Breaking News

အသက် ၉၀ ကျော်သူတွေကို တစ်လ တစ်သောင်း နိုင်ငံတော်က ထောက်ပံ့မယ်


Loading...

အသက် ၉၀ ကျော် အဘိုးအဘွားတွေကို လူမှုရေးပင်စင်အဖြစ် တစ်လကို တစ်သောင်းကျပ် နိုင်ငံတော်က ပေးအပ်မယ်လို့ သိရပါတယ်။
လာမယ့် ဘဏ္ဏနှစ်ဖြစ်တဲ့ ဧပြီလမှ စတင်ကာ ပေးအပ်သွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (Win Myat Aye)က ပြောကြားထားတာ ဖြစ်ပြီး နိုင်ငံတော်စီးပွားရေးပေါ်မူတည်ပြီး အသက်တွေကိုလည်း လျော့ချစဉ်းစားပေးမှာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်ရဲ့ ဘတ်ဂျက်အရ တဖြည်းဖြည်းနဲ့တိုးသွားမှာဖြစ်ပြီး တကယ်လည်း တတ်နိုင်နေတယ်ဆိုရင် နောက်ထပ်အသက် (၈၀)ကျော်၊ (၇၀) ကျော်၊ အဲဒီလို အဆင့်ဆင့်လုပ်သွားမှာ ဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောထားပါတယ်။
သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ပေးဖို့ဟာ ၂၀၁၄ ဒီဇင်ဘာမှာ လုပ်ခဲ့တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်မှာ ပါဝင်ပြီး တစ်ပိုင်းက လူမှုရေးပင်စင်ဖြစ်ကာ  တစ်ပိုင်းက သက်ကြီးသူချင်းကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့တွေနဲ့ ဆောင်ရွက်တာတွေ ဖြစ်ပါတယ်။
၂၀၁၆ ဒီဇင်ဘာ ၃၀ ရက်က သမ္မတလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေအရ ယခုအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်တာ ဖြစ်ပြီး နည်းဥပဒေကိုလည်း အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကောက်ခံခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရ အသက် (၉၀) အထက် လူဦးရေ ခုနစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
Source: 7Day Daily

Loading...