေတာလို့ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်ရက်လည်ပြီး ရက်ပေါင်းများစွာကြာလာတဲ့အချိန်အထိ သူမရဲ့ခြောက်လှန့်မှုတွေက ရပ်မသွားတဲ့အပြင်ပိုပြီးတော့ ဆိုးဝါးလာပါတယ်။ အသံတွေ၊ အနံ့တွေပေးတာတင်မကတော့ပဲ ကိုယ်ထိလက်ရောက်နောက်ကနေတွန်းတာတွေလုပ်လာသလို တစ်ခါတစ်ရံမှာ သူမရဲ့ကြောက်လန့်စရာမျက်နှာကြီးကို မြစိမ်းရောင်စံအိမ်ကြီးမှာနေတဲ့ အခြားဝန်ထမ်းတွေကို ပြတတ်ပါတယ်။နောက်ဆုံးအိမ်ကြီးပေါ်မှာ ဘယ်သူမှမနေရဲသလောက်ဖြစ်လာခဲ့ပါတယ်။

ဒါနဲ့နားလည်တဲ့ သူတွေကိုခေါ်ပြီး သူမဝိဉာဉ်ကို မြစိမ်းရောင်စံအိမ်ရှိတဲ့ ခြံဝင်းထဲက ယူကလစ်ပင်ကြီးမှာနေဖို့ နေရာသတ်မှတ်ပေးခဲ့ရပါတယ်။နောက်ပိုင်းသူမက မြစိမ်းရောင်စံအိမ်ကြီးထဲမှာ မနေရတော့ပေမယ့် ယူကလစ်ပင်နားကို လာတဲ့သူတွေကို ဆက်လက်ခြောက်လှန့်နေခဲ့ပါတယ်။မြစိမ်းရောင်စံအိမ်နဲ့ အနီးအနားပတ်ဝန်းကျင်ကသူတွေကတော့ အကြောင်းသိလို့ ဘယ်သူမှ ယူကလစ်ပင်နားကို နေ့ရောညပါဖြတ်သွားဖြတ်လာမလုပ်ကြပါဘူး။
ဒါပေမယ့် မသိလို့ဖြစ်စေ၊ မတတ်သာလို့ဖြစ်စေ မဖြစ်မနေယူကလစ်ပင်နားကဖြတ်သွားရသူတွေကတော့ ယူကလစ်ပင်နားညနေ နေဝင်ရီတရောအချိန်ဖြတ်သွားမိရင် အပင်ပေါ်ကနေ အမျိုးသမီးတစ်ဦးခုန်ချလာတတ်ပြီး အောက်ရောက်ရင်ငုတ်တုပ်ကြီးထိုင်နေတတ်ကြောင်းပြောလေ့ရှိကြပါတယ်။အချို့ကလည်း ကိုယ်တစ်ပိုင်းပြတ်သရဲမလို့ဆိုကြတယ်။

အဲဒီနောက်ပိုင်းတော့ မြစိမ်းရောင်စံအိမ်ကြီးမှာနေထိုင်သူ ဝန်ထမ်းတွေအသေအပျောက်များလာပြီး အခုအခါမှာတော့ ခြံဝင်းကြီးနားမလှမ်းမကမ်းက မျိုးရိုးစဉ်ဆက် မြစိမ်းရောင်စံအိမ်စောင့်ဝန်ထမ်း အစောင့်ဂေါ်ရခါးလင်မယားကလွဲရင် ဘယ်သူမှမနေကြတော့ပါဘူး။
အစိုးရပိုင်ဝင်းကြီးမို့ ပတ်ဝန်းကျင်မှာ အစိုးရရုံးသစ်ကြီးတွေကို ထည်ထည်ဝါဝါတည်ဆောက်ထားကြပြီး အစိုးရအရာရှိတွေရုံးထိုင်နေကြပေမယ့် ဘေးကပ်လျှက်က ပြိုကျလုစဲစဲမြစိမ်းရောင်စံအိမ်ကြီးနဲ့ မလှမ်းမကမ်းက ယူကလစ်ပင်ကြီးကို အခုထိဘယ်သူမှမထိရဲတာကတော့ ပရလောကဖြစ်ရပ်တွေကြောင့်လားဆိုတာနဲ့ အစိုးရုံးသစ်တွေဆောက်စဉ်က မြစိမ်းရောင်စံအိမ်ထဲမှာ ကန်တော့ပွဲတွေအများအပြားဘာလို့ပေးထားတာလဲဆိုတာကိုတော့ တာဝန်ရှိသူတွေသာသိမည်ဟုထင်ပါကြောင်း…

လူမြန်မာ