ယာဉ်​ထိန်း​ရဲက နံပါတ်​တုတ်​ဖြင့်​လှမ်းရိုက်​​သော​ကြောင့်​ လူငယ်​တစ်​ဦးအသက်​​သေဆုံး

_________________________________________________________
 ဖြစ်​စဉ်​မှာ ရန်​ကုန်​တိုင်း​ဒေသကြီး၊ ဒလမြို နယ၊် မြိုမတစ်ရပ်ကွတ်တွင်နေထိုင်သူ ကိုဇော်မင်း မလီုင်လှိုင်၏သား မောင်ထူးအောင် ခ ထူးထူးအောင် အသက် ၁၉ နှစ် နှင့်​ မောင်ဝေဠုကျော်​ အသက် ၁၈ နှစ်တို့သည် (၁၄.၁.၂၀၁၇)ရက်​ စ​နေနေ့တွင် လှိုင်သာယာမြို့နယ်​မှဒလမြို့သို့ပြန်လာစဉ် တာကြီးကျောင်းစုယာဉ်​ထိန်းရုံးအနီး ဆ်ုင်​ကယ်​စီးဦးထုပ်မဆောင်းဘဲ ​မောင်းနှင်​သူများအား ဖမ်းနေသည်ကိုမြင်၍ ゞင်းတို့စီးလာသည့်​ဆိုင်​ကိုယ်​ကို ပြန်လှည့်လာစဉ် ဆောင်းကဖီးဆိုင်ရှေ့အ​ရောက်​ ယဉ်ထိန်းရဲ အောင်ထက်ပိုင်ဦးက နံပါတ်​တုတ်ဖြင့်ထွက်ရိုက်​သဖြင့်​ ဆိုင်​ကယ်​အနောက်မှစီးနင်းလာသော မောင်ထူးအောင်အားရိုက်မိကာ ရှေ့သို့ထိုးကျသွားပြီး ဆိုင်ကယ်​လည်း ​မှောက်သွား​ကြောင်း၊ ဆိုင်ကယ်မောင်းနှင်​သူ ဝေဠုကျော်၏ဦး​ခေါင်းကွဲသွားပြီး တုတ်​ဖြင့်​ရိုက်​ခံရပြီးပြုတ်​ကျသွားသူ မောင်ထူးအောင်မှာ သတိပြန်မလည်လာတော့​ကြောင်း၊ ゞင်းယဉ်ထိန်းရဲသည်​ သတိ​မေ့ပြီးလဲ​နေသူ မောင်ထူးအောင်အား ခြေထောက်ဖြင့်ကန်၍ သေမှအေးသည် ဟုပြော​ကြောင်း၊ ထိခ်ုက်​ဒဏ်​ရာရ​နေသူများကို အခင်းဖြစ်နေရာမှ ​ဆေးရုံသို့မပို့သေးပဲ လှည့်​ကင်းကား ​ရောက်​လာသောအခါမှသာ ゞင်းလူနာ ၂ ဦးအား ဒလဆေးရုံသို့ပို့ပြီးထားခဲ့​ကြောင်း၊ တာဝန်သိပြည်သူများကလိုက်လာပြီး ရန်ကုန်အရေးပေါ်ဌာနသို့ပို့​ပေးကာ မိဘများထံသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် မိဘများက ဆေးရုံသို့လိုက်သွားခဲ့​ကြောင်း၊ ​မောင်ထူးအောင်​အား ဓာတ်မှန်ရိုက်ရာ ၇၀ ရာခိုင်နှုန်း မကောင်းတော့ပါဘူးဟု ပြော​ကြောင်း၊ အောက်စီဂျင်ပေးနေရင်း (၁၆.၁.၂၀၁၇) နေ့လည် (၁၁း၅၀)တွင် ဆေးရုံ၌ကွယ်လွန်သွား​ကြောင်းသိရသည်​။


ဆိုင်​ကယ်​​မောင်းနှင်​သူ မောင်ဝေဋ္ဌဌုကျော်မှာ ခေါင်း၌ ၃ ချက်​ ချုပ်ရပြီး အာမခံဖြင့်ပြန်လွှတ်​ပေးကာ

ရိုက်နှက်​သူယဉ်ထိန်းရဲက မောင်ဝေဠုကျော်အား ပုဒ်မ ၂၇၉.၃၃၇.၃၃၈ ဖြင့် တရားစွဲထားပြီး မောင်ထူးအောင် သေဆုံးသွားသောအခါ

ပုဒ်မ ၃၀၄ ဖြင့် စွဲချက်ပြန်တင်ထား​ကြောင်း၊ သေဆုံးသူ မောင်ထူးအောင်၏ ဖခင်သည်​ ゞင်း၏သားဖြစ်​သူမှာ ယာဉ်​ထိန်းရဲက တုတ်​ဖြင့်​ရိုက်​သဖြင့်​ ဆိုင်​ကယ်​​နောက်​မှပြုတ်​ကျပြီး ​သေဆုံးသွားရခြင်း​ဖြစ်​​ကြောင်းကို မျက်မြင်သက်သေများစွာ

ရှိသောကြောင့် ဒလမြို့နယ်​ရဲစခန်းသို့ သွားရောက်အမှုဖွင့်သောအခါ

ယာဉ်ထိန်းရဲက အမှုဖွင့်ထားသဖြင့် ​သေးဆုံးသူဘက်မှ အမှုဖွင့်၍ မရဟု ပြောကြောင်းသိရသည်​။
http://www.myanmarload.com/news/2717



အသက်​အန္တရာယ်​ကင်းရှင်း​စေရန်​ ဆိုင်​ကယ်​စီးနင်းသူများအား ဦးထုပ်​​ဆောင်း​စေရန်​ ပညာ​ပေးခြင်းနှင့်​ လိုက်​နာခြင်းမရှိသူများအား အ​ရေးယူခြင်းပြုရန်​ ဥပ​ဒေပြဌာန်ုးထားသည်​ကို အခွင့်​အ​ရေးယူလျှက်​ မ​လျော်​ကန်​စွာဖြင့်​ တုတ်​ဖြင့်​ရိုက်​ဖမ်းခြင်း​ကြောင့်​ ဆိုင်​ကယ်​​မှောက်​၍ အသက်​​သေဆုံးသည်​အထိဖြစ်​​စေရခြင်း၊ ​ယာဉ်​ထိန်းရဲ၏မဆင်​မခြင်​ ရမ်းကားရိုက်​နှက်​ ဖမ်း​ဆီးခြင်းကြောင့်​ ဆိုင်​ကယ်​​မှောက်​ပြီး အရိုက်​ခံရသူမှာ အသက်​​သေဆုံးရသည်​ကို ဆိုင်​ကယ်​​မောင်းသူလူငယ်​အ​ပေါ် အပြစ်​ပုံချရန်​ကြိုးစားခြင်းသည်​ လုပ်​ကိုင်​ခွင့်​တာဝန်​ကို အသုံးချပြီး တရားဥပ​ဒေကို ချိုး​ဖောက်​ခြင်းသာဖြစ်​သည်​။

ယာဉ်​ထိန်းဖြစ်​သူ ​အောင်​ထက်​ပို​င်​ဦး၏ မဆင်​မခြင်​ရမ်းကားမှု​ကြောင့်​ လူငယ်​တစ်​ဦးမှာ အသက်​ဆုံးရှုံးလိုက်​ရပြီး ကျန်​လူငယ်​တစ်​ဦးမှာလည်း မ​လျော်​ကန်​​သောပုဒ်​မဖြင့်​ တရားစွဲဆိုခံရခြင်းသည် တပ်​ဖွဲ့အ​ပေါ် ပြည်​သူလူထု၏ ယုံကြည်​​လေးစားမှုပ​ပျောက်​​စေသည့်​အတွက်​ အမှုမှန်အတိုင်းသာဖြစ်​​စေရန်​ အထူးလိုအပ်​ပါ​ကြောင်း....

Source: Crime Case
Loading...