၈လောင်းပြိုင် သံသယဖြစ်ဖွယ်မီးလောင်သေဆုံးမှု အတွင်းသတင်းတစ်ခု ထွက်ပေါ်

_________________________________________________________
ရုပ်လုံးပေါ်လာသော
အမှုတစ်ခု..
______________


လှည်းကူးအမြန်လမ်း ၄ မိုင်၂ ဖာလုံမှာ
ယာဉ်မီးလောင်မှုသတင်း (အတွင်းသတင်း) …

သေဆုံးသူ ၈ ဦးမှ တစ်ဦးဖြစ်သော မသင်းသင်းမော်မှ သူ၏ ခင်ပွန်းဖြစ်သူထံ အခင်းဖြစ်ပွားသည့်အချိန် မနက် (၈)နာရီခွဲမတိုင်ခင်
မနက် (၈) နာရီမထိုးခင်မှာ ခင်ပွန်းဖြစ်သူ ညီလေးအောင်ကိုဦးထံ
(၃၇) မိုင် သပြေရိပ် စားသောက်ဆိုင်သို့ရောက်ရှိနေကြောင်း
ဖုန်းဆက်ပြောကြားခဲ့ …

ကျွန်တော့်အမြင်အရဆို ခရီးသည် (၉) ဦးလုံး သပြေရိပ်စားသောက်ဆိုင် တွင် မနက် ၇နာရီခွဲနှင့်၈နာရီကြားရောက်ရှိစားသောက်အနားယူ
မနက်မိုးလင်းလည်းဖြစ် ရန်ကုန်ဝင်ခါနီးလည်းဖြစ် ဒါကြောင့် အားလုံးဟာ တတ်ကြွလန်းဆန်းနေလိမ့်မည် အခင်းဖြစ်ချိန် မနက်(၈)နာရီခွဲ ယာဉ်မီးလောင်မှုမတိုင်ခင်မှာ ကားအက်ဆီဒန့် ဖြစ်တဲ့အချိန်မှာ ယာဉ်ပေါ်ပါ မိန်းကလေးခုနှစ်ဦးလုံးဟာ အိပ်ပျော်နေစရာအကြောင်းလုံးဝမရှိပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်အားလုံးဟာ သတိလစ်စရာအကြောင်းလည်းမရှိ  ပြီးတော့
ယာဉ်မီးမလောင်ခင် မျက်မြင်တချို့ပြောကြားချက်အရ ယာဉ်တိုက်မှုဖြစ်အပြီး ဆယ်မိနစ်ခန့်အကြာမှ မီးခိုးတွေစထွက်လာပြီး မီးစွဲတာလို့သိရတယ် ဒါဆိုရင် ဒီဆယ်မိနစ်အတွင်းမှာ ခရီးသည်အားလုံးဟာ ဘာလုပ်နေကြသလဲ ကားထဲကထွက်ဖို့ ကြိုးစားကြမှာပေါ့ ခုတော့ဖြင့် ခု မီးလောင်ထားတဲ့မြင်ကွင်းတွေအရ
အနောက်မှာရှိနေကြတဲ့ မီးလောင်ထားတဲ့အလောင်းတွေဟာ ညီညီညာညာနဲ့ ထိုင်ခုံမှာ နေရာပုံစံမပျက်နဲ့ မီးအလောင်ခံထားရတယ်






ဒါဆိုရင် အဖြေကရှင်းရှင်းလေးပါ
ယခု ကားအက်ဆီးဒန့်မဖြစ်ခင်မှာကတည်းက ယာဉ်ပေါ်ပါလာသူ အားလုံးဟာ သတိလစ်မြောနေ၍သော်လည်းကောင်း
ဒါမှမဟုတ် ယာဉ်တိုက်မှုမဖြစ်ခင်ကတည်းက အားလုံးဟာ သေဆုံးပြီးသားဖြစ်နေတာကြောင့်ပါ ဒါကြောင့် ယခုဖြစ်စဉ်အရ
ကျွန်တော်သုံးသပ်သလိုမဟုတ်ဘူးဆိုရင်ူအားလုံးဟာ ယာဉ်တိုက်မှုဖြစ်ပြီးနဲ့ မီးစွဲမလောင်ခင်စပ်ကြား
ဆယ်မိနစ်ခန့်မှာ ခရီးသည်အားလုံးဟာ တုတ်တုတ်မျှမလှုပ်
ရုန်းထွက်ဖို့မကြိုးစားပဲ မိမိထိုင်ခုံနေရာတွေမှာ
မီးအလောင်ခံပြီး ငြိမ်ငြိမ်လေးသေဆုံးခံမှာမဟုတ်လို့ပါပဲ
ဒါဆို ပြန်ဆက်စပ်ကြည့်ရင် (၃၇)မိုင်သပြေရိပ်စားသောက်ဆိုင်မှာ
သူတို့အားလုံးစားသောက်ပြီး ပြန်ထွက်လာတဲ့ မနက် (၈) နာရီနဲ့
ယာဉ်တိုက်မှုဖြစ်တဲ့အချိန် မနက် (၈) နာရီခွဲ အဲဒီ နာရီဝက်အတွင်းမှာ ခရီးသည်အားလုံးဟာ သေချာပေါက် လုပ်ကြံခံရခြင်း တစ်ခုခုတော့ ရှိနေပါပြီ …

နောက်တစ်ချက် !
သေဆုံးသူ မမြတ်မြတ်အေး ရဲ့ မိခင်မှ ယင်းနေ့ မနက်၆နာရီက သူမ၏သမီးထံ ဖုန်းဆက်ခဲ့ပါတယ် ဖုန်းကိုင်သူက အောင်ခန့်ဖြစ်ပါတယ်
သူကဖုန်းလက်ခံဖြေပါတယ် အားလုံးမုန့်သွားစားကြပါတယ်တဲ့
သူ့အမေက သူ့သမီးမုန့်စားပြီးပြန်လာရင် ဖုန်းသေချာပြန်ဆက်ဖို့
မှာခဲ့ပေမယ့် သူ့သမီးက ဖုန်းလုံးဝပြန်မဆက်လာပါဘူး
သမီးဖြစ်သူက အမေဖုန်းဆက်တာသိရင် သေချာပေါက်ပြန်ဆက်မှာပါ ပြန်မဆက်သွယ်ပါဘူးဆိုသည်မှာ အောင်ခန့်မှ ဘာအတွက် သူမ၏အမေဖုန်းဆက်သည်ကို ပြန်မပြောရပါလဲ ?

နောက်တချက် !
အမြန်လမ်းမှာ အခုမီးလောင်ခံရတဲ့ကားကို သေဆုံးသွားကြတဲ့
မိန်းကလေးအဖွဲ့လိုက် ပြသနာနှစ်ကြိမ်တတ်နေတာကို
မြင်တွေ့လိုက်တဲ့မျက်မြင်တွေကလည်းပြောထားတာတွေ့ရပါတယ်

သေချာပါတယ် …
ဒီယခုမီးလောင်မှုဖြစ်စဉ်ဟာ ဘယ်လိုမှ သွေးရိုးသားရိုး (လုံးဝ)
မဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ

* ကျွန်တော့်အမြင်ကိုတင်ပြတာပါ *

ယခုဖြစ်စဉ်အတွက် သေဆုံးသူ (၈) ဦးရဲ့နေရာမှာ ကိုယ်ချင်းအရမ်းစာပြီး ဖြစ်နိုင်တာကို
ကျွန်တော်သိရှိရသလောက် မျှဝေတာပါ …

credit - Nay Win Aung


Loading...