Breaking News


တစ်သောင်းခွဲနဲ့ ရောင်းမယ့် စန္ဒီမြင့်လွင်ရဲ့ အင်္ကျီ


Loading...

အဆိုတော်စန္ဒီမြင့်လွင်က Queen Logo ပါတဲ့ အင်္ကျီများကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်ကတော့ သူမရဲ့ Queen အခွေရောင်းလို့ ရတဲ့ အမြတ်ကို လှူဒါန်းဖို့ စဉ်းစားထားပေမဲ့ အခွေရောင်းရရင်လည်း အမြတ်ကျန်မှာ မဟုတ်တဲ့အတွက် ဒီတိုင်းပဲ အင်္ကျီထုတ်ဖို့ စဉ်းစားဖြစ်သွားတာလို့ သိရပါတယ်။ အင်္ကျီရဲ့ တန်ဖိုးကို ငွေကျပ် တစ်သောင်းခွဲ သတ်မှတ်ထားပြီး အင်္ကျီကို Limited အနေနဲ့ ထုတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရရှိလာတဲ့ အမြတ်အစွန်းကိုတော့ HIV AIDS ဝေဒနာခံစားနေရတဲ့ ကလေးတွေနဲ့ မိဘမဲ့ ကျောင်းတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
သူမအနေနဲ့ ပရဟိတလုပ်ချင်တဲ့ စိတ်အရမ်းထက်သန်နေတဲ့ အချိန်တိုင်းမှာ အင်္ကျီတွေကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်ဟာ ဇန်နဝါရီ (၇)ရက်နေ့တွင် သူမရဲက Queen MTV ကိုထွက်ရှိမှာ ဖြစ်ပြီး Queen MTV ပရိုမိုးရှင်းပွဲများကို ဇန်နဝါရီ (၇)ရက်နေ့ ညနေ(၅)နာရီမှာ ဂျန်းရှင်းစကွဲ အောက်ဒိုးဧရိယာမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး မန္တလေးပရိုမိုးရှင်းကိုတော့ ဇန်နဝါရီ(၈)ရက်နေ့ ညနေ(၄)နာရီ Amazing shopping mall အောက်ဒိုးဧရိယာ တို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။စန္ဒီမြင့်လွင်က အခွေကို ပထမဆုံးလာဝယ်တဲ့ ပရိသတ်တွေ အတွက် Queen Logo ပါတဲ့ တီရှပ်တွေကို အမှတ်တရပေးဖို့ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။
Photo : Sandy Myint Lwin Facebook
Loading...