Breaking News


ကလေးမမွေးခင်(၁၂)ရက်အထိ သူ့မှာကိုယ်ဝန်ရှိတာကို မသိဘူးလို့ဆိုတဲ့တက္ကသိုလ်ကျာင်းသူ


Loading...

သမီးလေးကို မမွေးခင်၊ 12 ရက်အလိုအထိ သူမမှာ ကိုယ်ဝန်ရှိတယ်ဆိုတာ မသိခဲ့ပါဘူး။ 

အင်္ဂလန်နိုင်ငံ Sittingbourne, Kent မှာ နေထိုင်တဲ့ အသက် 21 အရွယ် ကျောင်းသူ Lauren O’Donnell ဟာ လက်ရှိ သမီးလေးကို မမွေးခင်၊ 12 ရက်အလိုအထိ သူမမှာ ကိုယ်ဝန်ရှိတယ်ဆိုတာ မသိခဲ့ပါဘူး။ ဒါကြောင့် သူမဟာ သူငယ်ချင်းတွေနဲ့အတူ စားလိုက် သောက်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ သမီးလေးတစ်ယောက် မကြာခင်ရတော့မယ်ဆိုတာ သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။


ဒီလို ဖြစ်ရခြင်း အကြောင်းအရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။ အကြောင်းကတော့ Lauren ဟာ တားဆေးလည်း သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ရာသီချိန်အတွင်းသာ သောက်လေ့ရှိပြီး၊ ရာသီချိန်ပြင်ပမှာ သောက်လေ့မရှိပါဘူး။ ဒီအချက်ကလည်း သူမကိုယ် ထင်ယောင်ထင်မှာ ဖြစ်စေပါတယ်။ ပိုးဆိုးတာက ငါးလအရွယ် ကိုယ်ဝန်အချိန် ရောက်တဲ့အခါမှာ သွားရောက် စစ်ဆေးပြန်တော့လည်း Negative ဖြစ်နေခဲ့ပါတယ်။

နောက်တော့ ဗိုက်က ဆူလွန်းမက ဆူလာခဲ့လို့ ချစ်သူ နဲ့အတူ ဆရာဝန်ဆီ နောက်တစ်ခါ သွားပြခဲ့ပါတယ်။ ဆရာဝန်က ” မင်းတို့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖူးလား “လို့ မေးတော့ သူမက ” သိပ်မကြာသေးခင် လတုန်းက စစ်ခဲ့ပါတယ် ဆရာ … ဒါပေမယ့် Negative ပါ “လို့ ပြန်ဖြေခဲ့ပါတယ်။ ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ဆရာဝန်က အဖြေထုတ်ခဲ့ပါတယ်။ ကိုယ်ဝန် 38 ပတ် အရွယ်ကို ရောက်နေပါပြီတဲ့။


အဲဒီတော့မှ သူမနဲ့ ချစ်သူ Callum တို့ဟာ အများကြီးစိုးရိမ်သွားပါတယ်။ အကြောင်းကတော့ ဒီပုံစံအတိုင်းဆိုရင် Laurenဟာ တက္ကသိုလ်နားရတော့မှာပါ။ ဒါပေမယ့် ဒီလိုမှ မဟုတ်ရင်လည်း ကလေးက မွေးရမှာပါ။ Callum နဲ့ Lauren ဟာ နောက်ဆုံး သမီးလေးကို မွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဇူလိုင် 13 ရက်နေ့မှာ Eliza အမည်ရ သမီးလေးကို မွေးဖွားခဲ့ပါတယ်။ 7 ပေါင် 9 အောင်စ အလေးချိန်ရှိပြီး အလွန်ကျန်းမာ သန်စွမ်းပါတယ်။ Lauren က ” သမီလေးက ချစ်စရာလေးပါ … အခု ခြောက်လ ရှိပါပြီ … တစ်ခစ်ခစ် ရယ်လေ့ရှိပါတယ် … ကျွန်မတို့နှစ်ယောက်အတွက်တော့ သမီးလေးက အရာရာပါဘဲ”လို့ ပြောခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : mirror.co.uk
Loading...