လက်ဖက်ရည်ဆိုင် မလိုက်သဖြင့် သမက်ဖြစ်သူကို ယောက္ခမဖြစ်သူက ဓားဖြင့်ထိုးမှု လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား



_________________________________________________________
လှိုင်သာယာမြို့နယ်တွင် လက်ဖက်ရည်ဆိုင် မလိုက်သဖြင့် သမက်ဖြစ်သူကို ယောက္ခမဖြစ်သူက ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီ ၆ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ဇန်န၀ါရီ ၅ ရက်၊ ည ၉ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ဗဟိုလမ်း၌ ဓားထိုးမှု ဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ဓားထိုးခံရသူမှာ ယင်းလမ်းနေ ကို...(၂၄ နှစ်)ဖြစ်ကြောင်း သိရသည်။ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရာ ကို....(၂၄ နှစ်)သည် နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ ရှိနေစဉ် ကြည့်မြင်တိုင်မြို့နယ်နေ ၎င်း၏ယောက္ခထီး ဖြစ်သူ ဦး...(၄၅ နှစ်) ရောက်ရှိလာခဲ့ကာ လက်ဖက်ရည်ဆိုင်သို့ သွားရန် ခေါ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဦး... (၄၅ နှစ်) က လက်ဖက်ရည်ဆိုင် ခေါ်သည့်အချိန်တွင် ကို...(၂၄နှစ်) ၏ မိန်းမဖြစ်သူက လိုက်မည်ဖြစ်ကြောင်း ပြောဆိုသော်လည်း ကို... (၂၄ နှစ်)မှာ မလိုက်နိုင်ဟုဆိုကာ ရန်စကား ပြောဆိုခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရ သည်။ ထိုသို့ ရန်စကားပြောဆိုသည့် အချိန်တွင် ဦး...(၄၅နှစ်)က ကို ...(၂၄နှစ်)အား ဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။
ဓားဖြင့် အထိုးခံရသဖြင့် ကို ....(၂၄နှစ်) မှာ ယာရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ၀ဲပေါင်ထိပ် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိကာ လှိုင်သာယာ ဆေးရုံမှတစ်ဆင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှ ဓားဖြင့်ထိုးသူ ဦး...(၄၅နှစ်)အား လှိုင်သာယာမြို့မရဲစခန်းက (ပ)၆၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Eleven Media Group