မ​ကွေး၊ ကံပြားလမ်းတွင်​ ယာဉ်​တိမ်း​မှောက်​ လူ ၁၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရ

_________________________________________________________








ဇန်န၀ါရီလ ၉ ရက် ညနေ ၄း၃၀ ခန့်ကမကွေး -ကံပြားလမ်း မိုင်တိုင် ၉မိုင် ၆ဖာလုံ အဆင်းလမ်း တွင် ဝါးတင်ဆောင်လာသည့် ကားတစ်စီးလမ်းဘေးချောက်ထဲထိုးကျခဲ့၍ ကားပေါ်တွင်လိုက်ပါလာသူ ၁၃ ဦးသေဆုံးသွားကြောင်းနေပြည်တော်ရှိ AHN သတင်းထောက်ကယနေ့နံနက်ပိုင်းတွင်သတင်းပေးပို့သည်။

"တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ကားပေါ်မှာ လူ ၃၂ ဦးလိုက်ပါလာတယ်လို့သိရပါတယ်။ ၁၃ ဦးကသေဆုံးသွားပြီးကျန်၁၉ ဦးကတော့ဒဏ်ရာရပါတယ်။

 ဒဏ်ရာရတဲ့သူတွေထဲက၁၈ ဦးက အခုနေပြည်တော်ကုတင်တစ်ထောင်ဆန့်ဆေးရုံမှာဆေးကုသမှုခံ
ယူနေပါတယ်။အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး၊ တာဝန်ရှိသူတွေကိုမေးနေပါတယ်။ အခုနေပြည်တော်ကုတင် ၁၀၀၀ ဆန့်ဆေးရုံကနေသတင်းပေးပို့နေတာပါ " ဟု AHN သတင်းထောက်ကယနေ့မနက် ၁၀း၃၀ တွင်ပြောသည်။

နွယ်လေး ( AHN - NPT )
PHOTO - NL ( AHN )
The Asia Heart News
Loading...