Breaking News

လုပ်ကြံသူဟာ ဘုရားခိုးမှုနဲ့ ထောင်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ခဲ့သူဖြစ်


Loading...
လုပ်ကြံသူဟာ ဘုရားခိုးမှုနဲ့ ထောင်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ခဲ့သူဖြစ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကိုသေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ ၂၀၁၄ ခုနှစ်က လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ အိုးဘိုထောင်ကနေ
လွတ်လာတဲ့သူတစ်ဦးဖြစ်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးကသိရပါတယ်။
” ဘုရားခိုးမှု့နဲ့ ထောင်ကျတယ်။ မုံရွာကနေ ဘုရားတွေခိုးပြီးသယ်တယ်။ ရန်ကုန်မှာဖမ်းမိတယ်ပေါ့။ ထောင်ထဲမှာ ၁၁ နှစ်လောက်နေခဲ့ရပြီးနှစ်မစေ့ခင် လွတ်ငြိမ်းချမ်းသားခွင့်နဲ့လွှတ်လာတာ” လို့ မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်ကပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ မန္တလေးမှတ်ပုံတင်ကိုင်ဆောင်ထားတယ်လို့ ရန်ကုန်တိုင်းအစိုးရထုတ်ပြန်ထားပေမဲ့ မှတ်ပုံတင်ပါ လိပ်စာကိုသွားရောက်ရှာဖွေရာမှာ
အဆက်စပ်မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ ဘုရားခိုးမှု့နဲ့ ထောင် (၂၇) နှစ်ကျဘူးခဲ့သူဖြစ်ပြီး လွှတ်ငြိမ်းချမ်းသာခွင့် ကြောင့် ၁၁ နှစ်သာပြစ်ဒဏ်ခံပြီး ထောင်ကလွတ်လာခဲ့သူဖြစ်ပါတယ်။
ခေမဏီ
kumudranews
Loading...