Breaking News


သံသယအရှိခံရဆုံး အောင်ခန့် ။ သူအသိဆုံးဖြစ်နေတဲ့ မီးမလောင်ခင် ကားပေါ်မှာ ဘာတွေဖြစ်ခဲ့သလဲ

Loading...



ကျွန်တော် စုံစမ်းသိရှိရ သလောက်နဲ့ သံသယအရှိဆုံး အခြေအနေကို မျှဝေတာပါ ။ အောင်ခန့်၏ ယခုဖြစ်ရပ်အား ဝန်ခံချက်ကိုသုံးသပ်ပြပါမယ် အောင်ခန့်က ထိုယာဉ်ကို သူမောင်းတယ် မတော်တဆအက်ဆီဒန့်ဖြစ်တယ် ။

ဘယ်ဘက်မှာ ထိုင်နေတဲ့ CEOကိုဝင်းထွန်းက ခြေထောက်ဆွဲထုတ်လို့ မရအောင်ကို ညှပ်နေတယ် အောင်ခန့်က ကိုဝင်းထွန်းခြေထောက်ညှပ်နေတာကို မရမကဆွဲထုတ်တယ် ။

နောက်ဆုံး ဘယ်လိုမှ ထုတ်လို့မရတဲ့ အဆုံး ကိုဝင်းထွန်းက သူ့ကိုမကယ်နဲ့တော့ အနောက်က မိန်းကလေးတွေကို အမြန်သွားကယ်ပါပြောလို့ သူက ကားပေါ်ကနေဆင်းပြီး မိန်းကလေးတွေကို တံခါးသွားဆွဲဖွင့်ပြီးကယ်တယ် ။

တံခါးကဘယ်လိုမှဖွင့်လို့မရဘူး ။ ( သူငယ်ချင်းမိန်းကလေးတွေရဲ့ အော်ဟစ်အကူညီတောင်းသံတွေက ဆူညံပွက်လော ရိုက်နေတယ်လို့ ပြောတယ် ) မှန်ရိုက်ခွဲဖို့လည်းနည်းမျိုးစုံကြိုးစားခဲ့တယ် ။

ဘယ်လိုမှ မတတ်နိုင်ဘူး ။ အဲဒီအချိန်မှာ ဘေးနားက လူတစ်ယောက်က ညီလေး မင်းဖယ်နေလိုက်တော့ ကားက မီးစွဲနေပြီ မင်းပါ ပါသွားလိမ့်မယ်လို့ ပြောမှ ကျွန်တော်လက်လျှော့လိုက်တယ် ။

နောက်မကြာခင်မှာပဲ ကားက မီးစွဲလောင်သွားတယ် ။ မီးလောင်တဲ့ အရှိန်ကလည်းအရမ်းမြန်တော့ ဘယ်လိုမှ မတတ်နိုင်ဘူး ။ အဲ့လိုမျိုးဝန်ခံ ထွက်ဆိုခဲ့ပါတယ် ။

ကောင်းပြီ

အောင်ခန့်ရဲ့ ရဲတွေကို ထွက်ဆိုခဲ့တဲ့ ဝန်ခံချက်ကို ကျွန်တော် တစ်ခုချင်းစီထောက်ပြမယ် ။

ပထမ အချက်အနေနဲ့ ယာဉ်ရဲ့ ဘယ်ဘက်ခြမ်းက လမ်းအလယ်ကာတွေကို တိုက်မိတယ် ကားရပ်သွားတယ် ။ လမ်းဘေးအကာတွေကို တိုက်မိထားတဲ့ကားရဲ့ အနေအထားက ဘယ်ဘက်ခြမ်း အနည်းငယ်သာ ပိန်ခြိုင့်ရုံအနေအထားကို ပုံတွေမှာမြင်နိုင်ပါတယ် ။

ရှေ့ကနေဒဲ့တိုက်မှသာ ခြေထောက်ညှပ် နေနိုင်တဲ့အနေအထားပါ ကားရဲ့ဘယ်ဘက်ရှေ့ခြမ်းမှာ တိုက်ထားတဲ့ လက္ခဏာလုံးဝမတွေ့ရပဲ ဘယ်ဘက် ဘေးနဲ့ ပွတ်တိုက်မိ ထားတဲ့ခြေအနေမှာ ယာဉ်ရဲ့ဘယ်ဘက်ခြမ်းမှာ ထိုင်စီးလာတဲ့ ကိုဝင်းထွန်းသည် ဘယ်လိုမှခြေထောက်ညှပ်နိုင်စရာ အကြောင်း လုံးဝမရှိပါ ။

ဒုတိယအချက် ကိုဝင်းထွန်းခြေထောက်ကို ဘယ်လိုမှ ထုတ်လို့မရတဲ့ အဆုံးမှ ကိုဝင်းထွန်းကပြောလို့ အနောက်က မိန်းကလေးတွေကိုကယ်ဖို့ သူ ကားပေါ်ကနေဆင်းသွားတယ် ပြောတယ် ။ ( နောက်ဆုံး သိရတဲ့သတင်းအရ ဆိုရင် ထိုမီးလောင်နေသော ယာဉ်ကို မီးငြှိမ်းသတ်ခဲ့တဲ့ အထဲမှာ ပါတဲ့သူရဲ့ပြောကြားချက်အရ ယာဉ်မောင်းထိုင်ခုံနေရာမှာ မီးလောင်သေဆုံးနေတဲ့ အလောင်းကို တွေ့ခဲ့ရပါတယ်လို့ သိထားရတယ် )

ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ်ရရင် အောင်ခန့်ပြောတော့ ကိုဝင်းထွန်းခြေထောက်ညှပ်နေတာ ဆွဲထုတ်မရလို့ နောက်ခန်းကမိန်းကလေးတွေကို ကယ်တင်ဖို့ ကားပေါ်ကဆင်းသွားခဲ့တယ်လို့ ဖြေကြားထားပါတယ် ။ ဒါဆိုရင် ယာဉ်မောင်းနေရာမှာ အဘယ်ကြောင့် ကိုဝင်းထွန်းအလောင်းက ရောက်ရှိနေပါသလဲ ?

တတိယအချက် အမှန်ဖြစ်စဉ်အရ ကိုဝင်းထွန်းသည် ခြေထောက်ညှပ်စရာ လုံးဝမရှိသော်လည်း သတိလစ်နေသည့် အနေအထား၌ ကိုဝင်းထွန်းကို ယာဉ်မောင်းနေရာသို့ ရွှေ့ထားလိုက်ခြင်း ဖြစ်မည်ဟု ယေဘူယျအားဖြင့် မှတ်ချက်ချနိုင်တယ် ။

ဟုတ်ပြီ ဒါဆိုရင် ဒီလိုအနေအထားမှာ ဘေးဘက်က သတိလစ်နေတဲ့ လူတစ်ယောက်ကို ယာဉ်မောင်းဘက်ကို ရွှေ့ထားဖို့ဆိုတာ တော်တန်ရုံ မလွယ်ပါဘူး အချိန်ပေးပြီးရွှေ့ရမှာပါ ဒီလိုအနေအထားတစ်ခုမှာ နောက်က မိန်းကလေးတွေက ဘာလုပ်နေသနည်း?

အောင်ခန့် ဝန်ခံချက်ထဲမှာ မိန်းကလေးတွေက ကယ်ဖို့ တံခါးဖွင့်ပေးဖို့ အော်ဟစ်နေတယ်လို့ ပါရှိထားတယ် ။ ဒါဟာ လုံးဝယုတ္တိမရှိတဲ့ ဝန်ခံချက်တွေပါ ။

စတုတ္ထအချက် ကားဆီတိုင်ကီပွင့်ပြီး မီးလောင်တယ်လို့ ဖြေထားတယ် ။ ကားဆီတိုင်ကီပွင်ခဲ့တယ်မှန်ရင် တိုက်ထားမိတဲ့လမ်းတလျှောက်မှာ ဆီတွေဖိတ်ကျနေတာကို တွေ့ရမယ် ။ ( တိုက်ထားတဲ့လမ်းတလျှောက် ဘာဆီမှဖိတ်ထားခြင်းမရှိ )

ကားရပ်သွားတဲ့ အနေအထားမှာလည်း ဆီတိုင်ကီပွင့်တယ်ဆိုရင် ကားအောက်ခြေမှာ ဆီတွေအများအပြား ဖိတ်ကျနေပြီး ကားကိုမီးစွဲရာမှာ ကားအောက်ခြေ ကနေစပြီး ဘေးပတ်ပတ်လည်ကို အရင်မီးစစွဲ ရမှာပါ ။

ဘေးပတ်ပတ်လည်ပြီးမှ ကားထဲကိုမီးကူးမှာပါ ။ အခုအနေအထားက ကားအတွင်းခန်းဘက်မှာပဲ မီးက သည်းကြီးမည်းကြီးမီးစွဲလောင်နေတာပါ ။  ဖြစ်နိုင်ခြေကတော့ အတွင်းခန်းထဲက သတိလစ်မေ့မြောနေသော သို့မဟုတ် သေဆုံးနေပြီးသော မိန်းကလေးတွေပေါ်ကို ဓာတ်ဆီရွှဲနေအောင်လောင်းပြီး မီးရှို့မှသာလျင် မီးကပြင်းပြင်းထန်ထန်စွဲလောက်မှာ ဖြစ်ပါတယ် ။

နောက်တချက် ယခု ဖြစ်ရပ်မှာ သေဆုံးသွားတဲ့ မိန်းကလေးတစ်ယာက်က မကြာခင်မှာ လက်ထပ်တော့မည့် မိန်းကလေးဟု သိရပါတယ် ။ အခင်းဖြစ်တဲ့နေ့ မနက်အစောကြီး ၃နာရီဝန်းကျင်မှာ ကောင်မလေးက သူ့ချစ်သူကောင်လေးဆီ ၃ကြိမ်တိတိ ဖုန်းဆက်ခဲ့တယ် လို့လည်းသိရထားပါတယ် ။

သူတို့ကား ၂ကြိမ်တိတိ လမ်းမှာပြသနာတွေ တတ်ခဲ့ကြတယ်လို့လည်းသိရပါတယ် ။ ဘာတွေ ဘယ်လို သူတို့တွေ ပြသနာတတ်ခဲ့ကြလဲ ? ဘယ်လိုဖြစ်ရပ်တွေ ဖြစ်ခဲ့ကြတယ်ဆိုတာကတော့ သေဆုံးသူများနဲ့ အောင်ခန့်ကသာလျင်အသိဆုံး ဖြစ်ကြမှာပါ ။

နောက် ကျွန်တော် တခြားသိထားတဲ့ လူမှုရေးပြသနာတချို့လည်းရှိထားတယ်လို့ အတွင်းစကားတွေ အရသိထားတာရှိပါသေးတယ် ။ ဒါကြောင့် ဟုတ်လား မဟုတ်လား ဆိုသည်များကိုတော့ ကျွန်တော်လည်းမသိနိုင်ပါ ။

ခုချိန်ထိ ယခုဖြစ်ရပ်တွေ ပုံရိပ်တွေ မျက်စိထဲ အတွေးထဲ က မထွက်နိုင်သေးဘူး ဖြစ်နေတယ် သေဆုံးသူများနဲ့ ကာယကံရှင်မိသားစုဝင်တွေကို အရမ်းသနားတယ် အရမ်းလည်းကိုယ်ချင်းစာတယ် ။ ဒါကြောင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေချင်တယ် ။

credit – Nay Win Aung 😢😢
Loading...