Breaking News


စစ္ေတြတြင္ ဆရာ၀န္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုး


Loading...
                                          စစ္ေတြတြင္ ဆရာ၀န္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုး

စံေမာင္သန္း၊ စစ္ေတြ
နိရဥၥရာ၊ ဇန္န၀ါရီ ၂၉
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ မိဇံရပ္ကြက္တြင္ ဇန္န၀ါရီလ ၂၈ ရက္ေန႔ နံနက္က ဆရာ၀န္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုးခဲ့သည္ဟု သတင္းရရွိသည္။
ေသဆံုးသူမွာ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းတိုက္နယ္မွ လက္ေထာက္ဆရာ၀န္ ေဒါက္တာ ေအာင္ျမင့္ကို (ခ) ေဒါက္တာ ေအာင္ျမတ္ကို အသက္ ၂၉ ႏွစ္ (ဘ) ဦးေမာင္ထြန္းသိန္း ျဖစ္သည္ဟု စစ္ေတြ ၿမိဳ႕မ ရဲစခန္း ရဲမွတ္တမ္းအရ သိရသည္။
“၂၈ ရက္ေန႔ နံနက္က ရန္ကုန္မွာေနတဲ့ သူ႔အေမ ေဒၚလွလွျမင့္က သူ႔သားဆီ ဖုန္းဆက္တဲ့အခါ ဖုန္းမကိုင္တဲ့အတြက္ သူ႔သား ေဒါက္တာေအာင္ျမင့္ကို ငွားေနတဲ့ အိမ္ရွင္ျဖစ္တဲ့ ဦးျမင့္ေမာင္ကို ဖုန္းဆက္ အေၾကာင္းၾကားတယ္လို႔ သိရပါတယ္။ သူ႔သားဟာ တဇြတ္ထိုး လုပ္တဲ့တယ္လို႔ ေျပာျပတဲ့အတြက္ အိမ္ပိုင္ရွင္ ဦးျမင့္ေမာင္က သူေနတဲ့ တိုက္ရဲ႕ ၄ ထပ္ကို သြားၾကည့္တဲ့အခါ တံခါးပိတ္ထားတာကို ေတြ႕ရတဲ့အတြက္ အဲ့ဒီကိစၥကို အိမ္ပိုင္ရွင္နဲ႔ ေဒါက္တာေဇာ္ေဇာ္ထြန္းတို႔ ရဲစခန္းကို အေၾကာင္းၾကားလာခဲ့ပါတယ္”ဟု တာ၀န္က် ရဲအရာရွိက နိရဥၥရာ သတင္းဌာနသို႔ ေျပာၾကားသည္။
ယင္းသို႔ တိုင္ၾကားလာသည့္အတြက္ တာ၀န္မွဴး ဒုရဲအုပ္ေဇာ္မင္းေအာင္ လိုက္ပါသြားၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္မင္း၊ အိမ္ပိုင္ရွင္ ဦးျမင့္ေမာင္ႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ား အခန္းကို သြားၾကည့္ရာ တံခါးပိတ္ထားသည္ကို ေတြ႕ရၿပီး ဖြင့္၍မရသျဖင့္ သံတူရြင္းျဖင့္ တံခါးကို ကေလာ္၍ ၀င္ၾကည့္ရာ ႀကိဳးဆြဲခ်က္ ေသဆံုးေနသည္ကို ေတြ႕ရွိရသည္ဟု ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။
ယင္းေသဆံုးမွဴးႏွင့္ပတ္သက္၍ တာ၀န္မွဴး ဒုရဲအုပ္ေဇာ္မင္းေအာင္က တရားလိုလုပ္၍ အမွတ္ ၁ ရဲစခန္းတြင္ ေသမႈေသခင္း ၁/၂၀၁၇ ျဖင့္ ဇန္န၀ါရီလ ၂၈ ရက္ေန႔ ညေန ၈ နာရီ ၅ မိနစ္တြင္ အမႈဖြင့္ထားၿပီး ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး ရန္ႏိုင္လတ္က အမႈကို လက္ခံစစ္ေဆးေနသည္ဟု သိရွိရသည္။
Narinjara

စစ်တွေတွင် ဆရာဝန်တစ်ဦး ကြိုးဆွဲချ သေဆုံး
စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်က ဆရာဝန်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်မှ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်မြင့်ကို (ခ) ဒေါက်တာ အောင်မြတ်ကို အသက် ၂၉ နှစ် (ဘ) ဦးမောင်ထွန်းသိန်း ဖြစ်သည်ဟု စစ်တွေ မြို့မ ရဲစခန်း ရဲမှတ်တမ်းအရ သိရသည်။
“၂၈ ရက်နေ့ နံနက်က ရန်ကုန်မှာနေတဲ့ သူ့အမေ ဒေါ်လှလှမြင့်က သူ့သားဆီ ဖုန်းဆက်တဲ့အခါ ဖုန်းမကိုင်တဲ့အတွက် သူ့သား ဒေါက်တာအောင်မြင့်ကို ငှားနေတဲ့ အိမ်ရှင်ဖြစ်တဲ့ ဦးမြင့်မောင်ကို ဖုန်းဆက် အကြောင်းကြားတယ်လို့ သိရပါတယ်။ သူ့သားဟာ တဇွတ်ထိုး လုပ်တဲ့တယ်လို့ ပြောပြတဲ့အတွက် အိမ်ပိုင်ရှင် ဦးမြင့်မောင်က သူနေတဲ့ တိုက်ရဲ့ ၄ ထပ်ကို သွားကြည့်တဲ့အခါ တံခါးပိတ်ထားတာကို တွေ့ရတဲ့အတွက် အဲ့ဒီကိစ္စကို အိမ်ပိုင်ရှင်နဲ့ ဒေါက်တာဇော်ဇော်ထွန်းတို့ ရဲစခန်းကို အကြောင်းကြားလာခဲ့ပါတယ်”ဟု တာဝန်ကျ ရဲအရာရှိက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ယင်းသို့ တိုင်ကြားလာသည့်အတွက် တာဝန်မှူး ဒုရဲအုပ်ဇော်မင်းအောင် လိုက်ပါသွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ အိမ်ပိုင်ရှင် ဦးမြင့်မောင်နှင့် ရဲတပ်ဖွဲ့ဝင်များ အခန်းကို သွားကြည့်ရာ တံခါးပိတ်ထားသည်ကို တွေ့ရပြီး ဖွင့်၍မရသဖြင့် သံတူရွင်းဖြင့် တံခါးကို ကလော်၍ ဝင်ကြည့်ရာ ကြိုးဆွဲချက် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။
ယင်းသေဆုံးမှူးနှင့်ပတ်သက်၍ တာဝန်မှူး ဒုရဲအုပ်ဇော်မင်းအောင်က တရားလိုလုပ်၍ အမှတ် ၁ ရဲစခန်းတွင် သေမှုသေခင်း ၁/၂၀၁၇ ဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၈ နာရီ ၅ မိနစ်တွင် အမှုဖွင့်ထားပြီး မြို့မစခန်းမှူး ဒုရဲမှူး ရန်နိုင်လတ်က အမှုကို လက်ခံစစ်ဆေးနေသည်ဟု သိရှိရသည်။
Narinjara
Loading...