ဝက်သတ်သမား ဒကာ မောင်စိန်



_________________________________________________________

ဒကာ မောင်စိန်ဟာ ဝက်သတ်ပြီး
အသက်မွေးတယ် တစ်နေ့တော့ သူ့ဒကာမကြီးက
စဉ်းစားတယ် သူ့ယောက်ျားဟာ ဝက်သတ်ပြီး
အသက်မွေးလာတာ အသက်တွေလည်း ကြီးလာပြီ

ဒီတိုင်းသာ သေရင် မြေကြီးလက်ခတ်ရင်သာ လွဲမယ်, ငါ့ယောက်ျားတော့ ငရဲကျမှာ သေချာနေပြီ
အဲဒီအချိန် သဲအင်းဂူဆရာတော်ဘုရားကြီးလည်း
ပေါ်ထွန်းနေတော့ ဆရာတော်ကြီးဆီမှာ
အပါယ်လေးဘုံ လွတ်တဲ့တရား သွားတောင်းမှပဲ
ဆိုပြီး ဆရာတော်ကြီးဆီ လင်မယားနှစ်ယောက်
ရောက်လာတယ် ..

တရားထိုင်ခိုင်းတဲ့အခါကျတော့ မောင်စိန်ဟာ
နာရီဝက်လောက်လည်း ရှိရော တခါတည်း
ဝေဒနာတွေ တက်လာတယ်
ဝေဒနာတွေက ပြင်းတာကိုး, တစ်ကိုယ်လုံး ဓားတွေ လှံတွေ အထိုးခံရသလိုပဲတဲ့, ဝက်တွေ ထိုးခဲ့တာကိုးဆရာတော်ကြီးက ဝဋ်ကြွေးတွေ, သံသရာမှာသွားမဆပ်နဲ့ , ခန္ဓာနဲ့ဆပ်, ဒီတရားနဲ့ ဆပ်တဲ့ ..

မောင်စိန် နာလွန်းလို့ အသံပါထွက်လာတယ်
အဲဒီအသံကလည်း ဝက်တွေ သေခါနီး
ကြောက်လန့်တကြား အော်တဲ့အသံမျိုး,
အီ အီ အီဆိုပြီးတော့ ..

ဆရာတော်က မပြင်ခိုင်းဘူး
အီ အီလို့ မအော်နဲ့, စိတ်ပြောင်းပေးတာ,
ဖောက်ပြန်နေတယ်, ရုပ်တရားတွေဟာ အချိန်တိုင်း
ဖောက်ပြန်နေတယ်, အီအီလို့ မအော်နဲ့,
နာမ်တရားက သွားခံစားတာ, ခံစားပြီး
ပျက်သွားတာပဲ, ခံစားပျက် ခံစားပျက်
အီအီလို့ မအော်နဲ့ ဝဋ်ကြွေးတွေ ဝဋ်ကြွေးတွေ
ဘယ်သူမှ မလုပ်ခဲ့ဘူး, ကိုယ်လုပ်ခဲ့တာ,
ဝဋ်ကြွေးတွေ ခန္ဓာနဲ့ရင်းပြီး ဒီဥာဏ်နဲ့ ဆပ် ..

အီအီလို့ မအော်နဲ့, မောင်စိန်အလကားကောင်
ဒီဝေဒနာတွေ ဖြစ်နေတယ်, မောင်စိန်ဘာမှ
လုပ်ပေးလို့မရဘူး, ငါမရှိဘူး ဝဋ်ကြွေးတွေ,
ငါမပိုင်ဘူး ဖောက်ပြန်နေတာ, ငါနဲ့ဘာမှ
မပက်သက်ဘူး အကြောင်းအကျိုးတွေ
ငါ့ပစ္စည်း မဟုတ်ဘူး ခံစားပြီးပျက်နေတာ

မောင်စိန်ကို တခါတည်း 3 ရက်တိတိ
တရားထိုင်ခိုင်းပါတယ် မောင်စိန် အိမ်ပြန်သွားတယ်

မဂ်ကျတယ် ဖိုလ်ကျတယ်ဆိုတာစိတ်ကလေးပြောင်းသွားတာပဲ
ငါရှိတဲ့ စိတ်ကနေ ငါမရှိဘူး,ဒီစိတ်ပြောင်းသွားတာပဲ
ငါ့ခြေ ငါ့လက် ငါ့ခေါင်း
ငါပိုင်ဆိုင်တဲ့ စိတ်ထဲ ငါမရှိဘူး ငါမပိုင်ဘူး
ဒီစိတ်ကလေး ပြောင်းသွားတာပဲ ..
ဒါကိုသိတော့ မောင်စိန်ဟာ သူ့အိမ်မှာ ဘာမြင်မြင်
ဘာကြားကြား ဒါပဲကျက်တော့တာပဲ ငါမရှိဘူး,
အချိန်တိုင်း ဖောက်ပြန်နေတာပဲ, အချိန်တိုင်း
ပျက်စီးနေတာပဲ, အချိန်တိုင်း ဓာတ်ကြီးလေးပါးပဲ
အချိန်တိုင်း အကြောင်းအကျိုးပဲ, မောင်စိန် ဒါပဲကျက်နေတယ်, သူသိတာက ဒီစိတ်ပြောင်းသွားရင် အပါယ်လေးပါးလွတ်မယ်
ငါမခံရတော့ဘူး ..

ဝမ်းသာတဲ့စိတ်လည်း ခေါ်ကျက်မှာပဲ, ဝမ်းနည်းတဲ့စိတ်လည်း ခေါ်ကျက်မှာပဲ, ဝေဒနာတွေပေါ်လည်း ခေါ်ကျက်မှာပဲ ဖောက်ပြန်တဲ့တရားမှာလည်း
ငါမပါဘူး, ခံစားတဲ့တရားမှာလည်း ငါမပါဘူး,
အဲဒီငါမရှိတဲ့တရားကို သေတဲ့အထိ ကျက်သွားတယ် ..

သူသေသွားပြီ, သူ့ဒကာမကြီးက ဤသည့်စားဖွယ်
အမယ်မယ်နဲ့ ဆရာတော်ကြီးဆီ သက်ပျောက်ဆွမ်း
လာကပ်တယ် ..
ဆရာတော်ကြီးက ပြုံးပြီး
ဘယ်သူ့အတွက်လဲတဲ့, ဒကာမောင်စိန်အတွက်ပါ
ဘုရား, သူ့ကိုရည်စူးပြီးတော့ ဆရာတော်ဘုရားဆီ
သက်ပျောက်ဆွမ်း လာကပ်တာ, ဆရာတော်ကြီးက
ဘာပြောလဲဆိုတော့ မောင်စိန်အတွက်ဆို
မကပ်နဲ့တော့ , မောင်စိန် နတ်ပြည်သွားပြီ,
နင်တို့ ကုသိုလ်ယူချင်ရင်တော့ ကပ်သွားတဲ့ ..

ဒကာမကြီးက ပျော်တာပေါ့, သူ့ယောက်ျား
အပါယ်လေးဘုံက လွတ်သွားပြီ
ငါမရှိတဲ့စိတ်က အပါယ်လေးဘုံ သွားမယ့်ကံကို
ဖျက်ဆီးပစ်လိုက်တယ် ..

မေးစရာရှိတာက ဝက်တွေနေ့တိုင်း သတ်တဲ့ပုဂ္ဂိုလ်,
အကောင်ပေါင်းများစွာ သတ်တဲ့ပုဂ္ဂိုလ်
သောတာပန်ဖြစ်ပါမလား
အဲတော့ မောင်စိန်ထက်ဆိုးတဲ့
နောက်တစ်ယောက် ရှိသေးတယ် အဂုင်္လိမာလကြီး,
လူတွေသတ်လိုက်တာ, မောင်စိန်ရော အင်္ဂုလိမာလကြီးရော
လွတ်တာက ကံကြီးငါးပါး မထိုက်ခဲ့ဘူး ..
ဘုရားသွေးစိမ်းတည်အောင် မလုပ်ခဲ့ဘူး,
သံဃာသင်းမခွဲခဲ့ဘူး, အမိ အဖ မသတ်ခဲ့ဘူး,
သောတာပန်စတဲ့ အရိယာတွေကို မသတ်ခဲ့ဘူး
အဲဒီကံကြီးငါးပါး မထိုက်တဲ့ ပုဂ္ဂိုလ်ဟာ မောင်စိန်လိုပဲ
ငါမရှိဘူးဆိုတဲ့ စိတ်ကို ပိုင်ဆိုင်ခွင့်ရှိပါတယ်
ငါမရှိတဲ့ တရားရဲ့ တန်ခိုးဟာ နတ်ပြည်သွားတာပဲ ..

ဘာနဲ့ နှိုင်းပြလည်းဆိုတော့
အလွန်တရာ ကြီးမားတဲ့ ရေကန်ကြီး
တစ်ခုရှိတယ်, အင်းလေးကန်ထက်
အဆပေါင်းများစွာ ကြီးတဲ့ရေကန်ကြီးပေါ့
အဲဒီကန်ကြီးထဲကို နှီးဖျားလေး ထိုးစိုက်ပြီး
ပြန်ထုတ်လိုက်တယ် နှီးဖျားလေးမှာ ရေလေး
ကပ်နေတယ်
ဒီရေစက်လေးဟာ အလွန်တရာ
ကြီးမားတဲ့ ရေကန်ကြီးနဲ့ စာရင် မရှိသလောက်
နှိုင်းယှဉ်စရာမဟုတ်တဲ့ ရေလေးပါ ..
ဆိုလိုတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ငါပိုင်ဆိုင်
နေတဲ့ စိတ်ကို ရရှိထားတဲ့ ဒုက္ခဟာ
အလွန်တရာကြီးမားတဲ့ ရေကန်လောက်ရှိတယ်
မောင်စိန်ကဲ့သို့ ငါမရှိတဲ့စိတ်ကို ပိုင်ဆိုင်ထားသူရဲ့
ဒုက္ခဟာ နှီးဖျားမှာ ကပ်နေတဲ့ ရေလောက်ပဲ
ရှိတယ်
ပုထုဇဉ်တွေရဲ့ ဒုက္ခမရှိတော့ဘူး
ရဟန္တာတွေလို သန္တိသုခ မဟုတ်သေးဘူး,
ကာမသုခပဲ ရသေးတဲ့ ဒုက္ခပါ ..

ဆရာတော်ကြီးက ထပ်ပြီးရှင်းတယ်
သောတာပန်များဟာ လူ့ပြည်နတ်ပြည်
ခုနစ်ဘဝလောက်ပဲ ရှိတော့တယ်
ဆရာတော်ကြီးက အရောဆိုတာကို လက်မခံဘူး
လူ့ပြည်က နတ်ပြည်သွားလိုက်, နတ်ပြည်က
လူ့ပြည်လာလိုက် , ဒါကိုအရောခေါ်တယ် ..
ဆရာတော်ကြီးက ဘာပြောလဲဆိုတော့
အရောမဟုတ်ဘူး, ဆီဈေး ဆန်ဈေးတက်သလို
သောတာပန်လည်း ဈေးတက်တယ်တဲ့ ..

အဲဒီပုဂ္ဂိုလ်ဟာ ကာယအပေါ်မှာ,
ဝေဒနာအပေါ်မှာ, စိတ္တအပေါ်မှာ , ဓမ္မအပေါ်မှာ
အချိန်တိုင်း ငါမရှိဘူး, ရှင်းနေတယ်,
ရုပ်ပေါ်မှာလည်း ရှင်းနေတယ်, နာမ်ပေါ်မှာလည်း
ရှင်းနေတယ်, မကျေနပ်တာတွေ, အထင်လွဲတာတွေလွမ်းတာတွေ ဆွေးတာတွေ မုန်းတာတွေပေါ်မှာလည်း ငါမရှိဘူး, အချိန်တိုင်း ခံစားပြီးပျက်နေတာပဲ, တားမရဘူး,
အကြောင်းအကျိုးတွေ, ငါမပိုင်ဘူး,ဝဋ်ကြွေးတွေပဲ
ဝေဒနာပေါ်မှာလည်း ဒီတိုင်းပဲ, ဓမ္မပေါ်မှာလည်း ဒီတိုင်းပဲ ..

ငါမရှိဘူးဆိုတဲ့ တရားဟာ သူပိုင်ပစ္စည်း
ဖြစ်နေပြီ, ဘယ်သူ့ကြည့်ကြည့် ငါမရှိဘူး,
အဲဒီပုဂ္ဂိုလ်ဟာ လူ့ပြည်မှာနေတဲ့အချိန် တစ်ဘဝ,
နတ်ပြည်မှာ 6 ဘဝ, ပေါင်း 7 ဘဝပဲနေတော့မယ်
မောင်စိန်မရှိတော့တာ မဟုတ်ဘူး, မောင်စိန်
ဈေးတက်သွားတယ် ..
မောင်စိန်ဟာ ဝက်ထိုးတဲ့ကံကြောင့်
အပါယ်ဲသွားမယ့်ကံရယ်, လူ့ပြည်ကံရယ်
မရှိတော့ဘူး, လူရဲ့ ပဋိသန္ဓေဆီ မလာတော့ဘူး ..

ဒါန သီလဆိုတဲ့ ကံသမားတွေ ရှိတယ်
ဒါန သီလသမားတွေလည်း နတ်ပြည်သွားတယ်
နတ်တို့ရဲ့ ကာမဂုဏ်ခံစာြး့ပီး ဟိုမှာမေ့သွားပြီ,
ဆက်ပြီး အားထုတ်မှာ မဟုတ်ဘူး ..

လူ့ပြည် ပြန်လာကြဦးမယ်, သူတို့က အရောသမား
တွေ, ကံသမားတွေက အရောသမားတွေ,
မောင်စိန်က ဥာဏ်သမား, မောင်စိန်က
မရောတော့ဘူး, သေခါနီးဝေဒနာနဲ့
ရင်ဆိုင်ရတဲ့အခါ ဒီတရားကပဲ ကျော်သွားတာ,
ဒီဥာဏ်ကသာလျှင် ကျော်သွားတာပဲ …

မှော်ဘီ(သဲအင်းဂူ)ကျောင်းဆရာတော် ဦးပုညသေဋ္ဌ
searchmyanmar
Loading...