MICT နောက်ဘက်ဝင်ပေါက်နားမှာ ရပ်ထားတဲ့ ကားထဲမှာ လူသေအလောင်းတွေ့



_________________________________________________________
သေဆုံးသူကို တွေ့ရှိခဲ့တဲ့ Toyota Wish ကားက နံပါတ်ပြား မတပ်ထားဘူးလို့ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်က MICT နောက်ပေါက် အ၀င်လမ်းပေါ်မှာ လာရပ်ထားတဲ့ Toyota Wish ကားထဲမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက လူတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့ လှိုင်မြို့နယ် ရဲစခန်းကနေ သိရပါတယ်။
“ဒီကားရပ်ထားတာ တွေ့တာကြာပြီ။ ဒီလမ်းထဲမှာက ကားတွေ လာရပ်နေကြဆိုတော့ အမှုမဲ့အမှတ်မဲ့ပဲ။ ကြွက်ပုပ်နံ့လိုလို ဘာလိုလို အနံ့တော့ရတယ်။ သွားနေတာ ဒီနေ့ကျ ရဲတွေလာစစ်တော့မှ လူသေနေတယ်ဆိုတာ သိရတယ်” လို့ အခင်းဖြစ်တဲ့နေရာနားမှာ နေထိုင်တဲ့ ရပ်ကွက်သားတစ်ဦးက ဒီဇင်ဘာလ ၁၃ နေ့လယ်ပိုင်းမှာ ပြောပါတယ်။
သေဆုံးသူကို တွေ့ရှိခဲ့တဲ့ Toyota Wish ကားက နံပါတ်ပြားတပ်ဆင်ထားတာမရှိဘဲ သေဆုံးရတဲ့ အကြောင်းအရင်းကို ဆေးစစ်ပြီးမှပဲ သိနိုင်မယ်လို့ အမှုစစ်ရဲတပ်ဖွဲ့ဝင် တချို့ကပြောခဲ့ပြီး လှိုင်မြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Source : The Ladies
Loading...