ကလေးကို ဗိုက်ခွဲမီးဖွားသည်တွင်ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည့် မိခင်

Loading...
_________________________________________________________
ကလေးကို ဗိုက်ခွဲမီးဖွားသည်တွင်ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည့် မိခင်

ဩစတြေးလျနိုင်ငံက ဆာရာတွိုင် ယာဆိုတဲ့ အသက်၂၄နှစ် အရွယ် မိခင်က သူရဲ့ စတုတ္ထမြောက်ရင်သွေးလေးကို ဗိုက်ခွဲမီးဖွားချိန်မှာ မီးဖွားအကူအဖြစ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါတယ်။ က လေးကို မီးဖွားရာမှာ သူကိုယ်တိုင်ပါဝင် ချင်ပါတယ်လို့ ခွဲစိတ်ဆရာဝန်တွေဆီ ခွင့် ပြုချက်တောင်းခဲ့ရာမှာ ခွင့်ပြုချက်ရခဲ့ပြီး ခွဲစိတ်ခန်းထဲ ဆာရာက ကိုယ့်ဗိုက်ထဲက ကိုယ့်ရင်သွေးလေးကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်လက်နဲ့ ဆွဲထုတ်ပြီး မီးဖွားပေးခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်ခန်းထဲမှာ ကိုယ်တိုင် မီးဖွား အကူအဖြစ် ခွင့်ပြုချက်ရဖို့ကို ခွဲခန်း ထဲမဝင်ခင် ရှစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းနေခဲ့ရတယ်လို့ သိရပါတယ်။ ခွဲစိတ်ဆရာဝန်က ဆာရာရဲ့ ဗိုက် ကို ခွဲဖွင့်ပြီး ကလေးကို ဆာရာရဲ့လက်ထဲ ပေးကိုင်ပြီး ကလေးကို ဆွဲထုတ်ယူစေခဲ့ တာဖြစ်ပါတယ်။ အရင်က ကလေးတွေ ကို ခွဲစိတ်မွေးချိန်မှာ ဘာမှန်းမသိလိုက်ရ တဲ့အချိန်တွေကို နှမြောမိပြီး ခုလိုပျော် ရွှင်ကြည်နူးရတဲ့ခံစားချက်က ပြောမပြ တတ်လောက်အောင်ကို ထူးခြားလွန်းလှ တယ်လို့ ဆာရာက သူရဲ့ မီးဖွားအကူ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
pyimyanmarnews
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩