Breaking News

အိမ်ပြန်လာသည့်အခါ အိပ်ယာပေါ်တွင် ဇနီးသည်ကို အခြားအမျိုးသားနှင့် တွေ့လိုက်ရသည့် အခါ



Loading...

အိမ်ပြန်လာသည့်အခါ အိပ်ယာပေါ်တွင် ဇနီးသည်ကို အခြားအမျိုးသားနှင့် တွေ့လိုက်ရသည့် အခါ

အလာဘားမားပြည်နယ်မှာ နေထိုင်နေတဲ့ အမျိုးသားတစ်ဦးဟာ အိမ်ကိုပြန်လာတဲ့အချိန် အိပ်ယာထက်မှာ ဇနီးသည်နဲ့အတူ အခြားအမျိုးသား တစ်ဦးကို တွေ့လိုက်ရပါတယ်။
ရုတ်တရက် ဒေါသအလွန်ထွက်သွားတဲ့ အမျိုးသားဟာ ဘယ်သူမှ မဆွဲနိုင်ခင်မှာ အဆိုပါစုံတွဲရှိနေတ ကုတင်ပေါ် ပြေးတက်သွားပြီး ဇနီးနှဲ့ရှိနေတဲ့ သူစိမ်းအမျိုးသားကို ထိုးကြိတ်ခဲ့တာတွေ့ရပါတယ်။ တီရှပ်နဲ့နဲ့အတူ အောက်ပိုင်းမှာ အတွင်းခံသာ ဝတ်ထားတဲ့ သူစိမ်းအမျိုးသားဟာ ရုတ်တရက်ဆိုသလို ခြုံထားတဲ့စောင် ဆွဲချခံလိုက်ရပြီး ခေါင်းကို အချက်ပေါင်းများစွာ ထိုးကြိတ်ခံလိုက်ရပါတယ်။ ခင်ပွန်းသည်ဟာ ဇနီးနဲ့ရှိနေတဲ့ အမျိုးသားကို အချက်ပေါင်းမရေမတွက်နိုင်အောင်  ထိုးကြိတ်ခဲ့ပြီး ကုတင်ပေါ်က ဆွဲချခဲ့ပါတယ်။


ကြမ်းပြင်ကို ရောက်သွားတဲ့အခါ ထပ်မံထိုးကြိတ်ခဲ့ပြီး သူစိမ်းအမျိုးသားဟာ ကယ်ရာမဲ့နေခဲ့ရပါတယ်။ ဒေါသကြီးနေတဲ့ ခင်ပွန်းသည်ရဲ့ လက်သီးချက်တွေကို ကာကွယ်ဖို့အတွက် သူစိမ်းအမျိုးသားဟာ လက်နဲ့ခြေထောက်နဲ့သာ ကာကွယ်နေခဲ့ရပါတယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့ အဆိုပါအမျိုးသားကို အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူက အင်္ကျီဆွဲထားပြီး နောက်တစ်ခါအားရပါးရ ထိုးကြိတ်ခဲ့ပြန်ပါတယ်။
ခင်ပွန်းသည်အမျိုးသား ကြိုတင်စီမံပြီး နောက်တစ်ယောက်နဲ့ ရိုက်ကူးထားခဲ့တဲ့ အဆိုပါဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ နာမည်ကျော်လာတာ ဖြစ်ပါတယ်။
Loading...