Breaking News


အမြန်လမ်းတွင် တစ်ရက်တည်း ယာဉ်တိမ်းမှောက်မှု သုံးကြိမ်ဖြစ်ပွား


Loading...


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဒီဇင်ဘာ ၁၉ ရက် တစ်ရက်တည်းတွင် ယာဉ်တိမ်း မှောက်မှု သုံးကြိမ်ဖြစ်ပွားပြီး လိုက်ပါလာသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိ သည်။
ယင်းနေ့နံနက်က မိုင်တိုင် အမှတ် ၁၈၄ မိုင် ၅ ဖာလုံတွင် တို ယိုတာအိမ်စီးယာဉ်တစ်စီး ရန်ကုန်မှ နေပြည်တော်အသွား နံနက် ၉ နာရီခန့်တွင် တိမ်းမှောက်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

အလားတူ ရန်ကုန်မှ နေ ပြည်တော်သို့ ထွက်ခွာလာသည့် ဟိုက်ဂျက်ယာဉ်သည် မိုင်တိုင်အ မှတ် ၆၅ မိုင် ၂ ဖာလုံအကျော်တွင်ဘီးပေါက်ကာ တိမ်းမှောက်ပြီး လူခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ ထို့ပြင် မိုင်တိုင် ၆၈ တွင်လည်း ဟွန်ဒိုင်းစတန်းအိတ်တစ်စီး နံနက် ၇ နာရီခန့်က တိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့၍ ယာဉ်မောင်းများကို သက်ဆိုင်ရာရဲစခန်းများက အမှုဖွင့် စစ်ဆေး နေကြောင်း သိရသည်။
http://www.7daydaily.com/story/83983
Loading...