Breaking News


ဘာသာေရး ကြဲလို႔ အသတ္ခံရတယ္လို႔ မယူဆေၾကာင္း မႏၲေလး မြတ္ဆလင္ ေခါင္းေဆာင္ ေျပာ


Loading...


ေရွ႕ေနႀကီး ဦးကိုနီဟာ ျမန္မာနိုင္ငံ ဝတ္ေပး ခံထားရတဲ့ ညစ္ေထးေနတဲ့ ဖြဲ႕စည္းပုံ အကၤ်ီႀကီးကို ခၽြတ္ေပးဖို႔ ႀကိဳးစား ေနရာက လုပ္ႀကံ သတ္ျဖတ္ ခံလိုက္ရတဲ့ အတြက္ အင္မတန္ ဝမ္းနည္း ရတယ္ ဆိုၿပီး မႏၲေလး မြတ္ဆလင္ အသိုင္းအဝိုင္းရဲ့ ဦးစီးဦးေဆာင္ တစ္ေယာက္ ျဖစ္တဲ့ ခလီဖြာဟ္ ဦးသိန္းဝင္းေအာင္က ဘီဘီစီကို ေျပာပါတယ္။

အစၥလာမ္ဘာသာဝင္ ျဖစ္လို႔ ဦးကိုနီကို လုပ္ႀကံတာ မဟုတ္ပဲ NLD ပါတီ အပါအ၀င္ ဒီမိုကေရ အင္အားစုကို တိုက္ခိုက္ တာ ျဖစ္တယ္လို႔ ဦးသိန္းဝင္းေအာင္က သူ႔ရဲ့ အယူအဆ ကို ေျပာပါတယ္။

မဂၤလာဒုံ နိုင္ငံတကာ ေလဆိပ္ ထြက္ေပါက္မွာ ဦးေခါင္းကို အနီးကပ္ ေသနတ္နဲ႔ ပစ္ခတ္ သတ္ျဖတ္ ခံခဲ့ရတဲ့ ေရွ႕ေနႀကီး ဦးကိုနီရဲ့ စ်ာပနကို ရန္ကုန္ၿမိဳ႕၊ ေရေဝး စြန္နီ မြတ္ဆလင္ သခၤ်ိဳင္းမွာ က်င္းပ ေနတာမွာ လူမ်ိဳး ေပါင္းစုံ၊ ဘာသာ ေပါင္းစုံ တခဲနက္ တက္ေရာက္ ေနၾကပါတယ္။

ဦးကိုနီရဲ့ ႐ုပ္အေလာင္းကို အေစာပိုင္းတုန္းကေတာ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ့ အလံ လႊမ္းထားၿပီး၊ လြမ္းသူ ပန္းျခင္းေတြ ျပည့္လၽွံ ေနသလို၊ "လူေသေပမယ့္ နာမည္မေသ" ဆိုတဲ့ စာသား အပါအဝင္ လူအမ်ား ေရးသား ထားတဲ့ ဝမ္းနည္းမွတ္တမ္း ေတြကိုလည္း ေတြ႕ျမင္ ခဲ့ရပါတယ္။

နိုင္ငံေရး အသိုင္းအဝိုင္းကသူေတြ အပါအဝင္ အေသြးအေရာင္ စုံလွတဲ့ ေနာက္ခံ အသီးသီးကေန လာေရာက္ ၾကသူေတြ ေရာေႏွာ ေနၾကရင္းသား ဦးကိုနီ စ်ာပန က်င္းပရာ ေနရာမွာ မ်က္စိတဆုံး လူပင္လယ္ႀကီး ျဖစ္ေနေပမယ့္ စည္းစနစ္ တက်ပဲ စီတန္း လမ္းေလၽွာက္ ေနၾကၿပီး ရဲ အေစာင့္အေရွာက္ ေတြကိုလည္း ပတ္ဝန္းက်င္မွာ ေတြ႕ေနရပါတယ္။

NLD ပါတီရဲ့ ဗဟို ဥပေဒ အေထာက္အကူျပဳ အဖြဲ႕ဝင္ ဦးကိုနီ လုပ္ႀကံ သတ္ျဖတ္ ခံခဲ့ ရတဲ့ အတြက္ ပါတီ ကေန ဝမ္းနည္းေၾကာင္း သဝဏ္လႊာေတြ ထုတ္ျပန္လာတာ ေတြ႕ေန ရေပမယ့္၊ ပစ္ခတ္ ခဲ့မွုနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးထားသူ အေၾကာင္းကိုေတာ့ အာဏာပိုင္ ေတြ ဘက္က တစုံတရာ ထုတ္ျပန္ တာမ်ိဳး မရွိ ေသးပါဘူး။

BBC Burmese
http://www.bbc.com/burmese

ရှေ့နေကြီး ဦးကိုနီဟာ မြန်မာနိုင်ငံ ဝတ်ပေး ခံထားရတဲ့ ညစ်ထေးနေတဲ့ ဖွဲ့စည်းပုံ အင်္ကျီကြီးကို ချွတ်ပေးဖို့ ကြိုးစား နေရာက လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတဲ့ အတွက် အင်မတန် ဝမ်းနည်း ရတယ် ဆိုပြီး မန္တလေး မွတ်ဆလင် အသိုင်းအဝိုင်းရဲ့ ဦးစီးဦးဆောင် တစ်ယောက် ဖြစ်တဲ့ ခလီဖွာဟ် ဦးသိန်းဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အစ္စလာမ်ဘာသာဝင် ဖြစ်လို့ ဦးကိုနီကို လုပ်ကြံတာ မဟုတ်ပဲ NLD ပါတီ အပါအဝင် ဒီမိုကရေ အင်အားစုကို တိုက်ခိုက် တာ ဖြစ်တယ်လို့ ဦးသိန်းဝင်းအောင်က သူ့ရဲ့ အယူအဆ ကို ပြောပါတယ်။

မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ် ထွက်ပေါက်မှာ ဦးခေါင်းကို အနီးကပ် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခံခဲ့ရတဲ့ ရှေ့နေကြီး ဦးကိုနီရဲ့ ဈာပနကို ရန်ကုန်မြို့၊ ရေဝေး စွန်နီ မွတ်ဆလင် သင်္ချိုင်းမှာ ကျင်းပ နေတာမှာ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ တခဲနက် တက်ရောက် နေကြပါတယ်။

ဦးကိုနီရဲ့ ရုပ်အလောင်းကို အစောပိုင်းတုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံ လွှမ်းထားပြီး၊ လွမ်းသူ ပန်းခြင်းတွေ ပြည့်လျှံ နေသလို၊ "လူသေပေမယ့် နာမည်မသေ" ဆိုတဲ့ စာသား အပါအဝင် လူအများ ရေးသား ထားတဲ့ ဝမ်းနည်းမှတ်တမ်း တွေကိုလည်း တွေ့မြင် ခဲ့ရပါတယ်။

နိုင်ငံရေး အသိုင်းအဝိုင်းကသူတွေ အပါအဝင် အသွေးအရောင် စုံလှတဲ့ နောက်ခံ အသီးသီးကနေ လာရောက် ကြသူတွေ ရောနှော နေကြရင်းသား ဦးကိုနီ ဈာပန ကျင်းပရာ နေရာမှာ မျက်စိတဆုံး လူပင်လယ်ကြီး ဖြစ်နေပေမယ့် စည်းစနစ် တကျပဲ စီတန်း လမ်းလျှောက် နေကြပြီး ရဲ အစောင့်အရှောက် တွေကိုလည်း ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။

NLD ပါတီရဲ့ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံခဲ့ ရတဲ့ အတွက် ပါတီ ကနေ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ထုတ်ပြန်လာတာ တွေ့နေ ရပေမယ့်၊ ပစ်ခတ် ခဲ့မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ အကြောင်းကိုတော့ အာဏာပိုင် တွေ ဘက်က တစုံတရာ ထုတ်ပြန် တာမျိုး မရှိ သေးပါဘူး။

BBC Burmese
http://www.bbc.com/burmese
Loading...