Breaking News


ရေကူးသင်စဉ် ကလေးသေဆုံးမှုကြောင့် ပထွေးကိုအလုပ်နှင့်ထောင်ဒဏ် ရှစ်နှစ်ချ


Loading...


ပဲခူးမြစ်အတွင်း အသက် (၄)နှစ်အရွယ် ကလေးငယ်အား ရေကူးသင်ပေးစဉ် ကလေးသေ ဆုံးခဲ့သဖြင့် ရေကူးသင်ပေးသည့် အသက်(၂၀)နှစ်အရွယ် ပထွေး ကို အလုပ်နှင့်ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ သတင်းရရှိ သည်။


၂၀၁၆ ဖေဖော်ဝါရီ ၂၀ ရက်နေ့လယ်ကဖြစ်ပွား၍ အခင်းဖြစ်ပွားစဉ်က ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းတွင် သေမှုသေခင်းဖြင့် ကနဦးအမှုဖွင့်စစ်ဆေးခဲ့သော်လည်း ရင်ခွဲစစ်ဆေးချက်ဆေးစာအရ လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် ကလေး ငယ်အားရင်ခွဲစစ်ဆေးရာ ရေမွန်းကာ အဆုတ်နှင့် လေပြွန်တို့တွင် ရွှံ့နွံများ ပိတ်ဆို့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ပထွေးဖြစ်သူ နေရဲလင်း(ခ)ဖိုးစနေကို ပဲခူးမြစ်အတွင်း ရေဆင်းချိုးရာမှ ပေါ့လျော့စွာသေဆုံးအောင်ပြုလုပ်ခဲ့၍ လူသတ်မှုပုဒ်မဖြင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

ရေဆင်းချိုးစဉ် တရားခံနေ ရဲလင်း(ခ)ဖိုးစနေသည် လက်နှစ်ဖက်ဖြင့် ကလေးငယ်အား ရေထဲတွင် ရေကူးစေရာမှ လက်လွတ်ကာ ကလေးငယ်ကိုထားခဲ့ပြီး မိမိဘာသာ ရေကူးနေခဲ့ကြောင်း၊ လက်လွတ်သွားခဲ့သည့် ကလေးငယ်  ရေနစ်နေသဖြင့် သွားရောက်ဆယ်ယူပြီး နေအိမ်သို့ပြန်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

နေအိမ်သို့ရောက်ပြီး ခဏ အကြာတွင် ကလေးငယ် သတိလစ်သွားသဖြင့် ဒဂုံဆိပ်ကမ်းမြို့ နယ်ဆေးရုံသို့ ပို့ဆောင်စဉ်သေ ဆုံးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်အား ပေါ့လျော့စွာ ရေကူးသင်ရာမှ သေဆုံးခဲ့သဖြင့် ပထွေးဖြစ်သူကိုအ ရေးယူခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ သိရသည်။
7daydaily
Loading...