Breaking News


အမျိုးသမီးကြီးတစ်ဦးကို အိမ်ပေါ်တက်ပြီး သေနတ်နဲ့ပစ်သတ်မှု မြဝတီမှာဖြစ်


Loading...


ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို အမျိုးသားတစ်ဦးက နေအိမ် ပေါ်တက်ပြီး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသမီးသေဆုံးသွားကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
ဇန်န၀ါရီလ ၂ ရက် ည ၇ နာရီကျော်က မြ၀တီမြို့ရပ်ကွက် (၄) ထဲက အိမ်တစ်အိမ်မှာနေထိုင်တဲ့ အမျိုးသမီးကြီးတစ်ဦးကို ဆိုင်ကယ်စီးသေနတ်သမားတစ်ဦးက အိမ်ပေါ်တက်ပြီး သေနတ်နဲ့ ပစ်ခတ်ကာ ထွက်ပြေးသွားတာလို့  မြဝတီမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ မြ၀တီ၊ တာချီလိတ်နဲ့ အခြားနယ်စပ်မြို့တွေမှာ အကြောင်းအမျိုးမျိုးကြောင့် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတာတွေ ဖြစ်ပွားလေ့ရှိပြီး အချို့ဖြစ်စဉ်တွေမှာ ကြေးစားသေနတ်သမားငှားကာ လုပ်ကြံခိုင်းတာကြောင့် ပြစ်မှုကျူးလွန်သူတွေက နယ်စပ်ဂိတ်ပေါက်တွေကနေ တစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ၀င်ရောက်သွားလေ့ရှိလို့ တရားခံတွေကို ဖမ်းမိတာနည်းပါးတယ်လို့ ဆိုပါတယ်။
Source : 7DayDaily
Loading...