Eleven Media ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် တရားရုံးသို့ လူနာတင်ယာဉ်ဖြင့် ရောက်ရှိလာခဲ့


_________________________________________________________

အင်စိန်းအကျဉ်းထောင် ဆေးရုံးတွင် ဆေးကုသမှု ခံယူနေရသော Eleven Media ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲက တာမွေမြို့နယ် တရားရုံးသို့ လူနာတင်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး Wheel Chair ဖြင့် တရားရုံးအတွင်းသို့ ဝင်ရောက်ခဲ့သည်။


နိုဝင်ဘာ ၃၀ ရက်နေ့က ပြုလုပ်သော တရားခွင်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ဒေါက်တာသန်းထွဋ်အောင်၏ အာမခံ လျှောက်ထားမှုကို တာမွေမြို့နယ် တရားသူကြီးက ပယ်ချခဲ့သည်။
ဓာတ်ပုံ - ဇော်မိုးလွင်
Loading...