Breaking News

ထိုင်းကို တရားမ၀င် သွားရောက်တဲ့ မြန်မာလုပ်သားယာဉ် တိမ်းမှောက်ပြီး သုံးဦးသေဆုံး


Loading...

ထိုင်းနိုင်ငံကို တရားမ၀င်သွားရောက်တဲ့မြန်မာလုပ်သား ၁၇ ဦး တင်ဆောင်လာတဲ့ ကားဟာ ထိုင်းနိုင်ငံ ချွန်ဘွန်မြို့မှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သားသုံးဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 
ဒီဇင်ဘာ ၂၇ ရက် မနက်က  ရနောင်းမြို့မှ ချွန်ဘွန်မြို့ကို ထွက်ခွာလာတဲ့ကားဟာ ချွန်ဘွန်မြို့အ၀င်မှာ  တိမ်းမှောက်ခဲ့တာဖြစ်ပြီး ထိုင်းကားသမားလည်းသေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်ကပြောထားပါတယ်။  
ယာဉ်တိမ်းမှောက်မှုမှာ ပါဝင်တဲ့ မြန်မာလုပ်သားတွေဟာ  ချွန်ဘွန်မြို့ရှိ လူကုန်ကူးဂိုဏ်းမှ လူကုန်ကူးခံရသူတွေဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောထားတယ်လို့ သိရပါတယ်။ လူကုန်ကူးခံရတဲ့ သူတွေကို ညဘက်တွေမှာ မောင်းပို့တတ်ကြပြီး မြို့အ၀င်ဂိတ်တွေက စစ်ဆေးရင် အတင်းဖြတ်မောင်းတာတွေ လုပ်ကြကာ  ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်နေတာ ခဏခဏပါပဲလို့  ဦးကျော်သောင်းက ပြောထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source: 7Day Daily
Loading...