Breaking News


ငိုနေသည့်ကလေးအား လည်ပင်းကိုင်ပြီး ဦးထုပ်ဖြင့် နှာခေါင်းနှင့်ပါးစပ်တို့အား ပိတ်ထားစဉ် သေဆုံးမှုဖြစ်ပွား


Loading...


နေပြည်တော်၊ ဇန်နဝါရီ ၂၁
 ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေ သကြီး၊ ရွှေကျင်မြို့နယ်၊ မြို့မရဲစခန်း၌ရေးဖွင့်ထားသည့် သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၇)မှ သေဆုံးသူ မနီလာအောင်(၃)နှင့် ပတ်သက်၍ တပ်ဖွဲ့ဝင်များက ၎င်း၏ မိခင် မအေးယုခိုင်(၂၂)နှစ် အား သက်သေများနှင့်အတူ စစ်ဆေးရာ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်က ဒေါ်မာမာအေး(၄၆)နှစ်မှ သမီးဖြစ်သူ မအေးယုခိုင်၏ သွားလာနေထိုင်မှုများနှင့်ပတ်သက်၍ ပြောဆို ဆုံးမရာက သားအမိနှစ်ဦးစကားများသဖြင့် မအေးယုခိုင်သည် သမီးဖြစ်သူ မနီလာအောင်အား ခေါ်ဆောင်ကာ ခြေဦးတည့်ရာသို့ထွက်လာကြောင်း၊ ဂျိုးပင်ရွာအနီးအရောက် မနီလာအောင်မှ ဗိုက်ဆာသည်ဟုပြောပြီး ငိုယိုနေသဖြင့် ချော့မော့ပြောဆိုရာ မရသောကြောင့် လည်ပင်းကိုကိုင်၍ ဦးထုပ်ဖြင့် နှာခေါင်းနှင့်ပါးစပ်တို့အားအတင်းပိတ်ထားစဉ် အသက်ရှူကြပ်၍ သေဆုံးသွားကြောင်း၊ မနီလာအောင်အား မှောက်လျက်အနေအထားဖြင့် ပစ်ထားခဲ့ကြောင်း စစ်ဆေးသိရှိရ၍ မအေးယုခိုင် အား ဖမ်းဆီးပြီး သေမှုသေခင်းမှ ရွှေကျင်မြို့မရဲစခန်း(ပ)၃၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

credit ရဲဇာနည်
Loading...