Breaking News


အရမ်းလှလွန်းလို့ မိဘတွေက အိမ်ထဲက အိမ်ပြင်ပေးမထွက်တဲ့ သက်ရှိဘာဘီလေး


Loading...

ရုရှားနိုင်ငံမှ Angelica Kenova ဆိုတဲ့မိန်းကလေးဟာ လှပလွန်းတဲ့ သူမရဲ့ရုပ်ရည်ကြောင့် မိဘတွေက သူမကို အိမ်ထဲကအိမ်ပြင်ပေးမထွက် ဘူးလို့သိရပါတယ်။တကယ်လို့ ထွက်ခဲ့ရင်လည်း သမီးဖြစ်သူကို စိတ်မချလို့ သက်တော်စောင့်တွေ ခြံရံစေပြီးမှ လွှတ်တယ်လို့သိရပါတယ်။နောက်ဆုံး ဒိတ်လုပ်ဖို့ ထွက်ရင်တောင်မှ သက်တောင့်စောင့်တွေက လိုက်ပါစောင့်ေ ရှာက်ပေးတာဖြစ်ပါတယ်။
သူမရဲ့အသက်ဟာ အခုဆိုရင်တော့ (၂၈)နှစ်ရှိပြီဖြစ်ကာ၊သူမအသက်(၂၆)နှစ် အထိ အ၀တ်အစားတွေကို အမေဖြစ်သူက ရွေးချယ်ဝတ်ဆင်ပေးတာဖြစ်ပါ တယ်။ “ကျမမိဘတွေက ကျမကို မင်းသမီးလေးလို ပြု စုစောင့်ရှောက် ကြတယ်။အပြင်ပေးမထွက်ဘူး။ဒါကြောင့် ဒိတ်လုပ်တဲ့ အတွေ့အကြုံတောင် မရှိခဲ့ရဘူး။ဒီလိုတွေကြောင့် ကျမဟာတကယ့်လက်တွေ့ဘ၀နဲ့အလှမ်း ကွာခဲ့ရတယ်။သက်ရှိအရုပ်တစ်ရုပ်လိုနေခဲ့ရတယ်”လို့ဆိုပါတယ်။မိဘတွေက သူမကို ငယ်ငယ်တည်းက ဘာဘီရုပ်လိုမျိုး အပြင်အဆင်တွေ ဆင်မြန်းပေးခဲ့ တယ်လို့လည်း သူမကဆိုပါတယ်။
သေချာကြည့်မယ်ဆိုရင် ဘာဘီအရုပ်မလေးနဲ့တူပေမယ့်၊ဘာဘီနဲ့တူအောင် သူမရဲ့ ခန္ဓာကိုယ်ကို ပလတ်စတစ်ဆာဂျရီ လုပ်တာမျိုး လုံးဝမလုပ်ခဲ့ပဲ အားလုံးဟာသဘာဝအတိုင်းပဲလို့ Angelica ကပြောပါတယ်။ဒါပေမယ့်လည်း ခန္ဓာကိုယ်အတွက်ကိုတော့ မိဘတွေက ခိုင်းလို့လေ့ကျင့်ခန်းလုပ်ရတာတွေ ရှိတယ်လို့ သိရပါတယ်။
READ
Tom Hiddleston နဲ့Taylor Swiftတို့ကွဲရသည့်အကြောင်းအရင်း
မိဘတွေ ထားထားတဲ့ ဖန်သားနန်းတော်ထဲကနေ တစ်နေ့မှာတော့ ဖောက် ထွက်နိုင်ဖို့မျှော်လင့်နေပြီး၊အဲ့ဒီလို လွတ်လွတ်လပ် လပ်နေခွင့်ရမယ့်နေ့ဟာ သူမအတွက် သိပ်နောက်မကျဖို့မျှော် လင့်နေတယ်လို့ သိရပါတယ်။

Credit: shwemom

Loading...