အမြန်လမ်းပေါ်မှ အမျှဝေသံ


_________________________________________________________
အမြန်လမ်းပေါ်မှ အမျှဝေသံ ကြားရာအရပ်မှသာဓုခေါ်နိုင်ကြပါစေ 

အားလုံး ကောင်းရာမွန်ရာကို ရောက်ကြပါစေ


 ကန္တရထဲမှာကျောက်စက်ရေသောက်လိုက်ရသလိုပဲ။
ရင်ကိုအေးမြစေခဲ့ပါတယ်။
_________#_______
ဘုရားတွေ လှူပြီးတော့ အပြန်
အမြန်လမ်း မိုင်တိုင်- ၄/၁ ကို ၀င်ရောက်ပြီး

မီးလောင်သေဆုံးခဲ့ကြသူ ( ၈ ) ဦးအတွက်

ရည်စူးရည်မှန်းပြီး သင်္ကန်း- ဖိနပ် အစရှိသော
လှူဖွယ်ပစ္စည်းများကို လှူဒါန်းခြင်း

အမြန်လမ်းတလျှောက် သေဆုံးသူများအားလုံး
ကို ပင့်ဖိတ်၍ ရည်စူးလှူဒါန်းခြင်း- တရားနာ
မေတ္တာသုတ်များ ရွတ်ဖတ်ပေးခြင်း

ဘုရားများ လှူဒါန်းပြီးသမျှ
၂၀၁၆ အတွင်း လှူဒါန်းပြီးသမျှ
အလှူအားလုံးကို အမျှပေးဝေခြင်းများကို
လှူဒါန်းဆောင်ရွက်ပေးခဲ့ပါတယ်

-
အားလုံး ကောင်းရာမွန်ရာကို ရောက်ကြပါစေ
ကြားရာအရပ်မှ သာဓုခေါ်ဆိုကြ၍ ပိုမို
ကောင်းမွန်သော ဘုံဘ၀များကို ရရှိနိုင်ကြပါစေ
ယခုလို အဖြစ်ဆိုးမျိုးမှ ဘ၀ဆက်တိုင်း ကင်းဝေး
ကြပါစေ လို့ ဆုတောင်း မေတ္တာများ ပို့ သခဲ့ပါတယ်

-
အမျှဝေနေစဉ် ကားတစီးရောက်လာပြီး
ပန်းတွေ ချသွားပါတယ်- အားလုံး ပြီးလို့ 
ပြန်ထွက်မယ့်အချိန်မှာ သေဆုံးခဲ့သူ တစ်ဦးရဲ့
ခင်ပွန်း+ သူငယ်ချင်းအဖွဲ့ ရောက်ရှိလာပါတယ်

-
သေဆုံးခဲ့သူတွေထဲက မိသားစုဝင်တွေလားလို့ 
ကျွန်တော့် ကို မေးတော့ ချက်ချင်းပဲ ပြန်ဖြေ
မိတယ်- သေဆုံးခဲ့သူများကို သိလဲမသိ
မြင်ဖူးခြင်းလဲ မရှိ- သတင်းကြားသိရုံ သက်သက်ပါပဲ

-
သတင်းကြားပြီး စိတ်မကောင်းလို့ 
ပြုလုပ်ပေးခြင်းပါ

-
အကျွတ်အလွှတ်အလှူမှာ လုပ်နေကြအတိုင်း
ပင့်ဖိတ်လှူဒါန်းခဲ့ခြင်းပါ

-
ဘ၀များစွာ မိသားစုများစွာ
ငြိမ်းချမ်းသာယာခြင်းရှိကြပါစေ

-
ချစ်ခြင်းအားဖြင့်

Zaw Naing
22-1-2017
အမြန်လမ်း
မိုင်တိုင် ၄/၁
Photoနှင့်postကိုcrdပါ။








Loading...