Breaking News


မႏၱေလးၿမိဳ႕ က်ံဳးေဘးတြင္ ဓားျဖင့္ထုိးကာ ဖုန္းႏွစ္လံုး လုယူခံရမႈတစ္ခုျဖစ္ပြား

Loading...
                     မႏၱေလးၿမိဳ႕ က်ံဳးေဘးတြင္ ဓားျဖင့္ထုိးကာ ဖုန္းႏွစ္လံုး လုယူခံရမႈတစ္ခုျဖစ္ပြား



မႏၱေလးၿမိဳ႕ က်ံဳးေဘးတြင္ ဓားျဖင့္ထုိးကာ ဖုန္းႏွစ္လံုး လုယူခံရမႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း အဆုိပါ လုယူ ခံခဲ့ရသည့္ သူမ်ားထံက သိရသည္။ဇန္န၀ါရီ ၂၇ ရက္ေန႔ ည ၁၁ နာရီေက်ာ္အခ်ိန္ခန္႔တြင္ အလုပ္မွ ျပန္လာသည့္ ေမာင္ကုိကုိဇင္ ၂၈ ႏွစ္ႏွင့္ ေမာင္ေအာင္ျမတ္မင္း ၂၅ ႏွစ္တို႔သည္ ဖုန္းလာ၍ လမ္း ၈၀ ၊ ၂၆ လမ္းႏွင့္ ၂၅ လမ္းၾကားတြင္ ဆုိင္ကယ္ေဘးရပ္၍ ဖုန္းေျပာေနခိုက္ အမည္မသိ အမ်ဳိးသားသံုးဦးမွ လာေရာက္ကာ ဓားျဖင့္ေထာက္၍ ဖုန္းမ်ား ေတာင္းယူကာ ဖုန္းရရွိခ်ိန္တြင္ ဓားျဖင့္ ထုိး၍ ထြက္ေျပးသြားေၾကာင္း အဆုိပါ ဓားျဖင့္ ထုိးခံရကာ ဖုန္းလုယူျခင္း ခံခဲ့ရသည့္ ေမာင္ကုိကုိဇင္၏ ဦးေလးျဖစ္သူ ဦးျမင့္ႏိုင္ထံက သိရသည္။‘’ လမ္း ၈၀ ေမာ္ေတာ္ပီကယ္ရံုးေက်ာ္နားေလးမွာ ဖုန္းလာလို႔ ဖုန္းရပ္ေျပာတယ္၊ အဲဒီနားမွာ ဆုိင္ကယ္ ေတြနဲ႔ လူခုႏွစ္ေယာက္ေလာက္ရပ္ေနတဲ့အဖြဲ႕ထဲက လူသံုးေယာက္ေလာက္ေရာက္လာၿပီး ဓားေထာက္ဖုန္းေတြ အတင္းေတာင္းတယ္ ဖုန္းလည္းေပးလိုက္ေရာ ဆုိင္ကယ္ေတြကုိ တြန္းလွဲၿပီး ဓားနဲ႔ ထုိးတယ္၊ အဲဒီမွာ ေအာင္ ျမတ္မင္းဆုိတဲ့ ေကာင္ေလးကေတာ့ ဓားသိပ္မထိလိုက္ဘူး၊ ရုန္းရင္းဆန္ခတ္နဲ႔ဆုိေတာ့ ကၽြန္ေတာ့္တူကုိကုိဇင္ ကေတာ့ ေတာ္ေတာ္ေလးထိသြားတယ္ ‘’ ဟု ဦးျမင့္ႏိုင္က ေျပာျပသည္။အဆုိပါ ဖုန္းလုယူၿပီးေနာက္ ဓားျဖင့္ထုိးျခင္းခံခဲ့ရသည့္ ေမာင္ကုိကုိဇင္သည္ ညာဘက္ရင္အံုတြင္ ဓား ဒဏ္ရာတစ္ခ်က္၊ ဘယ္ဘက္ခါးတြင္ ဓားဒဏ္ရာတစ္ခ်က္၊ ညာဘက္ေနာက္ေက်ာတြင္ ဓားဒဏ္ရာတစ္ခ်က္ရရွိ ခဲ့ေသာ္လည္း ဒဏ္ရာမစုိးရိမ္ဘဲ ယခုအခါတြင္ ေဆးရံုမွ ျပန္လည္ဆင္းလာၿပီျဖစ္ေၾကာင္း သိရသည္။‘’ ကၽြန္ေတာ္တုိ႔ဆီကုိေတာ့ သတင္းတက္မလာေသးဘူး၊ လာေရာက္အသိေပးတုိင္ၾကားထားတာမ်ဳိး လည္း အခုအခ်ိန္ထိေတာ့ မရွိေသးပါဘူး ‘’ ဟု အဆုိပါ အခင္းျဖစ္နယ္ေျမခံ ရဲစခန္းျဖစ္သည့္ အမွတ္ (၅) ရဲစခန္း မွ တာ၀န္က်ရဲအရာရွိတစ္ဦးက ေျပာျပသည္။ဒဏ္ရာရရွိမႈ မရွိခဲ့သည့္ ေမာင္ေအာင္ျမတ္မင္းမွာ အလုပ္ျပန္လည္လုပ္ကုိင္ေနၿပီျဖစ္ေသာ္လည္း ဓား ဒဏ္ရာမ်ား ရရွိခဲ့သည့္ ေမာင္ကုိကုိဇင္မွာမူ ဒဏ္ရာမ်ားေၾကာင့္ နားေနရၿပီး၊ ၄င္း ျပန္လည္သက္သာလာပါက ရဲ စခန္းသို႔ သြားေရာက္ကာ အမႈဖြင့္တုိင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။


မန္တလေးမြို့ ကျုံးဘေးတွင် ဓားဖြင့်ထိုးကာ 
ဖုန်းနှစ်လုံး လုယူခံရမှုတစ်ခုဖြစ်ပွား
==========================
မန္တလေးမြို့ ကျုံးဘေးတွင် ဓားဖြင့်ထိုးကာ ဖုန်းနှစ်လုံး လုယူခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အဆိုပါ လုယူ ခံခဲ့ရသည့် သူများထံက သိရသည်။ဇန်နဝါရီ ၂၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ခန့်တွင် အလုပ်မှ ပြန်လာသည့် မောင်ကိုကိုဇင် ၂၈ နှစ်နှင့် မောင်အောင်မြတ်မင်း ၂၅ နှစ်တို့သည် ဖုန်းလာ၍ လမ်း ၈၀ ၊ ၂၆ လမ်းနှင့် ၂၅ လမ်းကြားတွင် ဆိုင်ကယ်ဘေးရပ်၍ ဖုန်းပြောနေခိုက် အမည်မသိ အမျိုးသားသုံးဦးမှ လာရောက်ကာ ဓားဖြင့်ထောက်၍ ဖုန်းများ တောင်းယူကာ ဖုန်းရရှိချိန်တွင် ဓားဖြင့် ထိုး၍ ထွက်ပြေးသွားကြောင်း အဆိုပါ ဓားဖြင့် ထိုးခံရကာ ဖုန်းလုယူခြင်း ခံခဲ့ရသည့် မောင်ကိုကိုဇင်၏ ဦးလေးဖြစ်သူ ဦးမြင့်နိုင်ထံက သိရသည်။‘’ လမ်း ၈၀ မော်တော်ပီကယ်ရုံးကျော်နားလေးမှာ ဖုန်းလာလို့ ဖုန်းရပ်ပြောတယ်၊ အဲဒီနားမှာ ဆိုင်ကယ် တွေနဲ့ လူခုနှစ်ယောက်လောက်ရပ်နေတဲ့အဖွဲ့ထဲက လူသုံးယောက်လောက်ရောက်လာပြီး ဓားထောက်ဖုန်းတွေ အတင်းတောင်းတယ် ဖုန်းလည်းပေးလိုက်ရော ဆိုင်ကယ်တွေကို တွန်းလှဲပြီး ဓားနဲ့ ထိုးတယ်၊ အဲဒီမှာ အောင် မြတ်မင်းဆိုတဲ့ ကောင်လေးကတော့ ဓားသိပ်မထိလိုက်ဘူး၊ ရုန်းရင်းဆန်ခတ်နဲ့ဆိုတော့ ကျွန်တော့်တူကိုကိုဇင် ကတော့ တော်တော်လေးထိသွားတယ် ‘’ ဟု ဦးမြင့်နိုင်က ပြောပြသည်။အဆိုပါ ဖုန်းလုယူပြီးနောက် ဓားဖြင့်ထိုးခြင်းခံခဲ့ရသည့် မောင်ကိုကိုဇင်သည် ညာဘက်ရင်အုံတွင် ဓား ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ခါးတွင် ဓားဒဏ်ရာတစ်ချက်၊ ညာဘက်နောက်ကျောတွင် ဓားဒဏ်ရာတစ်ချက်ရရှိ ခဲ့သော်လည်း ဒဏ်ရာမစိုးရိမ်ဘဲ ယခုအခါတွင် ဆေးရုံမှ ပြန်လည်ဆင်းလာပြီဖြစ်ကြောင်း သိရသည်။‘’ ကျွန်တော်တို့ဆီကိုတော့ သတင်းတက်မလာသေးဘူး၊ လာရောက်အသိပေးတိုင်ကြားထားတာမျိုး လည်း အခုအချိန်ထိတော့ မရှိသေးပါဘူး ‘’ ဟု အဆိုပါ အခင်းဖြစ်နယ်မြေခံ ရဲစခန်းဖြစ်သည့် အမှတ် (၅) ရဲစခန်း မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပြသည်။ဒဏ်ရာရရှိမှု မရှိခဲ့သည့် မောင်အောင်မြတ်မင်းမှာ အလုပ်ပြန်လည်လုပ်ကိုင်နေပြီဖြစ်သော်လည်း ဓား ဒဏ်ရာများ ရရှိခဲ့သည့် မောင်ကိုကိုဇင်မှာမူ ဒဏ်ရာများကြောင့် နားနေရပြီး၊ ၄င်း ပြန်လည်သက်သာလာပါက ရဲ စခန်းသို့ သွားရောက်ကာ အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Loading...