Breaking News


ဟိုင္းေ၀းလမ္းမ ထက္က အျဖစ္ပ်က္…

Loading...

1998ေလာက္က ၆ဘီးကုန္ကားနဲ႔ ေခါင္းခန္းကေနလမ္းႀကဳံလိုက္တာ
ပ်ဥ္းမနားေတာင္ႀကားလမ္းအဆင္းမွာ ဒရုိင္ဘာက လွမ္းေျပာတယ္
ေကာင္ေလးေရေသခ်ာသာကိုင္ထား မင္းေအာက္ကဘီးမရွိေတာ့ဘူးတဲ႔။
အဲ႔ေတာ့မွ ေခါင္းျပဳျပီးထြက္ႀကည့္လိုက္ေတာ့ ဘယ္ဘက္ေရွ႔ဘီးမရွိေတာ့ဘူး။
အဆင္းမွာဘယ္ဘက္ေရွ႔ဘီးကြ်တ္ထြတ္သြားတာ ဘီးကြ်တ္သြားသြားျခင္းကားက
တည့္တည့္ပဲ ၁၅စကၠန္႔ေလာက္ေနမွ တေျဖးေျဖးေစာင္းသြားျပီး ဟတ္ဒရမ္နဲ႔ကားလမ္းပြတ္ျပီး ဆြဲသြားတာ ဓာတ္တိုင္သုံးတိုင္စာေလာက္ရွိမွ ကားရပ္သြားတယ္ ။ကားမရပ္ခင္ထဲက လမ္းေဘးထမင္းဆိုင္ေတြကလူေတြက ေရပုံးေတြကိုင္ျပီးေစာင့္ေနႀကတာ ကားလည္းရပ္ေရာ ၂ဘက္ညပ္ျပီးေရဝိုင္းေလာင္းႀကတယ္။
ဒရမ္နဲ႔လမ္းပြတ္ျပီးမီးေတာက္ေနတာ သူတို႔ကလွမ္းျမင္တာကိုး။
ကားဘီးကြ်တ္သြားတာကိုသိျပီးေနာက္ ဒရုိင္ဘာရဲ႕တုန္႔ျပန္မႈ႕ ေအးေဆးတည္ျငိမ္တာက အခုထိမ်က္လုံးထဲကမထြက္ဘူး။
ကိုယ့္ကိုေတာင္စကားလွမ္းေျပာေသးတယ္။ ဒီအခ်ိန္ ဘရိတ္နင္းလိုက္ရင္ ကားေမွာက္သြားမွာတဲ႔။
ေနာက္မွာလည္း ကုန္ေတြကပါတယ္ ေမွာက္ခ်င္စရာ။
အေရးအေႀကာင္းဆို ဒရိုင္ဘာတစ္ေယာက္ရဲ႕အေတြ႔အႀကဳံဟာ အရမ္းအေရႀကီးတယ္။
1997တုန္းက
ကားေလးနဲ႔ တေယာက္ထဲေမာင္းလာတုန္း
သကၤန္းကြ်န္း ျပည္ေထာင္စုတံတားကေန ငမိုးရိပ္ဘက္ကိုအဆင္းမွာ
ကလပ္နင္းလိုက္တုန္းကားစက္ေသသြားတယ္
ေသာ့နဲ႔ျပန္မႏႈိးေတာ့ပဲ နံပတ္၃ဂီယာထည့္ျပီး ျပန္ႏႈိးကာဆက္ေမာင္းလိုက္တယ္
အဲ႔အခ်ိန္မွာ ကားေရွ႔ေဘာနက္ကေနမီးခိုးေတြထြက္လာတာနဲ႔
လမ္းေဘးအျမန္ထိုးရပ္စက္သတ္ျပီး ေဘာနက္အျမန္ဖြင့္
ပလယာကိုင္ျပီးဆင္းသြားေတာ့ ဝါယာႀကိဳးအေသးေတြမီးေလာင္ေနျပီ
လက္ထဲကပလာယာနဲ႔ ဘထၳရီငုတ္တစ္ခုကို ဆြဲျဖဳတ္လိုက္မွ
မီးကေသသြားတယ္။
ကားေပၚကဆင္းဆင္းျခင္း ပလယာကိုင္သြားမိတာမွန္သြားတယ္။နိမို႔ဆို ဆီကိုမီးကူးျပီးမွဆို ကားလည္းကုန္ ကိုယ္လည္းအခ်ဳပ္ထဲအိပ္ခဲ႔ရမွာ။
ကားေမာင္းသက္အႏွစ္၂၀ေက်ာ္အတြင္းမွာ
မေတာ္တဆမႈ႕ျဖစ္လုနီးပါး အေျခအေနေတြအမ်ားႀကီးႀကဳံခဲ႕ဖူးပါတယ္။
၂ခါပဲတိုက္မိဖူးပါတယ္။အဲ႔၂ခါကလည္း ဘရိတ္မိတိုက္ အရွိန္မပါလို႔အေသးအဖြဲပဲျဖစ္ခဲ႔ပါတယ္။
အရင္တပတ္ကတင္ ညဘက္ကီလို၈၀ႏႈန္းေလာက္ေမာင္းေနခ်ိန္မွာ တဖက္ကမီးေရာင္ေႀကာင့္ ကိုယ့္ေရွ႔တည့္တည့္က မီးပိတ္ျပီးလမ္းေပၚတက္ရပ္ထားတဲ႔အထုတ္အပိုးေတြနဲ႔ဆိုင္ကယ္နဲ႔လူကို လုံးဝမေတြ႔ရပဲ
ဘြားကနဲေတြ႔လိုက္ခ်ိန္မွာ ဘရိတ္မနိင္တဲ႔အေျခအေနေႀကာင့္ ညာဘက္လမ္းေဘးထိုးဆင္းရမလား ဘယ္ဘက္ကားလာေနတဲ႔ဘက္ေရွာင္ရမလား
တည့္တည့္ပဲတိုက္ရမလား ရုတ္တရက္ စကၠန္႔ပိုင္းအတြင္းျဖစ္ေပၚလာတဲ႔အေျခအေနမွာ
ဘယ္ဘက္ကို အနည္းငယ္ပဲဆြဲျပီး လြတ္တယ္ဆိုယုံေလးကပ္ေရွာင္ခဲ႔လို႔သာ
မေတာ္တဆအျဖစ္ကေဝးခဲ႔ရတာပါ။
ကြ်န္ေတာ္ကားေမာင္းရမွာေႀကာက္ပါတယ္။
အခ်ိန္မေရႊးေထာင္ထဲေရာက္နိင္သလို
အခိိန္မေရႊးဒုကၡိတျဖစ္နိင္ျပီး
အခ်္န္မေရႊးေသဆုံးနိင္ပါတယ္။
ဒါေႀကာင့္အေတြ႔အႀကဳံမ်ားေသာ္လည္း
ေပါ့ဆစြာမေမာင္းရဲပါ။
နီးသည္ျဖစ္ေစ ေဝးသည္ျဖစ္ေစ သတိအျပည့္ထားျပီးမွသာ
ေမာင္းႏွင္ပါတယ္။
ဟိုင္းေဝးဆိုပါက သတိပိုထားပါတယ္။
အရွိန္မ်ားသည့္အတြက္ မေတာ္တဆမႈ႕ျဖစ္နိင္ေျခပိုမ်ားျပီး
အရွိန္ေႀကာင့္ ကားကိုထိန္းသိမ္းရတာလည္းပိုခက္ပါတယ္။
ယာဥ္မေတာ္တဆမႈ႕တစ္ခုျဖစ္ဖို႔ဟာ
စကၠန္႔ပိုင္းေလးနဲ႔တင္လုံေလာက္ပါတယ္။
ကားေမာင္းတဲ႔အခါမွာ
သီခ်င္းႀကိဳက္ေသာ္လည္း သီခ်င္း ေရဒီယိုလုံးဝမဖြင့္ပါ
(ကား၏အသံေျပာင္းသြားမႈ႕ကိုမသိမွစိုးလို႔ပါ)
အေအးႀကိဳက္ေသာ္လည္းAircon သိပ္မဖြင့္ပါ
(မွန္လုံသြားျခင္းေႀကာင့္ ကားအျမန္ႏႈန္းကိုမသိသာသလို အိပ္ငိုက္တတ္လို႔ပါ)
Airconဖြင့္ထားပါက ကားအတြင္းေအးေသာ္လည္း ကားအျပင္တြင္မတရားပူေသာေႀကာင့္
စိုးရိမ္ပါတယ္
ခါးပတ္ပတ္ပါတယ္
(ဟိုးအရင္ထဲကခါးပတ္ပတ္လို႔ ငေႀကာင္လို႔ခဏခဏအေျပာခံဖူးပါတယ္။)
ကားမထြက္ခင္ တာယာေကာင္းမေကာင္းႀကည့္တတ္ျပီး ကားေအာက္ငုံႀကည့္ေလ့ရွိပါတယ္။
(ဆီယိုစိမ္႔ျပီး လူမနီးသူမနီးကားပ်က္မွာစိုးလို႔ပါ)
ကားေအာက္ပိုင္းမွအသံမည္ပါက ဆက္မေမာင္းပါ။
အပိုအလွဆင္မီးမ်ားတပ္ဆင္ျခင္းမႀကိဳက္ပါ
(နဂိုကမွ ကားတစ္စီးလုံးကအပ္ဝင္ျပီးသားပါ)
ကားေမာင္းရင္း အိပ္ငိုက္တဲ႔အခါမွာ ေရာက္ရာေနရာမွာေဘးကပ္ရပ္ျပီးအိပ္ပါတယ္။
(ဆက္ေမာင္းပါက ကိုယ့္သြားမယ့္ေနရာထိ မေရာက္မွာစိုးလို႔ပါ)
မူးယစ္ေစတတ္ေသာအရာမ်ား တစ္ခုမွမသုံးစြဲပါ
(လူေကာင္းအတြက္ပင္ အႏၲရာယ္ႀကီးလြန္းေနတာ မူးေနပါကမေတြးရဲပါ)
အခ်ိန္လုသြားရေသာခရီးကို မေမာင္းပါ
ေဒါသထြက္ေနခ်ိန္မေမာင္းပါ
စိတ္ညစ္ေနခ်ိန္မေမာင္းပါ
ေနမေကာင္းခ်ိန္မေမာင္းပါ
ကမာၻေပၚမွာ
စစ္ပြဲေတြေႀကာင့္ေသဆုံးသူထက္
ကပ္ေရာဂါေႀကာင့္ေသဆုံးသူထက္
ယာဥ္မေတာ္တဆမႈ႕ေႀကာင့္ ေသဆုံးဒုကၡေရာက္သူပိုမ်ားတာကိုမေမ႔ႀကပါနဲ႔။
ဘယ္ေလာက္သတိထားပါတယ္ေျပာေျပာ
ကားနဲ႔ပတ္သက္ျပီးဒုကၡေရာက္ဖို႔က အလြန္လြယ္ကူပါတယ္။
သူငယ္ခ်င္းမ်ားအေနျဖင့္
ကားေမာင္းတဲ႔အခါျဖစ္ျဖစ္
ကားစီးတဲ႔အခါျဖစ္ျဖစ္
လမ္းကူးတဲ႔အခါျဖစ္ျဖစ္
လမ္းေဘးရပ္ေနတဲ႔အခါျဖစ္ျဖစ္
မေပါ့ဆႀကဖို႔
အႀကံျပဳတင္ျပျခင္းသာ
ျဖစ္ပါတယ္
Credit khin Mg Than

Unicode

1998လောက်က ၆ဘီးကုန်ကားနဲ့ ခေါင်းခန်းကနေလမ်းကြုံလိုက်တာ
ပျဉ်းမနားတောင်ကြားလမ်းအဆင်းမှာ ဒရိုင်ဘာက လှမ်းပြောတယ်
ကောင်လေးရေသေချာသာကိုင်ထား မင်းအောက်ကဘီးမရှိတော့ဘူးတဲ့။
အဲ့တော့မှ ခေါင်းပြုပြီးထွက်ကြည့်လိုက်တော့ ဘယ်ဘက်ရှေ့ဘီးမရှိတော့ဘူး။
အဆင်းမှာဘယ်ဘက်ရှေ့ဘီးကျွတ်ထွတ်သွားတာ ဘီးကျွတ်သွားသွားခြင်းကားက
တည့်တည့်ပဲ ၁၅စက္ကန့်လောက်နေမှ တဖြေးဖြေးစောင်းသွားပြီး ဟတ်ဒရမ်နဲ့ကားလမ်းပွတ်ပြီး ဆွဲသွားတာ ဓာတ်တိုင်သုံးတိုင်စာလောက်ရှိမှ ကားရပ်သွားတယ် ။ကားမရပ်ခင်ထဲက လမ်းဘေးထမင်းဆိုင်တွေကလူတွေက ရေပုံးတွေကိုင်ပြီးစောင့်နေကြတာ ကားလည်းရပ်ရော ၂ဘက်ညပ်ပြီးရေဝိုင်းလောင်းကြတယ်။
ဒရမ်နဲ့လမ်းပွတ်ပြီးမီးတောက်နေတာ သူတို့ကလှမ်းမြင်တာကိုး။
ကားဘီးကျွတ်သွားတာကိုသိပြီးနောက် ဒရိုင်ဘာရဲ့တုန့်ပြန်မှု့ အေးဆေးတည်ငြိမ်တာက အခုထိမျက်လုံးထဲကမထွက်ဘူး။
ကိုယ့်ကိုတောင်စကားလှမ်းပြောသေးတယ်။ ဒီအချိန် ဘရိတ်နင်းလိုက်ရင် ကားမှောက်သွားမှာတဲ့။
နောက်မှာလည်း ကုန်တွေကပါတယ် မှောက်ချင်စရာ။
အရေးအကြောင်းဆို ဒရိုင်ဘာတစ်ယောက်ရဲ့အတွေ့အကြုံဟာ အရမ်းအရေကြီးတယ်။
1997တုန်းက
ကားလေးနဲ့ တယောက်ထဲမောင်းလာတုန်း
သင်္ကန်းကျွန်း ပြည်ထောင်စုတံတားကနေ ငမိုးရိပ်ဘက်ကိုအဆင်းမှာ
ကလပ်နင်းလိုက်တုန်းကားစက်သေသွားတယ်
သော့နဲ့ပြန်မနှိုးတော့ပဲ နံပတ်၃ဂီယာထည့်ပြီး ပြန်နှိုးကာဆက်မောင်းလိုက်တယ်
အဲ့အချိန်မှာ ကားရှေ့ဘောနက်ကနေမီးခိုးတွေထွက်လာတာနဲ့
လမ်းဘေးအမြန်ထိုးရပ်စက်သတ်ပြီး ဘောနက်အမြန်ဖွင့်
ပလယာကိုင်ပြီးဆင်းသွားတော့ ဝါယာကြိုးအသေးတွေမီးလောင်နေပြီ
လက်ထဲကပလာယာနဲ့ ဘထ္ထရီငုတ်တစ်ခုကို ဆွဲဖြုတ်လိုက်မှ
မီးကသေသွားတယ်။
ကားပေါ်ကဆင်းဆင်းခြင်း ပလယာကိုင်သွားမိတာမှန်သွားတယ်။နိမို့ဆို ဆီကိုမီးကူးပြီးမှဆို ကားလည်းကုန် ကိုယ်လည်းအချုပ်ထဲအိပ်ခဲ့ရမှာ။
ကားမောင်းသက်အနှစ်၂၀ကျော်အတွင်းမှာ
မတော်တဆမှု့ဖြစ်လုနီးပါး အခြေအနေတွေအများကြီးကြုံခဲ့ဖူးပါတယ်။
၂ခါပဲတိုက်မိဖူးပါတယ်။အဲ့၂ခါကလည်း ဘရိတ်မိတိုက် အရှိန်မပါလို့အသေးအဖွဲပဲဖြစ်ခဲ့ပါတယ်။
အရင်တပတ်ကတင် ညဘက်ကီလို၈၀နှုန်းလောက်မောင်းနေချိန်မှာ တဖက်ကမီးရောင်ကြောင့် ကိုယ့်ရှေ့တည့်တည့်က မီးပိတ်ပြီးလမ်းပေါ်တက်ရပ်ထားတဲ့အထုတ်အပိုးတွေနဲ့ဆိုင်ကယ်နဲ့လူကို လုံးဝမတွေ့ရပဲ
ဘွားကနဲတွေ့လိုက်ချိန်မှာ ဘရိတ်မနိင်တဲ့အခြေအနေကြောင့် ညာဘက်လမ်းဘေးထိုးဆင်းရမလား ဘယ်ဘက်ကားလာနေတဲ့ဘက်ရှောင်ရမလား
တည့်တည့်ပဲတိုက်ရမလား ရုတ်တရက် စက္ကန့်ပိုင်းအတွင်းဖြစ်ပေါ်လာတဲ့အခြေအနေမှာ
ဘယ်ဘက်ကို အနည်းငယ်ပဲဆွဲပြီး လွတ်တယ်ဆိုယုံလေးကပ်ရှောင်ခဲ့လို့သာ
မတော်တဆအဖြစ်ကဝေးခဲ့ရတာပါ။
ကျွန်တော်ကားမောင်းရမှာကြောက်ပါတယ်။
အချိန်မရွှေးထောင်ထဲရောက်နိင်သလို
အခိန်မရွှေးဒုက္ခိတဖြစ်နိင်ပြီး
အချ်န်မရွှေးသေဆုံးနိင်ပါတယ်။
ဒါကြောင့်အတွေ့အကြုံများသော်လည်း
ပေါ့ဆစွာမမောင်းရဲပါ။
နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ သတိအပြည့်ထားပြီးမှသာ
မောင်းနှင်ပါတယ်။
ဟိုင်းဝေးဆိုပါက သတိပိုထားပါတယ်။
အရှိန်များသည့်အတွက် မတော်တဆမှု့ဖြစ်နိင်ခြေပိုများပြီး
အရှိန်ကြောင့် ကားကိုထိန်းသိမ်းရတာလည်းပိုခက်ပါတယ်။
ယာဉ်မတော်တဆမှု့တစ်ခုဖြစ်ဖို့ဟာ
စက္ကန့်ပိုင်းလေးနဲ့တင်လုံလောက်ပါတယ်။
ကားမောင်းတဲ့အခါမှာ
သီချင်းကြိုက်သော်လည်း သီချင်း ရေဒီယိုလုံးဝမဖွင့်ပါ
(ကား၏အသံပြောင်းသွားမှု့ကိုမသိမှစိုးလို့ပါ)
အအေးကြိုက်သော်လည်းAircon သိပ်မဖွင့်ပါ
(မှန်လုံသွားခြင်းကြောင့် ကားအမြန်နှုန်းကိုမသိသာသလို အိပ်ငိုက်တတ်လို့ပါ)
Airconဖွင့်ထားပါက ကားအတွင်းအေးသော်လည်း ကားအပြင်တွင်မတရားပူသောကြောင့်
စိုးရိမ်ပါတယ်
ခါးပတ်ပတ်ပါတယ်
(ဟိုးအရင်ထဲကခါးပတ်ပတ်လို့ ငကြောင်လို့ခဏခဏအပြောခံဖူးပါတယ်။)
ကားမထွက်ခင် တာယာကောင်းမကောင်းကြည့်တတ်ပြီး ကားအောက်ငုံကြည့်လေ့ရှိပါတယ်။
(ဆီယိုစိမ့်ပြီး လူမနီးသူမနီးကားပျက်မှာစိုးလို့ပါ)
ကားအောက်ပိုင်းမှအသံမည်ပါက ဆက်မမောင်းပါ။
အပိုအလှဆင်မီးများတပ်ဆင်ခြင်းမကြိုက်ပါ
(နဂိုကမှ ကားတစ်စီးလုံးကအပ်ဝင်ပြီးသားပါ)
ကားမောင်းရင်း အိပ်ငိုက်တဲ့အခါမှာ ရောက်ရာနေရာမှာဘေးကပ်ရပ်ပြီးအိပ်ပါတယ်။
(ဆက်မောင်းပါက ကိုယ့်သွားမယ့်နေရာထိ မရောက်မှာစိုးလို့ပါ)
မူးယစ်စေတတ်သောအရာများ တစ်ခုမှမသုံးစွဲပါ
(လူကောင်းအတွက်ပင် အန္တရာယ်ကြီးလွန်းနေတာ မူးနေပါကမတွေးရဲပါ)
အချိန်လုသွားရသောခရီးကို မမောင်းပါ
ဒေါသထွက်နေချိန်မမောင်းပါ
စိတ်ညစ်နေချိန်မမောင်းပါ
နေမကောင်းချိန်မမောင်းပါ
ကမ္ဘာပေါ်မှာ
စစ်ပွဲတွေကြောင့်သေဆုံးသူထက်
ကပ်ရောဂါကြောင့်သေဆုံးသူထက်
ယာဉ်မတော်တဆမှု့ကြောင့် သေဆုံးဒုက္ခရောက်သူပိုများတာကိုမမေ့ကြပါနဲ့။
ဘယ်လောက်သတိထားပါတယ်ပြောပြော
ကားနဲ့ပတ်သက်ပြီးဒုက္ခရောက်ဖို့က အလွန်လွယ်ကူပါတယ်။
သူငယ်ချင်းများအနေဖြင့်
ကားမောင်းတဲ့အခါဖြစ်ဖြစ်
ကားစီးတဲ့အခါဖြစ်ဖြစ်
လမ်းကူးတဲ့အခါဖြစ်ဖြစ်
လမ်းဘေးရပ်နေတဲ့အခါဖြစ်ဖြစ်
မပေါ့ဆကြဖို့
အကြံပြုတင်ပြခြင်းသာ
ဖြစ်ပါတယ်

Credit khin Mg Than
Loading...