Breaking News

ထီးခ်ိဳင္႔တြင္ ၾကံခင္း အလုပ္သမားေခါင္းေဆာင္အား ၾကံခုတ္လုပ္သားမွ လည္ပင္း ဓားျဖင္႔ခုတ္သတ္

Loading...

ထီးခ်ဳိ္င္႔ျမိဳ႕နယ္ရွိ ၾကံစုိက္ခင္းတစ္ခုတြင္ အလုပ္သမား ေခါငး္ေဆာင္အား ၾကံခုတ္လုပ္သားက လည္ပင္းအား ဓားျဖင့္ ခုတ္သတ္ေသာ လူသတ္မႈတစ္ခု ဇန္န၀ါရီ ၂၈ ရက္ညပုိင္းက ျဖစ္ပြားခဲ႔ေၾကာင္းလသတင္းရရွိသည္။

ျဖစ္စဥ္မွာ ေက်ာ္သာကုမၸဏီ ၾကံစုိက္ခင္းအတြင္း အလုပ္သမားေခါင္းေဆာင္ ကုိေမာင္လႈိင္၊ ၾကီးၾကပ္၊ အမွတ္ ၁ စံျပရပ္ကြက္ ၊ထီးခ်ိဳင္႔ျမိဳ႕ေနသူသည္ ေတာခုတ္ရန္ ေခၚလာေသာ နန္လန္ရြာမွ အလုပ္သမားအဖြဲ႕ကုိ ေကၽြးရန္ ၀က္တစ္ေကာင္အား ၀ယ္ျပီး မီးကင္ေနစဥ္ အလုပ္သမားကုိဗန္တုိက ဘာမွ မေျပာမဆုိပဲ ဓားျဖင့္ လည္ပင္းအား ခုတ္ပုိင္းခဲ႔ေၾကာင္း ၊ အနားရွိ လူမ်ားကုိလည္း ဘာမွ မေျပာရန္ ၾကိမ္း၀ါးျပီး အေလာင္းကုိ ပီနံအိတ္ျဖင့္ ထည့္ကာ ဆုိင္ကယ္ေပၚတင္၍ ေတာထဲသုိ႔ ေမာင္းထြက္သြားခဲ႔ေၾကာင္း အလုပ္သမားမ်ားမွ ရဲစခန္းသုိ႕ေျပာၾကားခ်က္အရ သိရသည္။

လူသတ္သမားေနာက္သုိ႔ ဆုိင္ကယ္ လမ္းေၾကာင္းအတုိင္း ရဲတပ္ဖြဲ႕မွ လုိက္ရာ ၾကံစုိက္ခင္းသြား ဒုိဇာလမ္းေဘးတြင္ အေလာင္းကုိ ပုဆုိးျဖင့္အုပ္၍ ပစ္ခ်ထားသည္ကိုေတြ႕ခဲ့ရသည္။

၄င္းလူသတ္မႈအား ၾကံစုိက္ခင္းကုမၸဏီ ဒုတာ၀န္ခံမွ ထီးခ်ဳိဳင္႔ျမိဳ႕မရဲစခန္းတြင္ လူသတ္မႈ ၊ အေလာင္းေဖ်ာက္ဖ်က္ရန္ ၾကိဳးစားမႈတုိ႕ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဟိန္းလင္းသန္႔
Central News Myanmar
https://www.facebook.com/CNMyanmar/

Unicode

ထီးချိ်ုင့်မြို့နယ်ရှိ ကြံစိုက်ခင်းတစ်ခုတွင် အလုပ်သမား ခေါငး်ဆောင်အား ကြံခုတ်လုပ်သားက လည်ပင်းအား ဓားဖြင့် ခုတ်သတ်သော လူသတ်မှုတစ်ခု ဇန်နဝါရီ ၂၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်းလသတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျော်သာကုမ္ပဏီ ကြံစိုက်ခင်းအတွင်း အလုပ်သမားခေါင်းဆောင် ကိုမောင်လှိုင်၊ ကြီးကြပ်၊ အမှတ် ၁ စံပြရပ်ကွက် ၊ထီးချိုင့်မြို့နေသူသည် တောခုတ်ရန် ခေါ်လာသော နန်လန်ရွာမှ အလုပ်သမားအဖွဲ့ကို ကျွေးရန် ဝက်တစ်ကောင်အား ဝယ်ပြီး မီးကင်နေစဉ် အလုပ်သမားကိုဗန်တိုက ဘာမှ မပြောမဆိုပဲ ဓားဖြင့် လည်ပင်းအား ခုတ်ပိုင်းခဲ့ကြောင်း ၊ အနားရှိ လူများကိုလည်း ဘာမှ မပြောရန် ကြိမ်းဝါးပြီး အလောင်းကို ပီနံအိတ်ဖြင့် ထည့်ကာ ဆိုင်ကယ်ပေါ်တင်၍ တောထဲသို့ မောင်းထွက်သွားခဲ့ကြောင်း အလုပ်သမားများမှ ရဲစခန်းသို့ပြောကြားချက်အရ သိရသည်။

လူသတ်သမားနောက်သို့ ဆိုင်ကယ် လမ်းကြောင်းအတိုင်း ရဲတပ်ဖွဲ့မှ လိုက်ရာ ကြံစိုက်ခင်းသွား ဒိုဇာလမ်းဘေးတွင် အလောင်းကို ပုဆိုးဖြင့်အုပ်၍ ပစ်ချထားသည်ကိုတွေ့ခဲ့ရသည်။

၄င်းလူသတ်မှုအား ကြံစိုက်ခင်းကုမ္ပဏီ ဒုတာဝန်ခံမှ ထီးချိုုင့်မြို့မရဲစခန်းတွင် လူသတ်မှု ၊ အလောင်းဖျောက်ဖျက်ရန် ကြိုးစားမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/
Loading...