စပါးချွေလယ်ထွန်စက်ပန်ကာညပ်၍ လူတစ်ဦးသေဆုံး


_________________________________________________________
ထီးလင်းမြို့နယ်၊ တောင်အင်းကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက်က စပါးချွေနေစဉ် လူတစ်ဦး ဒဏ်ရာရရှိသေဆုံးခဲ့ကြောင်း ဆေးမင်းတောနယ်မြေရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ် ၃၀ မိနစ်အချိန်က ထီးလင်းမြို့နယ်၊ တောင်အင်းရွာတွင် စပါးချွေလယ်ထွန်စက်ပန်ကာညပ်၍ လူတစ်ဦသေဆုံးကြောင်းသတင်းအရ ရေမျက်နီရဲကင်းမှူး ဒုရဲအုပ် ပြည်စုံအောင် သွားရောက်စစ်ဆေးခဲ့သည်။ တောင်အင်းရွာ၏ မြောက်ဘက် တစ် ဖာလုံခန့်အကွာ၌ ဦးစံထွန်းသည် ၎င်းပိုင်လယ်ကွက်တွင် စပါးချွေလယ်ထွန်စက်ဖြင့် ညီအစ်ကိုဝမ်းကွဲများနှင့်အတူ စပါးချွေနေစဉ် ညီဝမ်းကွဲ တော်သူ ဦးနိုင်၊၃၈နှစ်၊ကျောက်စာရေးရွာ၊ထီးလင်းမြို့နယ်နေသူရောက်ရှိလာပြီး ကူညီလုပ်ကိုင်ပေးမည်ပြုစဉ် ဦးနိုင်၏ ဝဲဘက် ဘောင်းဘီစ မှာ စပါးချွေလယ်ထွန်စက်ပန်ကာညပ်၍ ဦးနိုင်တွင် ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အမှုစစ်၏စစ်ဆေးချက်အရသိရသည်။ ယင်းအမျိုးသားသေဆုံးမှုနှင့်ပက်သက်၍ ဒုရဲအုပ် ပြည့်စုံအောင်မှ တရားလိုပြုတိုင်ကြားသဖြင့် ထီးလင်းမြို့နယ်၊ဆေးမင်းတောနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၆ ဖြင့် အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ