အလောင်းတော်ကဿပသွား ဘုရားဖူးယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

Loading...
_________________________________________________________

အလောင်းတော်ကဿပသို့ သွားရောက်တဲ့ မစ်ဇူဘီရှီကင်တာ အမျိုးအစား ဘုရားဖူးယာဉ်ပေါ်မှ အသက် ၄၇ နှစ်အရွယ် အမျိုးသမီး ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခု ဇန်နဝါရီ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နံနက် ၄ နာရီခွဲခန့် က ယင်းမာပင်မြို့နယ် မိုးကောင်းနဲ့ ကွင်းစပ်ကျေးရွာကြားမှာ  သီပေါမြို့နယ် နားလေကျေးရွာနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။
ကယောင်ကတမ်းနဲ့ ခုန်ချလို့ ယာဉ်ပေါ်က ပြုတ်ကျတယ်လို့ စစ်ဆေးသိထားရပြီး ယာဉ်မောင်းအမျိုးသားကိုတော့ အမှုဖွင့်ထားပါတယ်လို့ ကပိုင်ကျေးရွာနယ်မြေ ရဲကင်းစခန်းမှ ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။
သီပေါကလာတဲ့ ဘုရားဖူးယာဉ်လို့ သိထားရပြီး ကားပေါ်မှာ အမျိုးသမီး ၁၁ ယောက်နဲ့ အမျိုးသား တစ်ယောက်နှစ်ယောက်လောက်လိုက်ပါလာတယ်လို့  ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ တောင်တက်၊ တောင်ဆင်းလမ်း မရောက်ခင် မြေပြန့်လမ်းပိုင်းမှာ ဖြစ်သွားတာလို့လည်း သိရပါတယ်။
Photos & Source: 7Day Daily
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩