Breaking News

ဦးကိုနီလုပ်ကြံခံရမှုကို ဦးဝင်းထိန်ပြောပြီ


Loading...



ဦးကိုနီလုပ်ကြံခံရမှုမှာ တိုင်းပြည်အတွက် ကြီးမားသည့် ဆုံးရှုံးကြီးဖြစ်ကြောင်း ဦးဝင်းထိန်ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ရန်ကုန်လေဆိပ် နိုင်ငံတကာဆိုက်ရောက်ဆောင်ရှေ့ တက္ကစီ စတန်းမှာ ဦးခေါင်းကို သေနတ် နဲ့ပတ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။အခုလို ဦးကိုနီ လုပ်ကြံခံရတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာမက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းပြည်အတွက်အစား ထိုးလို့မရတဲ့ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။
ဇန်န၀ါရီ(၂၉)ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လုပ်ကြံသူလို့ ယူဆရသူကို ဖမ်းဆီးရမိထားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ Senior Leadership Program လေ့လာရေးခရီးစဉ်ကို လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။
CNB



-1:06
Loading...