ေျမာက္ဦးၿမိဳ႕နယ္မွာ မီးေလာင္မႈျဖစ္ပြားၿပီး ေနအိမ္(၈)လံုးဆံုးရံႈး


_________________________________________________________

ေျမာက္ဦးၿမိဳ႕နယ္မွာ ဒီကေန႔ညေနပိုင္းက လ်ွပ္စစ္ေရေႏြးအိုး အပူလြန္ကဲရာကမီးေလာင္မွဳၿဖစ္ပြားၿပီး ေနအိမ္(၈)လံုးမီးေလာင္ ဆံုးရံႈးခဲ႔ပါတယ္။ ရခိုင္ျပည္နယ္၊ေျမာက္ဦးၿမိဳ႕ လက္ေကာက္ေစ်း ရပ္ကြက္ ေဒၚခင္စန္းရီရဲ႔ေနအိမ္မွာ မြန္းလြဲ(၃)နာရီခန္႔က လွ်စ္စစ္ ေရေႏြးအိုးနဲ႕ ေရေႏြးတည္ရာမွ အပူလြန္ကဲမႈျဖစ္ပြားၿပီး အနီးရွိ ၀ါးထရံကိုကူးစက္ကာ မီးေလာင္ကၽြမ္းမွဳ တစ္ခုျဖစ္ပြားခဲ့တယ္လို႔ ရခိုင္ျပည္နယ္မီးသတ္ဦးစီးဌာနက သိရပါတယ္။မီးေလာင္ရာသို႕ မီးသတ္ယာဥ္(၃)စီး၊မီးသတ္တပ္ဖြဲ႕၀င္အင္အား(၆၀)ခန္႕နဲေဒသခံေတြ ၀ိုင္း၀န္းမီးၿငိမ္းသတ္ခဲ႕မွဳေႀကာင့္ညေန(၄)နာရီခန္႔မွာမီးၿငိမ္းသြားခဲ့
ပါတယ္။

Image may contain: outdoor

 မီးေလာင္မႈေၾကာင့္ လူဦးေရ(၄၈)ဦးအိုးမဲ႕အိမ္မဲ့ၿဖစ္ပြားခဲ့ကာ မီးေဘးသင့္သူေတြကိုအနီးကလက္ေကာက္ေစ်းဘုန္းေတာ္ႀကီးေက်ာင္းမွာ ေနရာခ်ထားေပးၿပီး သက္ဆိုင္ရာကေထာက္ပံ့မွဳေတြ ျပဳလုပ္ေပးခဲ့ပါ တယ္။ မီးေလာင္မႈနဲ႔ ပါတ္သတ္ၿပီး မီးေပါ့ဆသူျဖစ္တဲ့ မေဌးမကို ေျမာက္ဦးၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းက((ပ)၂၁/၂၀၁၇/၂၈၅) နဲ႔အမွဳဖြင့္အေရးယူ ထားတယ္လို႔ သိရပါတယ္။
သတင္း/ဓာတ္ပံု - ျမတ္ေ၀ (စစ္ေတြ)(5 Plus News )
thadinatin (http://www.thadinatin.com )ပည္တြင္းသတင္း, 

Unicode
မြောက်ဦးမြို့နယ်မှာ ဒီကနေ့ညနေပိုင်းက လျှပ်စစ်ရေနွေးအိုး အပူလွန်ကဲရာကမီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၈)လုံးမီးလောင် ဆုံးရှုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ လက်ကောက်ဈေး ရပ်ကွက် ဒေါ်ခင်စန်းရီရဲ့နေအိမ်မှာ မွန်းလွဲ(၃)နာရီခန့်က လျှစ်စစ် ရေနွေးအိုးနဲ့ ရေနွေးတည်ရာမှ အပူလွန်ကဲမှုဖြစ်ပွားပြီး အနီးရှိ ဝါးထရံကိုကူးစက်ကာ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။မီးလောင်ရာသို့ မီးသတ်ယာဉ်(၃)စီး၊မီးသတ်တပ်ဖွဲ့ဝင်အင်အား(၆၀)ခန့်နဲဒေသခံတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့မှုကြောင့်ညနေ(၄)နာရီခန့်မှာမီးငြိမ်းသွားခဲ့
ပါတယ်။

 မီးလောင်မှုကြောင့် လူဦးရေ(၄၈)ဦးအိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကာ မီးဘေးသင့်သူတွေကိုအနီးကလက်ကောက်ဈေးဘုန်းတော်ကြီးကျောင်းမှာ နေရာချထားပေးပြီး သက်ဆိုင်ရာကထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါ တယ်။ မီးလောင်မှုနဲ့ ပါတ်သတ်ပြီး မီးပေါ့ဆသူဖြစ်တဲ့ မဌေးမကို မြောက်ဦးမြို့နယ်၊ မြို့မရဲစခန်းက((ပ)၂၁/၂၀၁၇/၂၈၅) နဲ့အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။
သတင်း/ဓာတ်ပုံ - မြတ်ဝေ (စစ်တွေ)(5 Plus News )
thadinatin (http://www.thadinatin.com ) ပြည်တွင်းသတင်း, 

Loading...